ထိုင်ခုံပေါ် မှာ အိပ်နေတဲ့ပုံစံ နဲ့ သေဆုံးနေတဲ့ ၁၈ နှစ်အရွယ် အထက်တန်း ကျောင်းသူလေးရဲ့ အဖြစ်ဆိုး….အမျိုးသမီးငယ်လေးတွေ သတိပြုစရာ

ယခု သတင်း ကို ( social action for children and women – saw ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။

ကြယ်စင်ကြွေတဲ့နေ့ ဆေးခတ် မုဒိမ်းကျင့်ခံ ရပြီး ဆေးဆိပ်တက် သေဆုံးခဲ့ရတဲ့ အထက်တန်း ကျောင်းသူလေး ပါ သူမဟာ အထက်ကျောင်းမှာ အလှဆုံး မိန်းကလေးလို့ သတ်မှတ်ခံ ထားရသူပါ။

အမျိုးသမီးငယ်လေးတွေ သတိပြုစရာ

ထိုင်း နိုင်ငံ ကန်ချနဘူရီခရိုင် အတွင်းက အထက် တန်း ကျောင်းသူ အသက် ၁၈ နှစ် အရွယ် နောင်းဒေါင် (ကြယ်စင်) ဇွန်လ ၁၆ရက်နေ့က သူငယ် ချင်း က ကားနဲ့ လာခေါ်သွားခဲ့ကြတာပါ။ နောက်တနေ့ ဇွန်လ ၁၇ ရက်နေ့မှာတော့ ကြယ်စင်ဟာ သူမရဲ့ နေအိမ် အရှေ့က ထိုင်ခုံမှာ အိပ်နေတဲ့ပုံစံနဲ့ သေဆုံးနေတာ ကို သူ့မိဘတွေက တွေ့ မြင်သွားခဲ့ကြပါတယ်၊

နှာခေါင်းနဲ့ ပါးစပ် ကနေ သွေးတွေ ယိုစိမ့်ထွက်ပြီး သေဆုံးနေတဲ့ ကြယ်စင် အလောင်း ကို ဆေး ရုံပို့ပြီး ဆေးစစ်တဲ့ အခါမှာတော့ သူမသေဆုံးရတာဟာ မူးယစ်ဆေးဝါး နဲ့ လိင်စိတ်ကြွဆေးတွေ အလွန်ကျွံ သုံးစွဲထားတာ တွေ့ရတယ်

နောက်ပြီး သူမ သတိမေ့ သေဆုံးမသွားခင် အုပ်စုလိုက် ကာမဆက်ဆံ ခံထားခံရတယ်လို့ ဆေးမှတ်တမ်း ထွက်လာ ပါတယ်။ ကြယ်စင် မိဘတွေကတော့ ကြယ်စင်ကို ခေါ်သွားတဲ့ လူငယ်တွေကို အမှုစစ်ဆေးပေးဘို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ကြယ်စင်ကို ခေါ်သွားခဲ့ ယောက်ျာလေး သူငယ်ချင် ( ချစ်သူ)နဲ့

အမျိုးသမီးငယ်လေးတွေ သတိပြုစရာ

နောက်ထပ် အမျိုးသားနှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။ ဆိုရှယ် မီဒီယာမှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာ ကြယ်စင်နဲ့အတူ မိန်းကလေးတစ်ဦးဟာ သတိလက်လွတ် ကခုန်နေတာတွေရပြီး အနီးမှာ လူငယ်သုံးဦးက ဝိုင်းအားပေး နေကြတာ တွေ့ရပါတယ်။ မိန်းက လေးတွေကို ဘိန်းဖြူနဲ့

လိင်စိတ်ကြွ ဆေးတွေကို ဝိုင်အရက် ထဲမှာ ထည့်တိုက်ပြီး သူ့ရီးစား ငါ့ရီးစား အလဲအလှယ်လုပ် အုပ်စုလိုက်ကာမ ဆက်ဆံကြတဲ့ ပါတီလို့ သိ ရပါတယ်။ ကြယ်စင်ဟာ ဘိန်းဖြူနဲ့ လိင်စိတ်ကြွ ဆေး ဆေးခတ်ခံရလို့ အမူးလွန် သတိလစ်နေပြီး ကာမပါတီ ပွဲအပြီးမှာတော့

အမျိုးသမီးငယ်လေးတွေ သတိပြုစရာ

သူငယ်ချင်းတွေ က လူကြီးတွေ မသိခင် အိမ်ရှေ့မှာ တိတ်တဆိတ် လာချသွားခဲ့ ကြတာဖြစ်ပါတယ်။ ဘယ်လောက် အချိန်ကြာကြာ သတိလစ်နေလဲမသိ ဘယ်အချိန်မှာ ဆုံးပါးသွားသလဲ မသိတဲ့ သမီးရဲ့အဖြစ်ကို မိဘတွေက ရင်ကျိုးလုမ တတ် နာကျင်နေကြပါတယ် မိန်းကလေးငယ်တွေ သတိထားကြပါ။

ချစ်သူ ရည်စားဆို တိုင်းလည်း မယုံရပါဘူး။ ငယ်ရွယ်တဲ့ မိန်းကလေးတွေ အတွက် စဉ်းစားမဆင်ခြင် နိုင်သေးတဲ့ အရွယ်မှာ ချစ်သူရည်းစား ဆိုတာကိုလည်း အယုံမလွယ်ဖို့နဲ့ မူးယစ်စေတဲ့ အရက်တွေ ဝိုင်တွေလည်း မသောက်ဖို့ လိုပါတယ်။ သတိထား သင့်တဲ့အရာပါ။

Add a Comment

Your email address will not be published. Required fields are marked *