မနက်ဖြန် ထီဖွင့်တော့မှာမို့ အစွမ်းထက်မြတ် တဲ့ ထီပေါက် ဂါထာကို တင်ပေးလိုက်ပါတယ်နော်….

ထီဖွင့်ဖို့လည်း နီးလာခဲ့ပါပြီ။ ဒါကြောင့် အစွမ်းထက်မြက် တဲ့ ထီပေါက်ဂါထာ မင်္ဂလာပါ သူဌေး မင်း ထီဆိုင်ကြီးမှ ကူးယူဖော်ပြအပ်ပါသည်။ အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ ရှေးကျမ်းရင်း တစ်စောင်မှာ ဖော်ပြထားပြီး အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ ဖြစ်ပါတယ်။ ဂါထာရဲ့အဓိပ္ပါယ်အတိုချုပ်က ဗုဒ္ဓမြတ်စွာ ဘုရားရှိစဉ်က ကောဏ္ဍဝေန မထေရ်ကြီးသည် ပထမစာရေးတံမဲကို အမြဲတမ်း ပေါက်ခဲ့၏ ထို့အတူ ကျွန်ုပ်သည်လည်းဤသို့ ဖြစ်ရပါစေသတည်း ဟု ဆိုထားပါတယ်။

ရှေးဟောင်းပေစာ တစ်ခုထဲမှာလည်း ဒီဂါထာရဲ့ အစွမ်းကို အထူးအစွမ်း ထက်မြက်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ။်အခုဂါထာကို ဆဋ္ဌမအာရုံ ပရိသတ်တွေအတွက် စေတနာရှေ့ထားလို့ ဖော်ပြပေးလိုက်ရပါတယ် ဂါထာကို မဖော်ပြမီမှာ အရင်ဆုံး ထီပေါက်ချင်တယ်ဆိုရင်သင်ဟာ ကိုးကွယ်ရာ ဘာသာရဲ့သီလကို ဆောက် တည်ရပါလိမ့်မယ်။

ဂါထာမန္တန်တွေ ရဲ့ အစွမ်းဆိုတာ ရွတ်ဖတ်နိုင်မှု အစွမ်း၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား စိတ်စွမ်းအား တို့အပေါ်မှာ မူတည်ပြီး အစွမ်းထက်မြက်မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ပိုနိုင်၊ လျှော့နိုင်တာ ရှိပါတယ်။ဒီဂါထာကို သင်ဟာ ရွတ်ဖတ်ပြီး ထီပေါက်ချင်တယ်ဆိုရင် လိုက်နာရမယ့် အချက်တွေတော့ ရှိပါတယ်။ လွယ်လွယ်တော့ မရနိုင်ပါဘူး။ လိုက်နာရမယ့် ၃ ချက်က

၁။ ဒီဂါထာကို တစ်နေ့ အနည်းဆုံး ၁၀၈ လုံးပုတီး တစ်ပတ် ရအောင် စိပ်ရပါလိမ့်မယ်။ နေ့စဉ် မပျက်မကွက် စိတ်ရမှာဖြစ်ပါတယ်။

၂။ ပုတီးမစိပ်မှီမှာ မြတ်စွာဘုရားသခင်ရှေ့မှာ သီလကို ဦးဆုံး ဆောက် တည်ပါ။

၃။ နောက်ဆုံးအချက်ကတော့ ဒီဂါထာကို နေ့စဉ်မှန်မှန် စိပ်သွားပြီး လစဉ် ထီထိုးပေး ပါက ၆ လအတွင်း ထီပေါက်နိုင်ပါတယ်။

အဖိုးထိုက် တန်သော ထီပေါက်ဂါထာ

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံဘိက္ခူနံ ပထမံ သလာကံဂဏုန္တာနံ ယဒိဒံ ကောဏ္ဍဓာနောဧတေန သစ္စ ဝဇ္ဆေ ဧဝံမေဟောတု

အစွမ်းထက် ထီပေါက်ဂါထာတော်

ရှားပါးပြီ အဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓဘာသာ ဂါထာတစ်ပုဒ်ပါ။ အာလုံးပဲ ထီပေါက်ကံကို ဆွတ်ခူးနိုင်ကြပါစေ။ သိန်းဆုတွေပေါက်ကြပါစေ

အမျိုး တစ်ယောက်ကတော့ ဒီဂါထာရွတ်ပြီး သိန်းဆုအမှန် တကယ် ပေါက်သွားတာကြောင့် ဒီဂါထာကို ဖော်ပြရခြင်း ဖြစ်ပါတယ် Credit Hlataw

Add a Comment

Your email address will not be published. Required fields are marked *