ဗီရာ နဲ့ ပွဲ အတွက် ခေါင်း ထဲမထား ပဲ ဖိအား ကင်းကင်း နဲ့ တိုကျိုမြို့လယ် မှာ လျှောက် လည်နေတဲ့ အောင်လအန်ဆန်း

Posted on

နိုင် ငံတ ကာ သိုင်းနည်း ပေါင်းစုံသုံး လက်ဝှေ့ လောက မှာ မြန်မာ့ စပါးအုံးလို့ ကျော်ကြားတဲ့ မြန်မာ့ ဂုဏ်ဆောင် အောင်လအန်ဆန် ဟာ One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ် တန်း မှာ ကမ္ဘာ့ချန်ပီယံ ခါးပတ် ၂ ခု ရရှိထားတဲ့ တစ်ဦးတည်းသော ကစားသမားပဲ ဖြစ်ပါတယ်…

ခု လက်ရှိမှာတော့ အောင်လအန်ဆန် ဟာ သူရရှိထားတဲ့ လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲ အတွက် စိန်ခေါ်သူ ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒါဗီရာနဲ့ ထိုးသတ်ဖို့ ဂျပန်နိုင်ငံကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်…
အောင်လအန်ဆန် ဟာ ဒီပွဲအတွက် အပြင်းအထန်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ဂျပန်ကိုရောက်ရှိချိန်မှာတော့ အေးအေးလူလူ ဖိအားကင်းကင်း နဲ့ ဂျပန်မြို့လယ်ခေါင်မှာ လည်ပတ်နေတာကို တွေ့ရှိရပါတယ်…..

ဒါ ဟာ ပြိုင်ပွဲအတွက် ဖိအားမရှိဘူး ပေါ့ပေါ့ပါးပါး ထိုးသတ်လို့ရတယ်လို့ ဆိုလိုနိုင်တာလည်း ဖြစ်ပါတယ်…. ဖိအားတွေနဲ့ ထိုးသတ်မယ်ဆိုရင် အမှားများနိုင်ပြီး စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဆို အကောင်းဆုံး ယှဉ်ပြိုင်နိုင်မှာ ဖြစ်တာကြောင့် အောင်လအန်ဆန်တစ်ယောက် ခုလို အေးအေးလူလူနေတာဟာ စိတ်ပိုင်းဆိုင်ရာ အတွက်သာမက ပြိုင်ပွဲအတွက်ပါ အကျိုးရှိနိုင်တယ်လို့ ဆိုရမှာပါ…

ဂျ ပန်မြို့လယ်ခေါင် က နာမည်ကျော် ရှီဘူရ လူကူးမျဉ်းကျားမှာ ကူးနေရင်း လွတ်လပ်ပေါ့ပါးနေတဲ့ အောင်လအန်ဆန်ရဲ့ ဟန်ပန်ကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားသလို လွန်ခဲ့တဲ့ ၃ နှစ်အတွင်းက အောင်မြင်မှုတွေကို ပြန်တွေးရင် အံ့သြမိနေတုန်းပဲလို့ ဆိုထားသလို ဒါဟာ အစပဲရှိသေးတယ်လို့ ခုလိုပဲ မြန်မာ အင်္ဂလိပ် ၂ ဘာသာနဲ့ ရေးသားထားတာကို တွေ့ရပါတယ်…

“Onechampionship ရဲ့အစီအစဉ်နဲ့တိုကျိုမြို့ရဲ့
နာမည်ကျော် ရှီဘူရလူကူးမျဉ်းကြားကိုရောက်ရှိနေပါတယ်.
လွန်ခဲ့တဲ့သုံးနှစ်အတွင်းဒီအဖွဲ့အစည်းနဲ့အတူတူ
ဘယ်လောက်အတိုင်းအတာအထိ..တိုးတက်အောင်မြင်ခဲ့
သလဲဆိုတာကိုအံဩမိနေတုန်းပါပဲ..
ပြီးတော့ဒါဟာအစပဲရှိသေးတယ်ဆိုတာကိုကျွန်တော်သိပါတယ်….ခမ်းနားလှတဲ့ဒီအရာမှာ အစိတ်အပိုင်းတခုအနေနဲ့ပါဝင်ခွင့်ရတာ ဟာကောင်းကြီးခံစားရတာပါပဲ…

At the Shibuya Crossing, Tokyo. We are here! @onechampionship is blowing up . I’m still amazed at how much we’ve grown in the last three years and I know this is just the beginning. I’m blessed to be a part of this train . @ Shibuya Crossing, Tokyo” လို့ ရေးသားထားတာပဲ ဖြစ်ပါတယ်..

အောင်လအန်ဆန် ဟာ ဝိတ်တန်း ၂ ခုမှာ ချန်ပီယံဖြစ်ခဲ့ပြီးတော့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကို ရရှိပြီး ၂ နှစ်ကျော် ကြာတဲ့အချိန်ကြမှ စိန်ခေါ်သူ ပေါ်ပေါက်လာပြီး ကာကွယ်ပွဲ အတွက် ထိုးသတ်ရတာပဲ ဖြစ်ပါတယ်… ဒီပွဲကို လာမည့် အောက်တိုဘာ ၁၃ ရက်နေ့မှာ ဂျပန်နိုင်ငံ မှာ ကျင်းပမှာဖြစ်ပြီးတော့ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ကို အားပေးဖို့ ပရိသတ်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေကြတာပဲ ဖြစ်ပါတယ်…

ကဲ …ပရိသတ်ကြီးတို့လည်း အောင်လအန်ဆန်အတွက် အားပေးစကားတွေ ပြောခဲ့လိုက်ပါအုံးနော်…

Writer – HW (Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *