တစ်နေ့ တစ်နေ့ ဖေ့ဘုတ်ကြီးသုံးရတာ ဒါတွေချည်းပဲမြင်နေရလို့ ပျင်းနေပီလား……အခု ပျင်းစရာမလိုတော့ဘူး နည်းလမ်းလေးတွေရှိတယ်နော်










Unicode

ပျင်းစရာမလိုတော့ဘူး

ကျွန်တော့ အကောင့်မှာ တွေ့ကရာလူကို လက်မခံထားဘူး

စောင်းရေးဖို့ လူက ၅ ယောက်လောက်ထားတယ်…ပါးပါးလေး ကြွားပြဖို့က ၅ ယောက်လောက် ထားတယ်…Motivation ယူဖို့လူက ၅ ယောက်လောက်ထားတယ်…နှာဘူးထဖို့ ငမ်းဖို့က ၅ ယောက်လောက်ထားထားတယ်

ဆရာကြီးလုပ်ဖို့..ကိုယ့်လောက်မှမသိတဲ့လူ ၅ ယောက်လောက်ထားထားတယ်…ကိုယ့်ကိုကြိုက်နေတဲ့လူ ၅ ယောက်လောက်ထားထားတယ်( ဒါမှပဲများဖို့ ကွန်ဖီးဒန့်ရှိမှာ)

ဟိုဘက် ဒီဘက်သတင်းတွေသိရအောင် ကြံ့ခိုင်ရေး ၅ ယောက် NLD ၅ ယောက်…ဟိုပါတီ ဒီပါတီက ၂ ယောက်…ဟိုလော်ဘီ ဒီလော်ဘီက ၂ယောက်ထားတယ်

ဟာသတွေ ကြည့်ရခွီရအောင် ငပေါ ၅ ယောက်လောက် ထည့်ထားတယ်…တယောက်နဲ့တယောက် စောင်းမြောင်းပြီးဆဲနည်းပေါင်းစုံသိရဖို့ troller ဆိုတာကြီးတွေက အယောက် ၂၀ လောက် ထားတယ်

ပို့စ်တွေဖတ်ရင်း ခဏတဖြုတ်ကုသိုလ်ရအောင် ဘုရားစာပဲ share တဲ့လူ ၅ ယောက်လောက်ထားတယ်

“ငါကံကောင်းသေးတာပဲ” လို့ပြန်ပြီးအမြင်မှန်ရဖို့ တနေ့တနေ့စိတ်ဓာတ်ကျတဲ့စာတွေပုံမှန်တင်ပြီး ညည်းညူပူဆွေးနေတဲ့လူ ၅ ယောက်လောက်ထားတယ်…ဘယ်ပစ္စည့်းက ဘယ်လို အသစ်ထွက်တာ ဈေးကဘယ်လောက်ဆိုတာသိဖို့ Os သမားက သုံးယောက်ထားတယ်

လိုရမယ်ရ ပိုက်ဆံချေးလို့ရအောင်…ဘောစိ ၅ ယောက်လောက်ထားတယ်

တွေလား ကျွန်တော့ အကောင့်မှာ fb သုံးရတာ ပျင်းစရာအချိန်ကို မရှိဘူး #crd…

Add a Comment

Your email address will not be published. Required fields are marked *