ဧရာဝတီ တိုင်းဒေသကြီးအတွင်း ပုသိမ် ၊ ဓနုဖြူနှင့်ဖျာပုံမြို့နယ် တို့တွင် ဝက်ဗိုင်းရပ်စ် ပျံ့နှံ့ကာ ဝက်အများအပြား ရုပ်တရက်လဲကျ သေဆုံးနေ

ဧ ရာဝတီ တိုင်း အတွင်း ရှိ ပုသိမ်၊ ဓနုဖြူနှင့် ဖျာပုံမြို့နယ် တို့တွင် ဝက်အပြင်းဖျား ရောဂါဖြစ်ပွားနေပြီး ဝက်သေဆုံး မှုများနေ ၍ ဝက်သား ဝယ်ယူ စားသုံးသူ လျော့ကျ သွားတယ် လို့ သိရ ပါ တယ် ။ ဝက်များ မှာ အစာစား နေစဉ် လဲကျသေဆုံးခြင်း ၊ အချို့ မှာ အိပ်နေစဉ် သေသွားခြင်း များ ရှိနေကြောင်း၊ ဝက် ပိုင်ရှင်များ မသိလိုက်ဘဲ သေဆုံး သွား သည့် ဝက်များအား အချိန်မီ မဖျက်ဆီးနိုင်ခြင်းများ ရှိနေကြောင်း ၊ အာဖရိကဝက် အပြင်းဖျားရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ဓနုဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး


ဝက်ဗိုင်းရပ်စ် ပျံ့နှံ့ကာ ဝက်အများအပြား ရုပ်တရက်လဲကျ သေဆုံးနေ

ဒေါက်တာတင်မောင်လင်းက ပြောပါတယ်။ “ရောဂါမဖြစ်ခ င်က ဝက်သားဈေး တစ်ပိဿာ ကျပ် ၈၀ဝ၀ ဈေးပေါက် ပါတယ်။ အခုတော့ ကျပ် ၂၀ဝ၀ ဈေးနဲ့တောင် ဝယ် စားမယ့်သူမရှိတော့ပါဘူး။ ခုလိုရောဂါတွေဖြစ်တော့ စီးပွားဖြစ်မွေးသူတွေရော၊ တစ်နိုင်တစ်ပိုင်မွေးမြူသူရော ကိုဗစ်ရော ဂါကြောင့် အလုပ်အကိုင် အဆင်မပြေကြရတဲ့ အပြင် အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် အခက်အခဲဖြစ်ကြ ရပါတယ် ” ဟု ဓနုဖြူမြို့နယ် တောကြီးကျေးရွာမှ တစ်နိုင်တစ်ပိုင်ဝက်မွေးသူ မန်းထွန်းအေးက ပြော ပါတယ်။ ဝက်များ ကိုယ်ပူပြီး


ဝက်ဗိုင်းရပ်စ် ပျံ့နှံ့ကာ ဝက်အများအပြား ရုပ်တရက်လဲကျ သေဆုံးနေ

တစ်ခြံလုံးသေခြင်း မဟုတ်သော်လည်း အစုလိုက်တဖြုတ်ဖြုတ် သေနေခြင်းဖြစ်ကြောင်း၊ ရောဂါဖြင့် သေခြင်းဖြစ်၍ စားသုံးသူလျော့ကျလာခြင်းဖြစ်ကြောင်း ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် ဝက်သားသတ်ရုံအနီးတွင် နေထိုင်သူများကလည်း ပြောပါတယ်။ “ညွှန်ကြားချက်တွေ ထွက်ထားပေမယ့်လည်း အထူးသဖြင့် ဝက်ကုန်သည်ပွဲစားတွေလိုက်နာခြင်းမရှိကြပါဘူး။ ကူးစက်မှုကမြန်တယ်၊ ကာကွယ်ဆေးနဲ့ကုသဖို့အတွက် ထိရောက်တဲ့ဆေးမရှိသေးဘူး” ဟု ဒေါက်တာတင်မောင်လင်းက ထပ်မံပြောကြားပါတယ်။ သေဆုံးသောဝက်များတွင်


ဝက်ဗိုင်းရပ်စ် ပျံ့နှံ့ကာ ဝက်အများအပြား ရုပ်တရက်လဲကျ သေဆုံးနေ

အရေပြားနီရဲခြင်း၊ ပန်းခရမ်းအပြာရောင် ပြောင်း၍သေဆုံးခြင်း၊ ဝက်များကို ဗိုက်ခွဲကြည့်ရာတွင် သရက်ရွက်မှာ ပုံမှန်ထက်ငါးဆ ကြီးထွားနေခြင်း၊ အဆုတ်အရောင်မှာ ပုံမှန်အားဖြင့် နီညိုရောင်ရှိသော်လည်း မည်းသွားခြင်းနှင့် ကြေမွပျက်စီးသွားခြင်း လက္ခဏာများတွေ့ရကြောင်း၊

ဝက်ဗိုင်းရပ်စ် ပျံ့နှံ့ကာ ဝက်အများအပြား ရုပ်တရက်လဲကျ သေဆုံးနေ

ယင်းရောဂါကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံတွင် ဝက်အကောင်ရေ အများအပြားသေဆုံးခဲ့ဖူးပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ဇွန်လကမန္တလေးတိုင်းတွင် ဖြစ်ပွားခဲ့ဖူးကြောင်း ဧရာဝတီတိုင်းမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနထံမှ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *