အိမ္တအိမ္ ရဲ႕ အဝင္အဝတခါးေတြ မွာ ၾကည့္မွန္ေလးေတြ ထားရတဲ့ အေၾကာင္းရင္း..ဘယ္လိုအက်ိဳးရွိသလဲ

အိမ္တခ်ိဳ႕ ရဲ႕ အဝင္ေပါက္ မွာ ျဖစ္ျဖစ္၊ ျပတင္းေပါက္၊ တံခါးေတြ နား မွာ ျဖစ္ျဖစ္ ၾကည့္မွန္ တစ္ခ်ပ္ ကို ခ်ိတ္ဆြဲထား တာကို ေတြ႕ဖူးၾကမွာပါ။ ဒါဟာ အိမ္ရဲ႕ ခ်ိဳ႕ယြင္းခ်က္ ကို ျပဳျပင္ဖို႔ ဆန္းေဗဒင္ သေဘာအရ ယၾတာေခ်ျခင္း တစ္မ်ိဳးပါ။ ဘာလို႔ ခ်ိတ္ဆြဲထားသလဲ ဆိုတာ ကေတာ့ ေနထိုင္တဲ့ အိမ္က အရမ္း က်ဥ္းၿပီး ေခါင္းရင္းအိမ္ ဒါမွမဟုတ္ ေျခရင္းအိမ္ က အရမ္းျမင့္ ေနတယ္ ဆိုရင္ ဆန္းေဗဒင္ပညာ အရ ထိုအိမ္က အညံ့၊အခိုက္ေတြ ရွိတတ္ပါတယ္။

အိမ္တအိမ္ ရဲ႕ အဝင္အဝတခါးေတြ မွာ ၾကည့္မွန္ေလးေတြ ထားရတဲ့ အေၾကာင္းရင္း..ဘယ္လိုအက်ိဳးရွိသလဲ

မိမိရဲ႕ သားသမီး၊ လက္ေအာက္ ငယ္သားေတြ က်န္းမာေရး၊ စီးပြားေရး ညံ့ဖ်င္းတတ္ ပါတယ္။ မ်က္ႏွာခ်င္း ဆိုင္အိမ္က အရမ္းျမင့္ၿပီး ေခါင္းမိုး အခြၽန္ကကိုယ္ ေနတဲ့ အိမ္နဲ႔ တည့္တည့္ က်ရင္လည္း အိမ္မွာ ကံညံ့တတ္ပါ တယ္။ ျမန္မာတို႔ရဲ႕ ဆန္းေဗဒင္က်မ္းေတြ မွာေရာ တ႐ုတ္ျပည္ရဲ႕ ဖုန္းေ႐ႊ ပညာ မွာပါ အခိုင္အမာ ေဖာ္ျပ ထားပါတယ္။ သည္လိုျဖစ္ေနတဲ့ အိမ္အမ်ားစု ဟာ ေနအိမ္ရဲ႕ မ်က္ႏွာခ်င္း ဆိုင္ ဒါမွမဟုတ္ ေျခရင္း၊ ေခါင္းရင္းမွာ စက္႐ုံ၊ အလုပ္႐ုံ ၊ေနအိမ္ထက္ ပိုျမင့္တဲ့ တိုက္၊ ေနအိမ္ တစ္ခုခု ရွိ ေနပါက သင့္အိမ္ ရဲ႕ ျပတင္းေပါက္ မွာ အလင္းေကာင္းမြန္ စြာ ျပန္ႏိုင္ တဲ့ မွန္တစ္ခ်ပ္ ကို တပ္ထားလိုက္မယ္ ဆိုရင္အိမ္မွာ အဆိုးအညံ့ ေတြ ျပယ္ၿပီး လုပ္ကိုင္သမွ် အႀကံအစည္ေတြ ေအာင္ျမင္ေစပါတယ္။

အိမ္တအိမ္ ရဲ႕ အဝင္အဝတခါးေတြ မွာ ၾကည့္မွန္ေလးေတြ ထားရတဲ့ အေၾကာင္းရင္း..ဘယ္လိုအက်ိဳးရွိသလဲ

ေဈးဆိုင္၊ စားေသာက္ဆိုင္ တည္ထားတဲ့ အိမ္ေတြ ဆိုရင္ ဆိုင္ရဲ႕ အေရွ႕အရပ္ ကိုမူၿပီးေတာ့ မွန္တစ္ခ်ပ္ကို ခ်ိတ္ဆြဲထားသင့္ ပါတယ္။ ထိုသို႔ ခ်ိတ္ဆြဲထားျခင္း ျဖင့္ ဝင္ေငြႏွစ္စ္ဆ တိုးတက္ၿပီး အေရာင္းအဝယ္ ေကာင္း မြန္ေစတာ ေၾကာင့္ ယုံၾကည္သူအမ်ားအျပားက အိမ္ရဲ႕အဝင္ေပါက္ မွာ ခ်ိတ္ဆြဲထားရတာ ျဖစ္ပါတယ္။ ခ်ိတ္ထား တဲ့ မွန္ကို မကြဲဖို႔ ၊ သန႔္စင္ေနေစဖို႔နဲ႔ အလင္းေကာင္းစြာ ျပန္ႏိုင္ဖို႔ကို ေတာ့ သတိျပဳပါ။ အိမ္ရဲ႕ အေရွ႕ဘက္၊ ေျခရင္းအိမ္၊ ေခါင္းရင္းအိမ္၊ မ်က္ႏွာခ်င္းဆိုင္အိမ္ေတြ ကို လွည့္ထားဖို႔ကို ဂ႐ုျပဳပါ။ The Kumudra

