မတော်တဆလေး တစ်ခုဖြစ်ကာ မျက်နှာမှာ အမာရွတ်ကြီးဖြစ်သွားခဲ့ရတဲ့ မိစန္ဒီ

ရက်ပ် အလန်းစားတွေနဲ့ လူငယ် ပရိသတ်တွေ ကြားမှာ ရေပန်းစား နာမည်ကြီးနေတဲ့ အဆိုတော်မလေး မိစန္ဒီ ကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါနော်..။ အမြဲလို လန်းဆန်းတက်ကြွကာ ပျော်ပျော်နေတတ်တဲ့ မိစန္ဒီလေး ကတော့ သူမရဲ့ သီချင်းဖြစ်တဲ့ “ဈေးဗန်းခင်းမယ်” သီချင်းဟာလည်း အွန်လိုင်းပေါ်မှာ အရမ်းကို ရေပန်းစား လူကြိုက်များခဲ့ပါတယ်..။ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတတ်တဲ့ မိစန္ဒီလေးဟာ “ဈေးဗန်းခင်းမယ်” သီချင်းလေးကို ပရိသတ်တွေကို ပျော်စေချင်တဲ့စိတ်လေးနဲ့ ရေးသားဖြစ်ခဲ့တဲ့ အကြောင်းလေးကို မီဒီယာ တစ်ခုရဲ့ အင်တာဗျူး တစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်..။

မိစန္ဒီ

အဆိုတော် သားသားနဲ့ သူမတို့ တွဲဆိုထားတဲ့ သီချင်းလေးဟာလည်း မကြာခင်မှာ ထွက်ရှိလာတော့မှာ ပဲဖြစ်ပါတယ်နော်..။ သီချင်း အလန်းတွေကို အမိုက်စားသံစဉ်တွေနဲ့ သီဆိုတတ်တဲ့ မိစန္ဒီဟာ သူမရဲ့ပရိသတ်တွေ အတွက် အခွေအသစ်ကိုလည်း ထွက်ဖို့ပြင်ဆင်နေပြီး ရှိုးပွဲတွေမှာ သီချင်းတွေ သီဆိုဖျော်ဖြေနေတာ ပဲဖြစ်ပါတယ်..။ လန်းဆန်းတက်ကြွနေတတ်တဲ့ မိစန္ဒီကတော့ သူမမျက်နှာမှာ မတော်တဆဖြစ်ကာ အမာရွတ်လေးဖြစ်သွားတဲ့ အကြောင်းကို “So, I accidentally burnt myself on face with curling iron last night..မနေ့က မလုပ်တတ်ပဲ လှချင်ဇောနဲ့ ဆံပင်ကောက်လိုက်တာ ကောက်စက်နဲ့ မျက်နှာကို ရှဲကနဲပဲ..။ ဘာမှတော့ မဟုတ်ပါဘူး..။ နောက်ပွဲတွေ အများကြီးကို ဒီမျက်နှာလေးနဲ့ပဲ ပရိတ်သတ်တွေနဲ့ တွေ့ရမှာ မို့လို့ ကြို အကြောင်းကြားတာပါ..။ စိတ်လည်း မပူကြပါနဲ့.. လူက အကောင်းကြီးပါနော်..ဖလမ်းဖလမ်းပဲ.. ဟဲဟဲ နောက်ပွဲတွေမှာ အကြီးအကျယ် ဆက်ကဲမယ်နော်.. mwahhh .။ အရမ်းအရမ်းချစ်တယ် ..” ဆိုပြီး အမာရွတ်ဖြစ်သွားတဲ့ ပါးရဲ့ပုံလေးကို တင်ကာ ပရိသတ်တွေကို စိတ်မပူဖို့ပြောသွား ခဲ့ပါတယ်နော်..။

မိစန္ဒီ

မိစန္ဒီ တင်ပေးလာတဲ့ သူမရဲ့ပုံမှာ အမာရွတ် က နည်းနည်းကြီးတယ်နော် ပရိသတ်ကြီးရေ..။ ပရိသတ်ကြီးလည်း အမာရွတ်ဖြစ်သွားတဲ့ မိစန္ဒီအတွက် အမာရွတ်ပျောက်မယယ့် နည်းလမ်းတွေ ပြောပြသွားပါဦးနော်..။

အမာရွတ်က မနည်းကြီးတယ်နော်

Add a Comment

Your email address will not be published. Required fields are marked *