ယခု လ ကုန် Stay at home သတ် မှတ် မြို့နယ် အားလုံး ကို ဖြေလျှော့ပေး လိုက်ပြီ

အိမ် မှာ ပဲ နေကြဖို့ ညွှန်ကြား ချက် ထုတ်ထားတဲ့ မြို့နယ်အားလုံးကို ဒီလကုန် မှာ ဖြေလျှော့ပေးလိုက်ပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါပြန့်ပွား တာကို ကာကွယ်နိုင်ဖို့အတွက် ၂ ပတ်တကြိမ် အခြေအနေတွေ ကို သုံးသပ်ပြီး၊ ဆက်လက် ထိန်းသိမ်း ထားရမယ့် စည်းမျဉ်းတွေ၊ ဖြေလျှော့သင့်တာတွေ၊ မြှင့်တင်သင့်တာတွေကို ဆုံးဖြတ်ရတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ရေးသားဖော်ပြလိုက်တာပါ။

ယခု လ ကုန် Stay at home သတ် မှတ် မြို့နယ် အားလုံး ကို ဖြေလျှော့ပေး လိုက်ပြီ

အစ ကတော့ ရန်ကုန်နဲ့ စစ်ကိုင်းတိုင်း က မြို့နယ် ၁၁ ခုမှာ မိမိနေအိ မ်မှာ နေထိုင်ရေး(Stay at Home)အစီအစဉ် သတ်မှတ် ထားခဲ့တာဖြစ်ပြီး ဖြေလျှော့ပေး လာတာတွေကြောင့် လက်ရှိမှာ ရန်ကုန်တိုင်းက အင်းစိန် တမြို့နယ်ပဲ ကျန်တော့တာပါ။ လူစုလူဝေးဖြစ်စေနိုင်မယ့် ကိစ္စတွေ ကိုတော့ ဆက်လက် ပိတ်ပင် ထားပြီး ဈေးတွေလို တခြားသူတွေနဲ့ အချိန်ခပ် ကြာကြာထိတွေ့နိုင်တဲ့နေရာတွေမှာ Mask တပ်ဖို့ အထူးအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရောဂါ မပြန့်ပွားစေဖို့ ထိထိရောက်ရောက် လုပ်နိုင်မယ် ဆိုရင် နောက် ၁ လ၊ ၂ လလောက် အတွင်းမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်း ကို တားဆီး နိုင်မယ်လို့ မျှော်လင့်ရပြီး ရောဂါ လက္ခဏာ လုံးလုံးမပြဘဲ ကူးစက်ခံနေရသူတွေ များတာကြောင့် အထူး သတိထားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ဒါအပြင် ပြည်သူတွေ အနေနဲ့ လက်ကို ခဏခဏ ဆေးဖို့ မမေ့ဖို့နဲ့ မပေါ့ဆဖို့လည်း ထမ်မံ သတိပေး တိုက်တွန်းထားပါတယ်။

ယခု လ ကုန် Stay at home သတ် မှတ် မြို့နယ် အားလုံး ကို ဖြေလျှော့ပေး လိုက်ပြီ

အိမ်မှာနေရတဲ့ ကာလတွေ အတွင်းမှာ အွန်လိုင်းကနေ အရောင်း အဝယ်တွေ မြင့်လာတယ်လို့ သိရပြီး ဒါဟာ လူတွေရဲ့ အခြေအနေသစ် လိုအပ်ချက်အရ ပြောင်းလဲ နိုင်တာကို ပြတာပဲ လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *