အဖုံး မပိတ္ဘဲ အိမ္သာ ေရးဆြဲခ်ျခင္းရဲ့ ေၾကာက္မက္ဖြယ္ အႏၲရာယ္….လူေတာ္ေတာ္မ်ားမ်ား သတိမထားမိတက္တာမို႔ သတိထားမိသြားေအာင္ ရွယ္ေပးသြားၾကပါ

ဟိုအရင္ ေခတ္တုန္းကေတာ့ အိမ္သာ ဆိုရင္ တိုးလွ်ိုေပါက္ ေအာက္ကိုျမင္ေနရတဲ့ အိမ္သာေတြ ကေန ယင္လုံအိမ္သာေတြ၊ အခုဆိုရင္ ဘိုထိုင္အိမ္သာေတြ အထိ လူေနမႈပုံစံ တိုးတက္လာတာနဲ႕မွ် အိမ္သာေတြ ဆိုရင္လည္း က်န္းမာေရးနဲ႕ ပိုညီၫြတ္ေစဖို႔ ဒီဇိုင္းနဲ႕ပုံစံေတြ ေျပာင္းလဲလာ ခဲ့ၾကပါတယ္။

အခု ကြၽန္ေတာ္တို႔ လက္ရွိသုံးေနတဲ့ ဘိုထိုင္ အိမ္သာေတြကေတာ့ ေနာက္ဆုံးေျပာင္းလဲလာခဲ့တဲ့ အိမ္သာ ပုံစံေတြပါပဲ။ အဖုံးရွိတယ္၊ စနစ္တက်နဲ႕ သန႔္စင္တဲ့ ေရဆြဲခ်တဲ့ စနစ္ရွိေနတယ္ ဆိုေတာ့ က်န္းမာေရးနဲ႕ ညီၫြတ္တယ္ေပါ့။ ဒါေပမဲ့ ဘယ္ေလာက္ပဲ က်န္းမာေရးနဲ႕ ညီၫြတ္ပါတယ္ေျပာေျပာ ဘိုထိုင္ အိမ္သာကို စနစ္တက် မသုံးစြဲတတ္ရင္လည္း ေရာပိုမႊားေတြ ရဲ႕ အႏၲရာယ္ကို ေၾကာက္ရဦးမွာပါပဲ။ အဓိကကေတာ့ အိမ္သာေရဆြဲခ်တဲ့ ကိစၥပါ။ လူေတာ္ေတာ္မ်ားမ်ားဟာ အိမ္သာေရဆြဲခ်ေတာ့မယ္ ဆိုရင္ အဖုံးကို ပိတ္ၿပီးမွ ဆြဲခ်တာထက္ ဖြင့္လ်က္နဲ႕ဆြဲခ်တတ္ၾကပါတယ္။ ဒါဟာ တကယ့္ကို အႏၲရာယ္ရွိတဲ့ လုပ္ရပ္တစ္ခုပါတဲ့။

ေဟာင္ေကာင္ရဲ႕ ၿမိဳ႕ျပအင္ဂ်င္နီယာ တကၠသိုလ္ရဲ႕ ဌာနတစ္ခုမွ ပညာရွင္ Alvin Lai Chi-keung က ဒီအခ်က္ကို ရွာေဖြေတြ႕ရွိခဲ့တာပါ။ အဖုံးဖြင့္လ်က္နဲ႕ ေရဆြဲခ်လိဳက္မယ္ ဆိုရင္ စြန႔္ပစ္ထားတဲ့ အညစ္အၾကးေတြရွိတဲ့ အိမ္သာခြက္ထဲကေန မသန႔္စင္တဲ့၊ ေရာဂါေတြျဖစ္ေစနိုင္တဲ့ ပိုးမႊားေပါင္း ၈ ေသာင္းခန႔္ကို ေရနဲ႕ေလဖိအားေၾကာင့္ အိမ္သာခြက္ေပၚကို တက္သြားေစပါတယ္တဲ့။ ဒီပိုးမႊားေတြဟာ အလုံပိတ္အခန္းထဲမွာဆိုရင္ေတာ့ မီတာေတာ္ေတာ္ျမင့္ျမင့္အထိ ျမင့္တက္လာနိုင္ကာ နာရီအတန္ၾကာသည္အထိ အသက္ရွင္ေနနိုင္ၾကပါတယ္ ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။

အိမ္သာတြဲလ်က္ရွိတဲ့ ေရခ်ိဳးခန္းေတြမွာဆို အညစ္အေၾကးမွာ ရွိေနတဲ့ ပိုးမႊားေတြကေန တစ္ဆင့္ ေရခ်ိဳးဆပ္ျပာေတြ၊ အဝတ္ေတြ၊ သြားပြတ္တံေတြ၊ မုတ္ဆိတ္ရိတ္တံေတြ အစရွိတဲ့ တစ္ကိုယ္ရည္သုံး ပစၥည္းေတြမွာပါ ကပ္တြယ္ၿငိကာ အဲဒီကေနမွတစ္ဆင့္ လူ႕ခႏၶာကိုယ္ထဲကို ဝင္ေရာက္နိုင္ပါတယ္တဲ့။ အဖုံးပိတ္ၿပီး အိမ္သာေရဆြဲခ်ၿပီးရင္လည္း ေလစုတ္ပန္ကာကို မိနစ္ ၂၀ ေလာက္ ဖြင့္ထားေပးမွ ေလထုထဲမွာရွိေနတဲ့ ေရာဂါပိုးမႊားေတြရဲ႕ ၈၉% ေလာက္ကို အျပင္ကို စုတ္ယူသြားေစမွာပါ။ Credit:Shwemom

