Myanmar Idol ပြိုင်ပွဲသာ ဝင်မပြိုင်ဖြစ်ခဲ့ရင် ကျူတာဆရာဖြစ်နေမှာလားလို့ ပရိသတ်တွေ မေးခွန်းထုတ်ခံနေရတဲ့ တန်ခွန်ကျော်

တန်ခွန်ကျော် ကတော့ Myanmar Idol Season (4) ပြိုင်ပွဲဝင် တစ်ယောက် ဆိုတာ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်။ Country Week မှာ ပြိုင်ပွဲက ထွက်ခွါခဲ့ရပေမယ့် Wild Card နဲ့ ပြန်ခေါ်တဲ့ ပြိုင်ပွဲဝင် တစ်ယောက်အဖြစ် Wild Card Winner တစ်ယောက် ပါ။ ပြိုင်ပွဲကြီး ပြီးဆုံးခဲ့ပေမယ့် အခုချိန်မှာ အမာခံ အားပေးနေတဲ့ ပရိသတ်ပေါင်း များစွာနဲ့ အနုပညာ လမ်းကြောင်းပေါ် စတင်ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

တန်ခွန်ကျော်

ပရိသတ်တွေ ကတော့ လက်ရှိမှာ တန်ခွန်ကျော် တစ်ယောက် Myanmar Idol ကို ပြိုင်ပွဲမဝင်ဖြစ်ခဲ့ရင် ကျူတာဆရာ တစ်ယောက် ဖြစ်နေမှာလားလို့ မှတ်ချက်တွေပေး ခံနေရတာပါ။ တန်ခွန်ကျော်ရဲ့ ပိုစ့်အောက်မှာ ဝင်မန့်ခဲ့တဲ့ ဆရာတစ်ဦးရဲ့ Comment ကတော့ ” Idol သာမပြိုင်ခဲ့ရင် ဒီအချိန်မှာ ညီလည်း Tutor ဆရာဖြစ်နေပါပြီ “ဆ ိုတဲ့ မှတ်ချက်လေးကြောင့်ပဲ ဖြစ်ပါတယ်။

တန်ခွန်ကျော်

တန်ခွန်ကျော် ဟာ မုံရွာနည်းပညာ တက္ကသိုလ် ကနေ နည်းပညာ မဟာဘွဲ့ရရှိခဲ့တဲ့ သူတစ်ယောက်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုချိန်မှာတော့ တန်ခွန်ကျော်ဟာ တစ်နိုင်ငံလုံးက ပြည်သူတွေချစ်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်နေပြီဆိုတာ ငြင်းမရတော့ပါဘူးနော်။ ပရိသတ်ကြီးလည်း တန်ခွန်ကျော်ကို ကျူတာဆရာဖြစ်စေချင်လား …အဆိုတော် တစ်ယောက်အဖြစ်ပဲ အမြဲမြင်ချင်လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။ Source :Tan Kun Kyaw

ပရိတ်သတ်တွေရဲ့ ကောမန့်လေးတွေ

Add a Comment

Your email address will not be published. Required fields are marked *