Unicode

အိမ်တချို့ ရဲ့ အဝင်ပေါက် မှာ ဖြစ်ဖြစ်၊ ပြတင်းပေါက်၊ တံခါးတွေ နား မှာ ဖြစ်ဖြစ် ကြည့်မှန် တစ်ချပ် ကို ချိတ်ဆွဲထား တာကို တွေ့ဖူးကြမှာပါ။ ဒါဟာ အိမ်ရဲ့ ချို့ယွင်းချက် ကို ပြုပြင်ဖို့ ဆန်းဗေဒင် သဘောအရ ယတြာချေခြင်း တစ်မျိုးပါ။ ဘာလို့ ချိတ်ဆွဲထားသလဲ ဆိုတာ ကတော့ နေထိုင်တဲ့ အိမ်က အရမ်း ကျဉ်းပြီး ခေါင်းရင်းအိမ် ဒါမှမဟုတ် ခြေရင်းအိမ် က အရမ်းမြင့် နေတယ် ဆိုရင် ဆန်းဗေဒင်ပညာ အရ ထိုအိမ်က အညံ့၊အခိုက်တွေ ရှိတတ်ပါတယ်။

မိမိရဲ့ သားသမီး၊ လက်အောက် ငယ်သားတွေ ကျန်းမာရေး၊ စီးပွားရေး ညံ့ဖျင်းတတ် ပါတယ်။ မျက်နှာချင်း ဆိုင်အိမ်က အရမ်းမြင့်ပြီး ခေါင်းမိုး အချွန်ကကိုယ် နေတဲ့ အိမ်နဲ့ တည့်တည့် ကျရင်လည်း အိမ်မှာ ကံညံ့တတ်ပါ တယ်။ မြန်မာတို့ရဲ့ ဆန်းဗေဒင်ကျမ်းတွေ မှာရော တရုတ်ပြည်ရဲ့ ဖုန်းရွှေ ပညာ မှာပါ အခိုင်အမာ ဖော်ပြ ထားပါတယ်။ သည်လိုဖြစ်နေတဲ့ အိမ်အများစု ဟာ နေအိမ်ရဲ့ မျက်နှာချင်း ဆိုင် ဒါမှမဟုတ် ခြေရင်း၊ ခေါင်းရင်းမှာ စက်ရုံ၊ အလုပ်ရုံ ၊နေအိမ်ထက် ပိုမြင့်တဲ့ တိုက်၊ နေအိမ် တစ်ခုခု ရှိ နေပါက သင့်အိမ် ရဲ့ ပြတင်းပေါက် မှာ အလင်းကောင်းမွန် စွာ ပြန်နိုင် တဲ့ မှန်တစ်ချပ် ကို တပ်ထားလိုက်မယ် ဆိုရင်အိမ်မှာ အဆိုးအညံ့ တွေ ပြယ်ပြီး လုပ်ကိုင်သမျှ အကြံအစည်တွေ အောင်မြင်စေပါတယ်။

ဈေးဆိုင်၊ စားသောက်ဆိုင် တည်ထားတဲ့ အိမ်တွေ ဆိုရင် ဆိုင်ရဲ့ အရှေ့အရပ် ကိုမူပြီးတော့ မှန်တစ်ချပ်ကို ချိတ်ဆွဲထားသင့် ပါတယ်။ ထိုသို့ ချိတ်ဆွဲထားခြင်း ဖြင့် ဝင်ငွေနှစ်စ်ဆ တိုးတက်ပြီး အရောင်းအဝယ် ကောင်း မွန်စေတာ ကြောင့် ယုံကြည်သူအများအပြားက အိမ်ရဲ့အဝင်ပေါက် မှာ ချိတ်ဆွဲထားရတာ ဖြစ်ပါတယ်။ ချိတ်ထား တဲ့ မှန်ကို မကွဲဖို့ ၊ သန့်စင်နေစေဖို့နဲ့ အလင်းကောင်းစွာ ပြန်နိုင်ဖို့ကို တော့ သတိပြုပါ။ အိမ်ရဲ့ အရှေ့ဘက်၊ ခြေရင်းအိမ်၊ ခေါင်းရင်းအိမ်၊ မျက်နှာချင်းဆိုင်အိမ်တွေ ကို လှည့်ထားဖို့ကို ဂရုပြုပါ။ The Kumudra

Add a Comment

Your email address will not be published. Required fields are marked *