Unicode

ဟိုအရင် ခေတ်တုန်းကတော့ အိမ်သာ ဆိုရင် တိုးလျှိုပေါက် အောက်ကိုမြင်နေရတဲ့ အိမ်သာတွေ ကနေ ယင်လုံအိမ်သာတွေ၊ အခုဆိုရင် ဘိုထိုင်အိမ်သာတွေ အထိ လူနေမှုပုံစံ တိုးတက်လာတာနဲ့မျှ အိမ်သာတွေ ဆိုရင်လည်း ကျန်းမာရေးနဲ့ ပိုညီညွတ်စေဖို့ ဒီဇိုင်းနဲ့ပုံစံတွေ ပြောင်းလဲလာ ခဲ့ကြပါတယ်။

အခု ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ဘိုထိုင် အိမ်သာတွေကတော့ နောက်ဆုံးပြောင်းလဲလာခဲ့တဲ့ အိမ်သာ ပုံစံတွေပါပဲ။ အဖုံးရှိတယ်၊ စနစ်တကျနဲ့ သန့်စင်တဲ့ ရေဆွဲချတဲ့ စနစ်ရှိနေတယ် ဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်တယ်ပေါ့။ ဒါပေမဲ့ ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်ပြောပြော ဘိုထိုင် အိမ်သာကို စနစ်တကျ မသုံးစွဲတတ်ရင်လည်း ရောပိုမွှားတွေ ရဲ့ အန္တရာယ်ကို ကြောက်ရဦးမှာပါပဲ။ အဓိကကတော့ အိမ်သာရေဆွဲချတဲ့ ကိစ္စပါ။ လူတော်တော်များများဟာ အိမ်သာရေဆွဲချတော့မယ် ဆိုရင် အဖုံးကို ပိတ်ပြီးမှ ဆွဲချတာထက် ဖွင့်လျက်နဲ့ဆွဲချတတ်ကြပါတယ်။ ဒါဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ လုပ်ရပ်တစ်ခုပါတဲ့။

ဟောင်ကောင်ရဲ့ မြို့ပြအင်ဂျင်နီယာ တက္ကသိုလ်ရဲ့ ဌာနတစ်ခုမှ ပညာရှင် Alvin Lai Chi-keung က ဒီအချက်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အဖုံးဖွင့်လျက်နဲ့ ရေဆွဲချလိုက်မယ် ဆိုရင် စွန့်ပစ်ထားတဲ့ အညစ်အကြးတွေရှိတဲ့ အိမ်သာခွက်ထဲကနေ မသန့်စင်တဲ့၊ ရောဂါတွေဖြစ်စေနိုင်တဲ့ ပိုးမွှားပေါင်း ၈ သောင်းခန့်ကို ရေနဲ့လေဖိအားကြောင့် အိမ်သာခွက်ပေါ်ကို တက်သွားစေပါတယ်တဲ့။ ဒီပိုးမွှားတွေဟာ အလုံပိတ်အခန်းထဲမှာဆိုရင်တော့ မီတာတော်တော်မြင့်မြင့်အထိ မြင့်တက်လာနိုင်ကာ နာရီအတန်ကြာသည်အထိ အသက်ရှင်နေနိုင်ကြပါတယ် ဆိုပြီး ပြောပြလာခဲ့ပါတယ်။

အိမ်သာတွဲလျက်ရှိတဲ့ ရေချိုးခန်းတွေမှာဆို အညစ်အကြေးမှာ ရှိနေတဲ့ ပိုးမွှားတွေကနေ တစ်ဆင့် ရေချိုးဆပ်ပြာတွေ၊ အဝတ်တွေ၊ သွားပွတ်တံတွေ၊ မုတ်ဆိတ်ရိတ်တံတွေ အစရှိတဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေမှာပါ ကပ်တွယ်ငြိကာ အဲဒီကနေမှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်တဲ့။ အဖုံးပိတ်ပြီး အိမ်သာရေဆွဲချပြီးရင်လည်း လေစုတ်ပန်ကာကို မိနစ် ၂၀ လောက် ဖွင့်ထားပေးမှ လေထုထဲမှာရှိနေတဲ့ ရောဂါပိုးမွှားတွေရဲ့ ၈၉% လောက်ကို အပြင်ကို စုတ်ယူသွားစေမှာပါ။ Credit:Shwemom

Add a Comment

Your email address will not be published. Required fields are marked *