နိူ့ဆီနဲ့သကြား စားမိလို့ မိဘတွေရိုက်နှက်ခံရပြီး ဆေးရုံတက်ခဲ့ရတဲ့ကလေးကို သွားရောက် လှူဒါန်းခဲ့တဲ့ထူးအောင်

ပရိသတ်ကြီးရေ မကြာသေးမီ ကမှ လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာ နာမည်ကြီးနေတဲ့ နိူ့ဆီနဲ့သကြားစားမိလို့ မိဘတွေရိုက်နှက်ခံရပြီး ဆေးရုံတက်ခဲ့ရတဲ့ ကလေး ကို တတ်အားသမျှ ကူညီစောင့်ရှောက်နေကြတယ်လို့ သိရပါတယ် ။ ဒါအပြင် အနုပညာရှင် အချို့ကလည်း ကလေးအတွက် ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ် ။

ထူးအောင်တို့ သူငယ်ချင်းများ
ကလေးငယ်နှင့်အတူ
သာဓုခေါ်နိုင်ပါတယ်နော်

အနုပညာရှင် မင်းသားချောလေး ထူးအောင် ကတော့ ” နိူ့ဆီနဲ့သကြားစားမိလို့ မိဘတွေ ရိုက်နှက်ခံရပြီးဆေးရုံတက်ခဲ့ရတဲ့ ကလေး။ သူ့အကြောင်းကို FB မှာတွေ့ပြီး တစ်ခုခုကူညီပေးချင်တာနဲ့ စုံစမ်းပြီးသွားရောက် လှူဒါန်းခဲ့တယ်။ တခြားကလေးငယ်တွေကိုလဲ မုန့်တွေ၊ အရုပ်တွေနဲ့အလှူငွေတွေ လှူဒါန်းခဲ့တယ်။ လိုအပ်သော အကူအညီပေးသော တစ်ဦးတစ်ယောက်ချင်းဆီကို ရင်ထဲကကျေးဇူးအများကြီးတင်ပါတယ်ဗျ။ နောင်လဲ အများအကျိူးသယ်ပိုးသော လူတစ်ယောက်ဖြစ်ရပါစေ။ ” ဆိုတဲ့စာသားနဲ့အတူ ကလေးလေးကို သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်အချို့ကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ပရိသတ်တွေကိုမျှဝေပေးထား တာတွေ့ရပါတယ် ။

သူငယ်ချင်းများနဲ့အတူ
သူငယ်ချင်းများနဲ့အတူ

ပဲခူးခရိုင် ရွှေကျင်မြို့နယ် ဆရာတော်ဒေါက်တာ အဂ္ဂစာရ ၏ပရပာိတကျောင်းမှာ ကလေးများအတွက် လိုအပ်တဲ့ အဝတ်အစား၊ ကလေးကစားစရာ အရုပ်များ၊ပုဆိုး၊ မုန့်များ၊ အချိူရည်များကို သွားရောက် လှူဒါန်းခဲ့တာဖြစ်ပြီး ထူးအောင် အပြင် အခြားအနုပညာ ညီအစ်ကိုမောင်နှမတွေ ကလည်း တတ်အားသမျှ ပါဝင်လှူဒါန်း ကုသိုလ်ယူခဲ့ကြပါတယ် ။ Source : Htoo Aung

ကလေးငယ်
သူငယ်ချင်းတွေနဲ့အတူ
သနားစရာ ကလေးငယ်လေး

Add a Comment

Your email address will not be published. Required fields are marked *