Joox သီချင်း APP လေးမှာ နံပါတ် (၁) နေရာရောက်သွား တဲ့ ချမ်းမြေ့မောင်ချို ရဲ့ အမိုက်စားသီချင်းလေး

ပရိသတ်ကြီးရေ.. မနှစ်က Myanmar Idol Season-3 မှာ Winner ဆုမရခဲ့ပေမယ့် အားပေးတဲ့ ပရိသတ်တွေအ များကြီး နဲ့အနုပညာ လမ်းကြောင်းပေါ်မှာ နေရာ ရလာခဲ့တဲ့ မောင်ချိုလေးကိုတော့ မှတ်မိကြမယ် ထင်ပါတယ်နော် ။ အခုဆိုရင် သူမရဲ့တစ်ကိုယ်တော် တေးစီးရီးလည်း ထွက်ရှိခဲ့ပြီဖြစ်ပြီး အားပေးတဲ့ ပရိသတ်တွေကြောင့် ခွေတွေလည်း ရောင်းကုန်ခဲ့ပါပြီ ။ သူမရဲ့တစ်ကိုယ်တော် တေးစီးရီးထဲက ဟဲလေး ရေးသားပေးထားတဲ့ Loser ဆိုတဲ့ သီချင်းကို ပရိသတ်တွေ အတော်လေး နှစ်ခြိုက်ခဲ့ကြပါတယ် ။

မောင်ချိုလေး
မောင်ချိုလေး
မောင်ချိုလေး

ဒီ Loser သီချင်းလေးက Joox မှာ နံပါတ် (၁) နေရာချိတ်ခဲ့ပြီး မောင်ချိုက ” ငယ်ငယ်တုန်းက အခန်းထဲမှာတော့ အဆင့် ၁ တခါမှ မရဖူးပေမယ့် အခုတော့ top 1 နေရာလေး Loser ဆိုတဲ့ သီချင်းလေးနဲ့ထပ်ရောက်ခဲ့ပါပီ.. Top 1 နေရာလေးကို ဒါနဲ့ဆို ရောက်တာ၂ ခါရှိပါပီ ပထမ က အိမ်မက်.. အခု loser 😍… ဒီတခါတော့ album ထဲက နောက်ထပ် သီချင်း ၅ ပုဒ် ရယ် အရင်ကသီချင်းဟောင်းလေး အိမ်မက်ရယ် top 100 ထဲဝင်တော့ ပျော်တာပေါ့… ” ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ် ။ နံပါတ် (၁) နေရာရသွားတဲ့ မောင်ချို့အတွက် မောင်ချို့ပရိသတ်တွေ ကလည်း သူမနဲ့ထပ်တူ ထပ်မျှ ပျော်ရွှင်နေကြတာတွေ့ရပါတယ် ။

မောင်ချိုလေး
မောင်ချိုလေး
မောင်ချိုလေး

သူမရဲ့ အမာခံဖန်လေးတွေ အတွက်လည်း ” Milestones တွေ အရမ်းချစ်တာပဲ ဒါကလဲ မောင်ချို့ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့ milestones တွေကြောင့်ပါပဲလေ.. အားလုံးကိုချစ်ပါတယ်.. နောက်လဲ ဆက်ပီးကြိုးစားသွားပါ့မယ် ” လို့ အားပေးတဲ့ ဖန်လေးတွေကို သတိတရ ကျေးဇူးတင်စကား ဆိုထားပါသေးတယ် ။ မောင်ချို့ ကိုချစ်တဲ့ ချစ်ပရိသတ်ကြီးကလည်း သူမအတွက် ဂုဏ်ပြုစကားလေးတွေ ရေးပေးခဲ့ပါဦးနော် ။ Source : Chan Myae Maung Cho

Add a Comment

Your email address will not be published. Required fields are marked *