တစ်တော့(TIK TOK) app ကို တရုတ်ရဲ့ သူလျှိုဆော့ဝဲလ် ဟု သတ်မှတ်ပြီး အသုံးပြုခွင့် ပိတ်လိုက်တဲ့ အိန္ဒိယ


တစ်တော့(TIK TOK) app ကို တရုတ်ရဲ့ သူလျှိုဆော့ဝဲလ် ဟု သတ်မှတ်ပြီး အသုံးပြုခွင့် ပိတ်လိုက်တဲ့ အိန္ဒိယ


တစ်တော့(TIK TOK) app ကို တရုတ်ရဲ့ သူလျှိုဆော့ဝဲလ် ဟု သတ်မှတ်ပြီး အသုံးပြုခွင့် ပိတ်လိုက်တဲ့ အိန္ဒိယ


တစ်တော့(TIK TOK) app ကို တရုတ်ရဲ့ သူလျှိုဆော့ဝဲလ် ဟု သတ်မှတ်ပြီး အသုံးပြုခွင့် ပိတ်လိုက်တဲ့ အိန္ဒိယ


Unicode

ခုတလော ရွာစော်ကြီးဖြစ်နေတဲ့တရုတ်နိုင်ငံ နဲ့ အိန္ဒိယ နှစ်နိုင်ကြား နယ်စပ်အရေး တင်းမာနေချိန် မှာ တစ်တော့ အပါဝင် တရုတ်နိုင်ငံ ထုတ် ဖုန်း ဆော့ဝဲလ် ၅၉ ခု အသုံးပြုခွင့် ကို အိန္ဒိယနိုင်ငံ က ပိတ်လိုက် ပါတယ် ။

အိန္ဒိယ နိုင်ငံ လျှပ်စစ် နဲ့ အိုင်တီ နည်းပညာ ဝန်ကြီးဌာန ကြေညာချက် ထဲမှာတော့ တရုတ် ရဲ့ ဒီ ဖုန်းဆော့ဝဲလ် ၅၉ ခုဟာ အိန္ဒိယနိုင်ငံ ရဲ့ အချုပ်အခြာ အာ ဏာ တည်ငြိမ်ရေး ၊ အိန္ဒိယ ကာကွယ်ရေး နဲ့ နိုင်ငံတော် လုံခြုံရေး တရားဥပဒေ စိုးမိုးရေးတွေကို ထိခိုက်နစ်နာ လာစေတဲ့ အ တွက် အခုလို ပိတ်ပင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။

လူကြိုက်များ တဲ့ တစ်တော့ ကို ByteDance ဆိုတဲ့ တရုတ် ကုမ္ပဏီ က ပိုင်ဆိုင်တာဖြစ်ပြီး အိန္ဒိယ ဟာ တစ်တော့ ရဲ့အကြီးမားဆုံး ဈေးကွက် ဖြစ် ပါတယ်။

ဒီတားမြစ်မှု က ဘယ်အချိန် မှာ စပြီး အကျိုး သက်ရောက်မလဲ ၊ မိုဘိုင်းဖုန်း ကုမ္ပဏီတွေ ကရော ဒါကို လိုက်နာရမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး ။ ပိတ်ပင်မယ် ဆိုတဲ့ အဲဒီ ဖုန်းဆော့ဝဲလ်တွေ ကို တနင်္လာ ညနေပိုင်းအထိ အိန္ဒိယမှာ ဒေါင်းလုပ် လုပ်လို့ရနေ ပါသေးတယ် ။

Add a Comment

Your email address will not be published. Required fields are marked *