ျမန္မာႏွစ္ ၁၃၈၂ ခု အတြက္ ရ ရက္သားသမီး တစ္ႏွစ္စာေဟာစာတန္း(ဗုဒၶဟူးသမီးမ်ား)

ဗုဒၶဟူးသမီးမ်ား

အတိုက္အခံ အခက္အခဲမ်ားၾကားမွ အႀကံအစည္ရည္႐ြယ္ခ်က္မ်ား ေအာင္ျမင္လတၱံ့။ အေပါင္းအသင္းမွားတတ္။ စိတ္လိုက္မာန္ပါ ေျပာဆိုလုပ္ကိုင္ ဆုံးျဖတ္တာေတြသတိျပဳပါ။အဖက္ဖက္တြင္ အလြန္အမင္းလည္းေကာင္းနိုင္သလို၊အလြန္အမင္းလည္းညံ့သြားလတၱံ့။ လူေရာစိတ္ပါ တည္ၿငိမ္စြာျဖင့္ လုပ္ငန္းေဆာင္တာရည္႐ြယ္ခ်က္မ်ားကို ႀကိဳးစားေဆာင္႐ြက္လွ်င္ ေအာင္ျမင္လတၱံ့။လူႀကီးတစ္ေယာက္ႏွင့္အဆင္မေျပျဖစ္တတ္။ ေအာက္လက္ငယ္သား ေ႐ႊ ရတနာအတြက္ စိတ္ညစ္ရတတ္။ ဘာကိုမွ စိတ္တိုင္းမက် အားမရျဖစ္ေနအံ့။ အမ်ားႏွင့္တစ္ေယာက္ အခန႔္မသင့္ျဖစ္အံ့။ စိတ္ပူစရာမ်ား စိတ္အေႏွာက္အယွက္ျဖစ္စရာမ်ား တစ္ခုၿပီးတစ္ခုႀကဳံရအံ့။အလုပ္ေနရာ၊အိမ္ေနရာ၊အေတြးအေခၚအယူအဆ၊ဘဝခံယူခ်က္မ်ား အေျပာင္းအလဲျဖစ္အံ့။ ဆန႔္က်င့္ဘက္လိင္မ်ားထံမွ အကူအညီေကာင္းမ်ားရလတၱံ့။ အလုပ္တိုင္း ေနရာတိုင္းမွာ အတိုက္အခံ အခက္အခဲမ်ား ႀကဳံရတတ္။စိတ္ပင္ပန္း လူပင္ပန္းျဖစ္ရအံ့။

အထူးလိုက္နာရန္။ ။ဘာသာေရးမ်ားမ်ားပိုလုပ္ပါ။ေမတၱာမ်ားမ်ားပို႔ပါ။သည္းခံစိတ္ေမြးပါ။စိတ္လိုက္မာန္ပါ တဇြတ္ထိုး ေျပာဆိုလုပ္ကိုင္ ဆုံးျဖတ္တာေတြကိုေရွာင္က်ဥ္ပါ။

ေငြေရးေၾကးေရး – ေငြေၾကး အခက္အခဲအၾကပ္အတည္းမ်ားမွ လြတ္ေျမာက္ဖို႔ ၊ ေငြေၾကးအႀကံအစည္မ်ားေအာင္ျမင္ဖို႔ အေျခအေနေကာင္း အခြင့္အလမ္းေကာင္း ၊ အဆက္အသြယ္ေကာင္းမ်ား ၊ အကူအညီေကာင္းမ်ားေပၚလာအံ့။ ဆုံးရႈံးမလိုျဖစ္ေနတဲ့ ေငြေၾကးမ်ား ျပန္လည္ရရွိအံ့။ ပ်က္မလိုျဖစ္ေနတဲ့ ေငြေၾကးကိစၥမ်ားေအာင္ျမင္အံ့။ ဆီလိုအေပါက္ရွာၿပီး ေငြဝင္ေနအံ့။ လက္ဖ်ားမွာ ေငြသီးေနအံ့။ ေငြေၾကးကိစၥမ်ား ရဲရဲတင္းတင္းလုပ္ကိုင္ေဆာင္႐ြက္သင့္။

