သရုပ်ဆောင်ဒါရိုက်တာ မင်းခန့်ကျော် ရဲ့ လိမ်လည်ခြင်းကို ခံလိုက်ရတဲ့ နေဒွေး

သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသား တစ်ဦးဖြစ်တဲ့ နေဒွေးကို အထူးမိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်။ ဒီနေ့မှာတော့ နေဒွေး တစ်ယောက် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာတစ်ဦးးဖြစ်တဲ့ မင်းခန့်ကျော်ကို တရားစွဲဆိုခဲ့ကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

သရုပ်ဆောင် နေဒွေး

အကြောင်း ကတော့ နေဒွေး ပိုင်ဆိုင်တဲ့ ရုပ်ရှင်ဇာတ်ကား (၂)ကားကို ဖြန့်ချီရောင်းချပေးဖို့အတွက် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာတစ်ဦးးဖြစ်တဲ့ မင်းခန့်ကျော်ကို ပေးခဲ့တာဖြစ်ပြီး ဇာတ်ကား(၂)ကားကို Lion ဗီဒီယို ထုတ်လုပ်ဖြန့်ချီရေးသို့ ရောင်းချကာ ဇာတ်ကား တန်ဖိုးငွေတွေကို နေဒွေးသို့ပြန်မပေးဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေတာကြောင့် တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် နေဒွေး

” ဦးမင်းခန့်ကျော် (သရုပ်ဆောင်/ဒါရိုက်တာ) သိစေရန်ပါခင်ဗျ ။ အကြိမ်ကြိမ် ညှိပေးခဲ့ပေမဲ့ ဘယ်လိုမှ မဆက်သွယ်အေကြာင်းမပြန်လို့ စိတ်မေကာင်းစွာဖြင့် ” ဆိုတဲ့ စာသားလေးနဲ့အတူ တရားဝင်ကြေညာစာကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဒွေး တစ်ယောက်အမြန်ဆုံး ပြေလည်သွားဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။ Source : Nay Dway

သတင်းကြော်ငြာ

Add a Comment

Your email address will not be published. Required fields are marked *