တောင်ကိုရီးယား တွင် ဗိုင်းရပ်စ်များလူမသိသူမသိ လျှို့ဝှက်စွာပြန့်နေမှုမှ တွေ့ရှိရတဲ့ တုန်လှုပ်ဖွယ် လူနာအရေအတွက်

ဒီကနေ့ တောင်ကိုရီးယား နိုင်ငံ ဟာ ကမ္ဘာ့ အလယ် မှာ ချီးကျုးစရာ ကောင်းလော က်အောင် ကိုဗစ် ရောဂါ ကို ထိန်းချု ပ်နိုင် ခဲ့တယ် ။ တောင် ကိုရီးယား ကို ဗိုင်းရပ်စ် စဝင်ပြီး ဒီနေ့ အထိ (၅) လ အတွင်း ဗိုင်းရပ်စ် ရှိတယ် လို့ တရားဝင် အတည်ပြုထား တဲ့ လူနာ စုစုပေါင်း ( ၁၂,၇၅၇ ) ယောက် ရှိတယ် ။

ဒါပေမဲ့ မနေ့က ဇွန် ( ၂၉ ) ရက် ည ( ၈ ) နာရီ သတင်းကေ တာ့ တုန်လှုပ်ဖွယ်ဖြစ် ပါ တယ် ။ လူမသိ သူမသိ ကိုရိုနာ ကူးစက် ခံရပြီးတဲ့ လူမသိသူမသိ ပြန်ကောင်းသွား တဲ့ သူတွေ က ၄ ဆရှိနေ တယ် ဆိုတာပဲ ။ ဆိုတော့ အားလုံး (၅) သောင်းကျော်ပေါ့..။


တောင်ကိုရီးယားတွင် လူမသိသူမသိ ဗိုင်းရပ်စ်များ လျှို့ဝှက်စွာပြန့်နေမှုမှ တွေ့ရှိရတဲ့ တုန်လှုပ်ဖွယ် လူနာအရေအတွက်

ကျန်းမာရေးဌာန က ပြည်သူ ၁၅၀၀ ကို စစ်တမ်းကောက်ယူပြီး antibody-based test နဲ့ စမ်းကြည့်လို့ရတဲ့ အဖြေဖြစ်တယ်။ လူ ၁၅၀၀ မှာ ၀.၁% က ဗိုင်းရပ်စ်ရပြီးသားသူတွေဖြစ်နေတာ အံ့ဩစွာ သိလိုက်ရ..။ တောင်ကိုရီးယားက လူဦးရေသန်း ၅၀ နဲ့ တွက်ရင် လူ ၅ သောင်းကျော် ဗိုင်းရပ်စ်ရခဲ့ပြီ။ (မိမိခန္ဓာကိုယ်ထဲကို ကိုရိုနာဗိုင်းရပ်စ် ဝင်ခဲ့ဖူးလေသလားသိချင်ရင် antibody-based test လုပ်ရ ပါတယ်)

တောင်ကိုရီးယားရဲ့ အမှန်တကယ်လူနာအရေအတွက်တွေဟာ စာရင်းအင်းထက် ၄ ဆနီးပါး ပိုမြင့်နေတယ် ဆိုတော့..၊ လူမသိသူမသိ ဗိုင်းရပ်စ်ရသူ ၄၀,၀၀၀ ကျော်ဆီက ဗိုင်းရပ်စ်တွေ လျှို့ဝှက်စွာပြန့်နေတာခဲ့ပေါ့။


တောင်ကိုရီးယားတွင် လူမသိသူမသိ ဗိုင်းရပ်စ်များ လျှို့ဝှက်စွာပြန့်နေမှုမှ တွေ့ရှိရတဲ့ တုန်လှုပ်ဖွယ် လူနာအရေအတွက်

ကမ္ဘာ့အလယ်မှာ ချီးကျုးစရာကောင်းပါတယ်ဆိုတဲ့ တောင်ကိုရီးယားမှာ ရောဂါမသိလိုက်ရတဲ့လူနာတွေ ၄ ဆရှိနေတယ်ဆိုရင်…။ ဒီနေ့အထိ ကမ္ဘာတစ်ဝန်းမှာ ၁၀ သန်းကျော်တဲ့..။ အတည်မပြုနိုင်တဲ့၊ စာရင်းအင်းမရှိတဲ့လူနာတွေ အနည်းဆုံး သန်း ၄၀ ကျော်ရှိနေပြီလားဆိုတာ စဉ်းစားစရာပါ..။

ဒါတောင် တောင်ကိုရီးယားက အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အများကြီးတော်သေးတယ်။ အမေရိကန်မှာ ၁၄% (၁၀၀ မှာ ၁၄ ယောက်)၊ ဆွီဒင် ၆.၁% (၁၀၀ မှာ ၆ ယောက်)၊ ပြင်သစ် ၄.၄% (၁၀၀ မှာ ၄ ယောက်)


တောင်ကိုရီးယားတွင် လူမသိသူမသိ ဗိုင်းရပ်စ်များ လျှို့ဝှက်စွာပြန့်နေမှုမှ တွေ့ရှိရတဲ့ တုန်လှုပ်ဖွယ် လူနာအရေအတွက်

ဆေးပညာ ဂျာနယ်လစ် Cho Dong-chan ကပြောတယ် ။ “ ဗိုင်းရပ်စ်ဝင်ပြီးသားသူတွေက ပဋိပစ္စည်းတွေရှိနေတာမို့ အဲဒီလူတွေ ရောဂါထပ်မရတော့ဘူးလို့ တွေးလို့မရပါဘူး။ ဗိုင်းရပ်စ်ထပ်ရတဲ့ လူနာတွေ အများကြီး”


တောင်ကိုရီးယားတွင် လူမသိသူမသိ ဗိုင်းရပ်စ်များ လျှို့ဝှက်စွာပြန့်နေမှုမှ တွေ့ရှိရတဲ့ တုန်လှုပ်ဖွယ် လူနာအရေအတွက်

အမေရိကန်မှာ တစ်နေ့ တစ်နေ့ ၄ သောင်းကျော်နေတာ ၃ ရက် ဆက်တိုက်ရှိပြီ။ အိန္ဒိယလည်း မလွယ်လှပါ ။ ဒီနေ့အထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၅၆၂ ၄၅၇ ယောက် ။ တောင်ကိုရီးယားကတော့ တစ်နေ့ ၅၀ ဝန်းကျင် ။ သတိထားရမယ့် အခြေအနေဖြစ် ပါတယ် ။ ဘာတွေထပ်ဖြစ်လာဦးမလဲ ဘယ်သူမှ မသိနိုင်ပါ။

မရွှေမိုး (ကိုရီးယား) June 30th, 2020.

Add a Comment

Your email address will not be published. Required fields are marked *