ေငြေရးေၾကးေရး အထူးယၾတာ – ပန္းအဝါ (၅)ပြင့္ကို ပန္းအိုးထိုးၿပီး မိမိႏွင့္ အနီးဆုံးေနရာတြင္ ထားေပးပါ။စီးေနေသာေရအရွင္ထဲတြင္ ငါးအရွင္ (၂၅)ေကာင္ မၾကာခဏေဘးမဲ့လႊတ္ေပးပါ။

ထီထိုးကံစမ္းရန္ – သရက္ယိုဘုရားလႉပါ ၊ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ဒါနလုပ္ပါ ။ ၿပီးလွ်င္ (သ ဟ ၊ ရ ယ လ ၀ ) ပါေသာထီဆိုင္တြင္ (၄) ႏွင့္ (၆) မ်ားမ်ားပါေသာ ထီလက္မွတ္ကိုေ႐ြးထိုးပါ။ ပါးစပ္မွေန တာဗားနိုး ( TAVANO) ႐ြတ္ၿပီးထိုးပါ …။

အခ်စ္ေရး – ခ်စ္သူရွိၿပီးသူမ်ား အိမ္ေထာင္က်တတ္။ အပ်ိဳ၊လူပ်ိဳမ်ား မလြပ္လပ္သူမ်ားႏွင့္ၿငိစြန္းလြယ္တတ္သည့္အတြက္ သတိျပဳသင့္။ အခ်စ္ေရးကံေကာင္းေနေသာ္လည္း ခ်စ္သူ၏ဟန္ေဆာင္ လိမ္ညာ ဖုံးကြယ္ျခင္းကို ခံရတတ္တဲ့အတြက္လည္း သတိထားသင့္။ အခ်စ္ေရးကံေကာင္းေနအံ့ ။ ခ်စ္သူမရွိေသးသူမ်ား ခ်စ္သူအသစ္ရအံ့ ။

အိမ္ေထာင္ေရး – မိမိအိမ္ေထာင္ဖက္၏ အထင္ျမင္လြဲမွားျခင္းကိုခံရတတ္။ ဖုံးကြယ္ဟန္ေဆာင္မႈမ်ား ေရာေထြးေနအံ့ ။ ေဘးပေယာဂမ်ားဝင္လာတတ္။ အိမ္ေထာင္ဘက္၏ ေကာင္းက်ိဳးေပးျခင္းကိုခံရအံ့။ စိတ္ညစ္စရာ အရႈပ္အရွင္းျပႆနာမ်ားႀကဳံရေတြတတ္။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ တနလၤာသားသမီးမ်ား ၊ နာမည္တြင္ က ခ ဂ ဃ င ပါေသာသူမ်ား ေငြ ၊ ၿခံ ၊ ကား ၊ေက်ာက္ ၊ ကုန္သည္ ၊ ကြန္ျပဴတာ ၊ ကင္မရာႏွင့္ပက္သက္သူမ်ား ဝင္ရႈပ္တတ္။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – ႏွစ္ေယာက္ဓါတ္ပုံကိုကို မ်က္ႏွာခ်င္းဆိုင္ကပ္။ ထမင္းေပါင္းအိုးအလြတ္ထဲတြင္ မၾကာခဏထည့္ေပးပါ။

ပညာေရး – ပညာေရးကံ တအားေကာင္းေနအံ့။ မိမိရည္မွန္းထားသည္ထက္ ပိုမိုေအာင္ျမင္အံ့။ ပညာေရးႏွင့္ပက္သက္ၿပီး အကူအညီေကာင္း အဆက္အသြယ္ေကာင္းမ်ား အႀကံေကာင္း ဉာဏ္ေကာင္းမ်ားရအံ့။အေပါင္းအသင္းမွားျဖင္း ၊ ပ်င္းရိၿငီးေငြ႕ျခင္းကိုေတာ့ သတိထားသင့္။

