အောင်ဘာလေ ၁၇ ကြိမ်မြောက် သိန်းတစ်သောင်းခွဲ ကံထူးရှင် ဟာ လိုင်းပေါ်မှာပျံ့နေသလို အရင်က သိန်း တစ်သောင်း ပေါက်ဖူးတဲ့သူ မဟုတ်ပါဘူးတဲ့ ခင်ဗျာ..

( ၁၇ ) ကြိမ် မြောက် ကျပ်သိန်း တစ်သောင်းခွဲ ဆုရှင် အား မုံရွာ အောင်ဆုထူးပိုင် ထီဆိုင်ပင်ရင်း မှထွက်ရှိပြီး ကံထူးရှင်အား ဆက်သွယ်လျက်ရှိ ( ဆိုင်ပိုင်ရှင် ဦးစိုးဝင်း ပေါက်သည် ဆိုသည် မှာ သတင်းအလွဲ သာဖြစ် )……


၁၇ ကြိမ်မြောက် ထီဖွင့်ပွဲ

ယနေ့ ဇူလိုင်လ ၁ ရက် ၂၀၂၀ ခုနှစ် နေ့မှာ ထွက်ရှိတဲ့ ကျပ် သိန်းတစ်သောင်းခွဲ ထီဆုနံပါတ် ည-၈၅၃၀၉၅ နံပါတ်ဖြင့် ထီပေါက်သူ မှာ ကနီမြို့နယ်၊ ဝရာကျေးရွာမှ ဦးသောင်းထိုက်လင်း ဖြစ်တယ်လို့ မုံရွာမြို့အောင်ဆုထူးပိုင် ထီဆိုင်ပိုင်ရှင် ဦးစိုးဝင်း က ပြော ပါတယ်။

“ ထီပေါက်သူ ရဲ့ ညီမနဲ့တော့ အဆက်အသွယ် ရပါပြီ ။ တစ်ရက် နှစ်ရက်နေရင် လာမယ်လို့ ပြောတယ် ။ သူက တောင်သူ အလုပ် လုပ်တယ်။ သူက မုံရွာက သူ့ညီမဆီ အလည်လာရင်း နဲ့ ထိုးသွားတာဗျ ။ သူ့ညီမက ကျွန်တော်တို့ ထီဆိုင်က ဝန်ထမ်းကလေးမလေးပါ ။ သူ့ဆီကို လတိုင်းအလည် ရောက်တယ်။ ရောက်တိုင်းလည်း သူက ထီ ထိုးထိုး သွား တယ်” လို့ ဦးစိုးဝင်း က ပြော ပါတယ်။


၁၇ ကြိမ်မြောက် ထီဖွင့်ပွဲ

ဦးစိုးဝင်းဆိုသူဟာ (၁၁) ကြိမ်မြောက်မှာ ထီနံပါတ် ကဌ-၃၇၁၁၆၃ နံပါတ် နဲ့ ကျပ်သိန်း တစ်သောင်း ထီဆုကြီးပေါက်ခဲ့ဖူးသူဖြစ်ပါတယ်။
အဲ့ဒီလို ထီပေါက်ဖူးတာကြောင့် သူ့ဆိုင်ကနေ ထီပေါက်သူရှိ တယ် လို့ အပေါင်းအသင်းများက သိရှိရာကနေ တဆင့်စကား တဆင့်နားနဲ့ ဦးစိုးဝင်း ထီပေါက်တယ်ဆိုပြီး ဖေ့ဘွတ် အွန်လိုင်း စာမျက်နှာမှာ ပျံ့နှံနေခဲ့တာဖြစ် ပါတယ်။


၁၇ ကြိမ်မြောက် ထီဖွင့်ပွဲ

“ပေါက်တာ က ကျွန်တော့ဆိုင်က ပေါက်တာပါ ။ ပေါက်တဲ့ နံပါတ်ကတော့ လိုင်းပေါ်တတ်လာတယ်။ ကျွန်တော်ပေါက်တာ မဟုတ်ဘူး။ ကျွန်တော် ရေးတင်တာက ကျွန်တော့ ဆိုင်က ပေါက်တဲ့ အကြောင်း ရေးတင်တာ ။ အဲ့ဒါကို ပတ်သက်ရာ ပတ်သတ်ကြောင်းတွေက ပေါက်တယ် ထင်နေကြတယ် ။ တစ်ခါလည်း ပေါက်ဖူး ထားတော့ ဒုတိယမိ ပေါက်တာလား ဆိုပြီး ထင်နေကြတာ” လို့ မုံရွာမြို့အောင်ဆုထူးပိုင် ထီဆိုင်ပိုင်ရှင် ဦးစိုးဝင်း က ပြော ပါတယ်။

ယခုလ ထီပေါက်သူဟာ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ရဲတိုက်တန်း အမှတ် (၃၇)မှာ ဖွင့်လှစ်ထားတဲ့ ဦးစိုးဝင်းပိုင်ဆိုင်တဲ့ ထီဆိုင်မှာ ထီထိုးခဲ့သူဖြစ်ပါတယ်။

ပထမ သတင်း

1.7.2020

လူတစ်ဦး ထဲက ထီဆုကြီး(၂)ခါ ပေါက်ဖို့ မလွယ်ပေမဲ့ မုံရွာမြို့မှ ဦးစိုးဝင်း ကတော့ (၁၇)ကြိမ်မြောက် ထီဖွင့်ပွဲမှာ သိန်း(၁၅၀၀၀)ဆုကြီးကို ဒုတိယ အကြိမ် အနေနဲ့ ထပ်မံ ဆွတ်ခူးပေးလိုက်ပါပြီ။

အောင်ဘာလေထီ သိန်း(၁)သောင်း ဆုကြီးပေါက်ပြီး နောက် သိန်းတစ်သောင်းခွဲ ထီဆုကြီး ထပ်ပေါက်တဲ့ ကံထူးရှင်

(၁၁) ကြိမ်မြောက် ထီဖွင့်ပွဲမှာ သိန်း(၁၀၀၀၀)ဆုကြီး ဆွတ်ခူးခဲ့တာဖြစ်ပြီး ယခု (၁၇)ကြိမ်မြောက်မှာ သိန်း(၁၅၀၀၀)အထူးဆုကြီး ထပ်မံ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *