မျက်စိအား ပြန်လည်ကောင်းမွန်လာပြီး မျက်မှန်မလိုတော့အောင် မျက်မှန်လွတ် တဲ့ အလွယ်ကူဆုံး နည်းလမ်းလေး

ဒီအဖိုးတန် နည်းလေး ကို စာသင်သား ဘဝတုန်းက အခုအချိန်ထိ ပြုလုပ်နေတာပါ။ စ လုပ်တုန်းက ဒီလိုပဲ တစ်နေ့လုပ်လိုက် ၊ တပတ်ပျက်လိုက်လေ… နောက်ပိုင်း ခြေထောက်ကို ရေမလောင်းပဲ မျက်နှာမသစ်တတ်တော့ဘူး … မို့လို့ပါ။

နည်းလမ်းက …

ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကို အရင်မသစ်ရဘူး ၊ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်လောင်းပေးရမယ်။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ။ အိပ်ရာကထလာတာ နဲ့အပူတွေက တစ်ကိုယ်လုံးမှာ ပြန့်နှံ့နေတာပါ ၊

ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေအကုန်ပြေး လာကြပါတယ် ၊ ဒါကြောင့်မျက်စိကို တစ်ကိုယ်လုံးက အပူခိုး ၊ အပူငွေ့တွေလာရိုက်တော့တာပေါ့။ သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊ မျက်လုံးနှစ်လုံးစလုံး ” ရဲ ” နေတာတွေ့ရလိမ့်မယ်၊

အဲဒီလိုအပူခိုးတွေ ရိုက်ပါများလာတဲ့အခါ ” ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ ” ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင် ခြေထောက်ကို အရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း ချက်ချင်းမျက်နှာ မသစ်ရသေးဘူး။

ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်အောက်ချလိုက် နဲ့အနည်းဆုံးအကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။

အဲဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကိုနောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်းရသလောက် ငုံ့ရမယ်။ ဒါကလည်းအကြိမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ်။

ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ ခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင် ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။ ” ရေတစ်စက်မှ မရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် ” ။ ဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး။ ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာ နဲ့ မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေတော့။

ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊ အဲ့ဒီကျတော့မှ သွားတိုက်ရမယ် သွားတိုက်ရင်းနဲ့ သွားကြို သွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ ” မျက်နှာက မွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ” ။

ဒီနည်းကတော့” အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ” ကို ကြိုတင်ကာကွယ်နည်းပါ ။ ဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို နေ့စဉ်ပြုလုပ်သင့်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *