သူများ အလှူမှာ ပြုံးပျော်တက်ကြွစွာ လုပ်အား ကုသိုလ်ယူနေတဲ့ စိုးပြည့်သဇင်

စိုးပြည့်သဇင် ကတော့ သရုပ်ဆောင်ချက်တိုင်း မှာ ကာရိုက်တာ အလိုက် ခံစားချက်တွေကို ပီပြင်အောင် ခံစားသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချော တစ်လတ်ပဲဖြစ်ပါတယ်…။ စိုးပြည့်လေးက အနုပညာမျိုးရိုးနဲ့ အစ်မဖြစ်သူ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့ရဲ့ ခြေရာကို နင်းနိုင်တဲ့ ညီမငယ် တစ်ယောက်လို့ပြောရင် မှားမယ် မထင်ပါဘူးနော်…။ စိုးပြည့်ကတော့ လတ်တလောကမှ ပညာရေးဆုံးခန်း တိုင်ကာ ဘွဲရခဲ့ပြီဖြစ်ပါတယ်..။ ချစ်ရတဲ့ မိဘများနဲ့အတူ ပျော်ရွှင်စွာ အချိန်လေးတွေကို ကုန်ဆုံးနေသူတစ်ယောက်ပါ..။

စိုးပြည့်သဇင်
စိုးပြည့်သဇင်

စိုးပြည့်ကတော့ မိဘများရဲ့ အုပ်ထိန်းမှုအောက်မှာ ဘုရား၊တရားကို ကိုင်းရှိုင်းတဲ့ မိန်မေကောင်းလေး တစ်ယောက်ပဲဖြစ်ပါတယ်..။ နှစ်တိုင်းလိုလို သူမတို့မိသားစုဟာ အလှူတွေကို လှူဒါန်းခဲ့ကြပြီး ယခုနှစ်မှာတော့ စိုးပြည့်လေးက မအားလပ်တာကြောင့် မလှူဖြစ်ပေမယ့် သူများလှူမယ့် အလှူလေးမှာ လုပ်အားပေးသွားရောက်လုပ်ကိုင်နေခဲ့တဲ့ပုံုရိပ်လေးတွေကို တင်လာခဲ့ပါတယ်…။ စိုးပြည့် က ”၇.၁.၂၀၂၀. .စိုးပြည့်တို့နှစ်တိုင်း လှူနေကြတံတားဦး.. စကားအင်း တိုးဂိတ်နားက ဇီးကန်တောရကျောင်းမှာ ၈ ရက်နေ့ အလှူအတွက် လုပ်အားဒါနလေး ဝိုင်းကူပေးခဲ့ပါတယ်….မနက်ဖန်မှာလည်း အလှူကြီးရှိပါတယ်နော်…လာခဲ့ပါလို့လည်း အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ရှင်….” ဆိုတဲ့စာသားလေးနဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်..။

စိုးပြည့်သဇင်
စိုးပြည့်သဇင်

ကိုယ်တိုင် မလှူပေမယ့် သူများအလှူမှာ လုပ်အားပေးလုပ်ကာ ပျော်ရွှင်နေတဲ့ စိုးပြည့်လေးကတော့ သိပ်ကို ချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့ မိန်းကလေး တစ်ယောက်ပါပဲနော် ပရိသတ်ကြီးရေ..။ ပရိသတ်ကြီး အတွက် စိတ်ထားကောင်းကာ လုုပ်အားပေး ကုသိုလ်လေး လုပ်နေတဲ့ စိုးပြည့်သဇင် ရဲ့ လုပ်အားပေး ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။ Source:Soe Pyae Thazin

Add a Comment

Your email address will not be published. Required fields are marked *