ပညာေရးကံေကာင္းေစရန္ – မနက္ေစာေစာ ကိတ္မုန႔္(၂)ခ်ပ္၊ ပန္းအဝါ(၅)ပြင့္၊ ေသာက္ေတာ္ေရ(၅)ခြက္၊ ဖေယာင္းတိုင္(၅)တိုင္ ဘုရားလႉၿပီး မိမိျဖစ္ခ်င္တာကို ျပတ္ျပတ္သားသား သဲသဲကြဲကြဲ အသံထြက္ဆုေတာင္းပါ။ ခ်ိဳးမယ့္ေရထဲမွာ ပန္းအဝါ(၅)ပြင့္ ထည့္ၿပီးေရးခ်ိဳးရင္းလည္း ဆုေတာင္းပါ။ မိမိအလိုရွိရာမ်ား ျဖစ္ခ်င္တာမ်ားကို အတိအက် အသံထြတ္ၿပီးဆုေတာင္းပါ …။( စာေမးပြဲေျဖ၊ အင္တာဗ်ဴးေျဖ၊ အလုပ္ေလ်ာက္သည့္အခါမ်ားတြင္လည္း ျပဳလုပ္နိုင္ပါသည္)

က်န္းမာေရး – ေျခေထာက္ ၊ ခါး ၊ အာ႐ုံေၾကာ ၊ က်ီးေပါင္း ႏွင့္ ပက္သက္ေသာေရာဂါ ေဝဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

က်န္းမာေရးညံ့လွ်င္ျပဳလုပ္ရမည့္ယၾတာ – ဗုဒၶဟူးေန႕ည …။ ေရသန႔္ဗူးအခြံထဲတြင္ မိမိ၏ ေျခသည္း ၊ လက္သည္း ၊ ဆံပင္ အနည္းငယ္ထည့္ပါ …။ အက်ီအစုတ္ ၊ လုံခ်ည္အစုတ္ထည့္ပါ …။ ဆန္လက္တစ္ဆုပ္ထည့္ပါ …။ အိပ္ယာေဘးမွာ တစ္ညထားအိပ္ပါ …။ေနာက္ေမ့မနက္ စီးေနေသာေရထဲသို႔သြားေမွ်ာလိုက္ပါ …။ မေကာင္းတဲ့အခိုကအညံ့ေတြ ေရာဂါေတြပါသြားပါေစလို႔ဆုေတာင္းပါ …။

ပစၥည္းမ်ား အျမန္ေရာင္းထြက္ေရာင္းေကာင္းရန္ – အျမန္ေရာင္းထြက္ခ်င္တဲ့ ၊ ေရာင္းေကာင္းခ်င္တဲ့ပစၥည္းမ်ားကို ပန္းအျဖဴ(၂)ပြင့္နဲ႕ရိုက္ေပးပါ …။ ပါးစပ္ကေနၿပီးေတာ့လည္း ျပတ္ျပတ္သားသား ဆုေတာင္းပါ …။ ဘယ္ေန႕ ဘယ္ခ်ိန္မဆို ဉာဏ္ရွိသလိုလုပ္ပါ …။

ယၾတာ။ ။မည့္သည့္ေန႕တြင္မဆို မနက္ (၅)နာရီ (၂၀)မိနစ္တိတိတြင္ အျဖဴေရာင္ပန္း(၂)ပြင့္ ၊ ပန္းအဝါ (၅)ပြင့္ ၊ အုန္းသီးပါေသာမုန႔္ (၆)ခု ၊ ေသာက္ေတာ္ေရ (၁)ခြက္ ၊ ဖေယာင္းတိုင္ (၁) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ လႉဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလုံး အခိုက္အညံ့မ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ့။ မိမိအလိုရွိရာမ်ား ျဖစ္ခ်င္တာမ်ားကို အတိအက် အသံထြတ္ၿပီးဆုေတာင္းပါ …။ (အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္နိုင္သည္)

