တေးရေး ငြိမ်းချမ်းကို ကို ရိုက်နှက် ဖမ်းဆီးခဲ့ သူရဲ့ အကြောင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့(ဗီဒီယိုလေးပါတင်ပေးလိုက်တယ်နော်)

Posted on

မူးယစ်ဆေးဝါးမှု နဲ့ ထိန်းသိမ်းစဉ်မှာ ပါဝင်ခဲ့တဲ့ တာဝန်ရှိသူ တစ်ယောက်ရဲ့ အကြောင်းတွေ ကို လူမှုကွန်ရက်ပေါ်မှာ ဖွင့်ချခံ လိုက်ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးခဲ့စဉ်က မညှာမတာ လူပုံအလယ်မှာ ရိုက်နှက်ခဲ့တဲ့ အဆိုပါ ပုဂ္ဂိုလ်ဟာ ရဲဝန်ထမ်း အစစ် မဟုတ်ဘူးလို့လည်း ပြောဆိုနေကြပါပြီ။

Han Nyein Oo အကောင့် က “ဖြိုးပြည့်စုံ တို့ကိုချောက်ချတာ ဒီကောင်ပါ ဘယ်အဖွဲ့အစည်းကမှမဟုတ်ပဲ ရဲတွေနာမည်ပျက်အောင် ရိုက်ပီးဖမ်းတဲ့ကောင်ပါ ဘာ​ကောင် မှ မဟုတ်ပါဘူး
မူးယစ်သတင်းပေး အင်ဖော်မာ အဆင့်ပါ ဘာသောက်အလုပ် မှလည်းမရှိပါဘူး

အရင်က သူကိုယ်တိုင်ဆေးချနေတဲ့ကောင်ပါ အရင်ကတာမွေမှာနေတယ် ခုတော့မသိ
သူ့အဖေက တက်စီမောင်းတယ် အသက်က ၂၃ ကဲ ဘာသိချင်သေးလည်း ကျုပ်တာဝန်ကျေပီ” ဆိုပြီးရေးသားဖော်ထုတ်ထားသလို ၊Min Htaw အကောင့်ကပိုင်ရှင် က အဆိုပါ ပုဂ္ဂိုလ်ရဲ့ လူမှုကွန်ရက်စာမျက်နှာ နဲ့ ရေးသားချက်တွေကို ဖော်ထုတ်ခဲ့ပါတယ်။

ဖမ်းဆီးတဲ့အခါ ရိုက်နှက်တဲ့ ရဲဝန်ထမ်းကို ဥပဒေအရ အပြစ်ပေးနိုင်တယ်လို့လည်း သိရတာပါ ။ အခုလို ကျယ်ကျယ်လောင်လောင်အသံတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မှတ်ချက်ကနေ တစ်ခုခုသုံးသပ်ပေးခဲ့ကြပါဦး ။

Source – Min Htaw / Han Nyein OO

Leave a Reply

Your email address will not be published. Required fields are marked *