အထူးယၾတာ။ ။ ဗုဒၶဟူးေန႕ညဝတ္အိပ္ထားေသာ အဝတ္ေဟာင္းတစ္စုံကို ေနာက္ေန႕မနက္ေစာ လမ္းတြင္သြားစြန႔္ပါ။ (ငါ့မွာရွိေနတဲ့မေကာင္းတဲ့အခိုက္အညံ့ေတြအားလုံး ပါသြားပါေစလို႔ဆုေတာင္းပါ) (၂)လတစ္ခါလုပ္ပါ။အေၾကာင္းကိစၥေပၚလွ်င္ထပ္လုပ္ပါ။

Unicode

ဗုဒ္ဓဟူးသမီးများ

အတိုက်အခံ အခက်အခဲများကြားမှ အကြံအစည်ရည်ရွယ်ချက်များ အောင်မြင်လတ္တံ့။ အပေါင်းအသင်းမှားတတ်။ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေသတိပြုပါ။ အဖက်ဖက်တွင် အလွန်အမင်းလည်းကောင်းနိုင်သလို၊ အလွန်အမင်းလည်း ညံ့သွားလတ္တံ့။ လူရောစိတ်ပါ တည်ငြိမ်စွာဖြင့် လုပ်ငန်းဆောင်တာရည်ရွယ်ချက်များကို ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။ လူကြီးတစ်ယောက်နှင့်အဆင်မပြေဖြစ်တတ်။ အောက်လက်ငယ်သား ရွှေ ရတနာအတွက် စိတ်ညစ်ရတတ်။ ဘာကိုမှ စိတ်တိုင်းမကျ အားမရဖြစ်နေအံ့။ အများနှင့်တစ်ယောက် အခန့်မသင့်ဖြစ်အံ့။ စိတ်ပူစရာများ စိတ်အနှောက်အယှက်ဖြစ်စရာများ တစ်ခုပြီးတစ်ခုကြုံရအံ့။ အလုပ်နေရာ၊အိမ်နေရာ၊အတွေးအခေါ်အယူအဆ၊ဘဝခံယူချက်များ အပြောင်းအလဲဖြစ်အံ့။ ဆန့်ကျင့်ဘက်လိင်များထံမှ အကူအညီကောင်းများရလတ္တံ့။ အလုပ်တိုင်း နေရာတိုင်းမှာ အတိုက်အခံ အခက်အခဲများ ကြုံရတတ်။စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရအံ့။

အထူးလိုက်နာရန်။ ။ဘာသာရေးများများပိုလုပ်ပါ။မေတ္တာများများပို့ပါ။သည်းခံစိတ်မွေးပါ။စိတ်လိုက်မာန်ပါ တဇွတ်ထိုး ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေကိုရှောင်ကျဉ်ပါ။

ငွေရေးကြေးရေး – ငွေကြေး အခက်အခဲအကြပ်အတည်းများမှ လွတ်မြောက်ဖို့ ၊ ငွေကြေးအကြံအစည်များအောင်မြင်ဖို့ အခြေအနေကောင်း အခွင့်အလမ်းကောင်း ၊ အဆက်အသွယ်ကောင်းများ ၊ အကူအညီကောင်းများပေါ်လာအံ့။ ဆုံးရှုံးမလိုဖြစ်နေတဲ့ ငွေကြေးများ ပြန်လည်ရရှိအံ့။ ပျက်မလိုဖြစ်နေတဲ့ ငွေကြေးကိစ္စများအောင်မြင်အံ့။ ဆီလိုအပေါက်ရှာပြီး ငွေဝင်နေအံ့။ လက်ဖျားမှာ ငွေသီးနေအံ့။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်းလုပ်ကိုင်ဆောင်ရွက်သင့်။

ငွေရေးကြေးရေး အထူးယတြာ – ပန်းအဝါ (၅)ပွင့်ကို ပန်းအိုးထိုးပြီး မိမိနှင့် အနီးဆုံးနေရာတွင် ထားပေးပါ။စီးနေသောရေအရှင်ထဲတွင် ငါးအရှင် (၂၅)ကောင် မကြာခဏဘေးမဲ့လွှတ်ပေးပါ။

ထီထိုးကံစမ်းရန် – သရက်ယိုဘုရားလှူပါ ၊ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ။ ပြီးလျှင် (သ ဟ ၊ ရ ယ လ ၀ ) ပါသောထီဆိုင်တွင် (၄) နှင့် (၆) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။

အချစ်ရေး – ချစ်သူရှိပြီးသူများ အိမ်ထောင်ကျတတ်။ အပျို၊လူပျိုများ မလွပ်လပ်သူများနှင့်ငြိစွန်းလွယ်တတ်သည့်အတွက် သတိပြုသင့်။ အချစ်ရေးကံကောင်းနေသော်လည်း ချစ်သူ၏ဟန်ဆောင် လိမ်ညာ ဖုံးကွယ်ခြင်းကို ခံရတတ်တဲ့အတွက်လည်း သတိထားသင့်။ အချစ်ရေးကံကောင်းနေအံ့ ။ ချစ်သူမရှိသေးသူများ ချစ်သူအသစ်ရအံ့ ။

အိမ်ထောင်ရေး – မိမိအိမ်ထောင်ဖက်၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်။ ဖုံးကွယ်ဟန်ဆောင်မှုများ ရောထွေးနေအံ့ ။ ဘေးပယောဂများဝင်လာတတ်။ အိမ်ထောင်ဘက်၏ ကောင်းကျိုးပေးခြင်းကိုခံရအံ့။ စိတ်ညစ်စရာ အရှုပ်အရှင်းပြဿနာများကြုံရတွေတတ်။

အချစ်ရေးအိမ်ထောင်ရေးတွင် တနင်္လာသားသမီးများ ၊ နာမည်တွင် က ခ ဂ ဃ င ပါသောသူများ ငွေ ၊ ခြံ ၊ ကား ၊ကျောက် ၊ ကုန်သည် ၊ ကွန်ပြူတာ ၊ ကင်မရာနှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ ထမင်းပေါင်းအိုးအလွတ်ထဲတွင် မကြာခဏထည့်ပေးပါ။

ပညာရေး – ပညာရေးကံ တအားကောင်းနေအံ့။ မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်အံ့။ ပညာရေးနှင့်ပက်သက်ပြီး အကူအညီကောင်း အဆက်အသွယ်ကောင်းများ အကြံကောင်း ဉာဏ်ကောင်းများရအံ့။အပေါင်းအသင်းမှားဖြင်း ၊ ပျင်းရိငြီးငွေ့ခြင်းကိုတော့ သတိထားသင့်။

ပညာရေးကံကောင်းစေရန် – မနက်စောစော ကိတ်မုန့်(၂)ချပ်၊ ပန်းအဝါ(၅)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊ ဖယောင်းတိုင်(၅)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ ပန်းအဝါ(၅)ပွင့်ထည့်ပြီးရေးချိုးရင်းလည်းဆုတောင်းပါ။ မိမိအလိုရှိရာများ ဖြစ်ချင်တာများကို အတိအကျ အသံထွတ်ပြီးဆုတောင်းပါ …။
( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)

ကျန်းမာရေး – ခြေထောက် ၊ ခါး ၊ အာရုံကြော ၊ ကျီးပေါင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – ဗုဒ္ဓဟူးနေ့ည …။ ရေသန့်ဗူးအခွံထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။ အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။ မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။

ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို ပန်းအဖြူ(၂)ပွင့်နဲ့ရိုက်ပေးပါ …။ ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ …။

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက် (၅)နာရီ (၂၀)မိနစ်တိတိတွင် အဖြူရောင်ပန်း(၂)ပွင့် ၊ ပန်းအဝါ (၅)ပွင့် ၊ အုန်းသီးပါသောမုန့် (၆)ခု ၊ သောက်တော်ရေ (၁)ခွက် ၊ ဖယောင်းတိုင် (၁) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။ မိမိအလိုရှိရာများ ဖြစ်ချင်တာများကို အတိအကျ အသံထွတ်ပြီးဆုတောင်းပါ …။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

အထူးယတြာ။ ။ ဗုဒ္ဓဟူးနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

Add a Comment

Your email address will not be published. Required fields are marked *