ဦးနှောက်ခွဲစိတ်ပီးနောက် သတိမေ့နေတဲ့ (၁၅)ရက်မှာ ဘယ်နေရာတွေရောက်ခဲ့လဲဆိုတာ မိသားစုကိုပြောပြခဲ့တဲ့ လူရွှင်တော်ကြီးဦးမန်းဝင်း

လတ်တလော မှာ ဦးနှောက် ခွဲစိတ်ကုသမှု ကိုခံယူထားတဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်း ဟာဆိုရင် ခွဲစိတ်ပြီး နောက်ပိုင်းမှာ (၁၅)ရက်တိတိ သတိမေ့နေခဲ့ တာဖြစ်ပြီး အခုဆိုရင်တော့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန် လာတာကို တွေ့ရပါတယ်နော်။ အနုပညာ မိတ်ဆွေ အချို့ကလည်း ဦးမန်းဝင်းရဲ့ အိမ်ကိုသွားရောက်ပြီး သတင်းသွားမေး ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဦးမန်းဝင်းက သူသတိမေ့နေတဲ့ (၁၅)ရက်အတွင်း ဘယ်နေရာတွေ သွားခဲ့လဲ ဆိုတာကို အောက်ပါအတိုင်းပြောပြ ထားတာဖြစ်ပါတယ်နော်။

သတိမေ့နေတဲ့ (၁၅)ရက်မှာ ဘယ်နေရာတွေရောက်ခဲ့လဲဆိုတာ ကိုပြောပြခဲ့တဲ့ လူရွှင်တော်ကြီးဦးမန်းဝင်း

“အဖေ ဦးမန်းဝင်း သတိမေ့နေ တဲ့ ၁၅ ရက်မှာ ဘယ်တွေသွား ဘာတွေလုပ်လဲ သိချင်လို့ ဖြည်းဖြည်းချင်း မေးထားတာပါ။

” ဖေကြီး ဟိုရက်က ဘယ်တွေရောက်နေတာလဲ ”

” ပြောမယ် ”

” ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ ”

” ရွာရောက်နေတာ “( အဖေ့ဇာတိ ကမာကယာကျေးရွာပါ )

သတိမေ့နေတဲ့ (၁၅)ရက်မှာ ဘယ်နေရာတွေရောက်ခဲ့လဲဆိုတာ ကိုပြောပြခဲ့တဲ့ လူရွှင်တော်ကြီးဦးမန်းဝင်း

” အဖေ့ကို ဘယ်သူခေါ်သွားတာလဲ ”

” ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ ”

” ရွာမှာဘယ်သူနဲ့တွေ့ခဲ့သေးလဲ ”

” အမေနဲ့ ” ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ )

” အဖွားက ဘယ်မှာနေလဲအဖေ ”

” သူ့အိမ်လေးမှာနေတယ် ”

” အဖွားက စကားပြောလား ”

” မပြောဘူး ”

သတိမေ့နေတဲ့ (၁၅)ရက်မှာ ဘယ်နေရာတွေရောက်ခဲ့လဲဆိုတာ ကိုပြောပြခဲ့တဲ့ လူရွှင်တော်ကြီးဦးမန်းဝင်း

” အဖေ့ကိုရော မြင်လား ”

” မြင်တယ် မပြောတာ ”

” အဖွားက ရွာမှာဘာလုပ်နေတာလဲ ”

” ဥပုသ်စောင့်နေတယ် ”

” တခြားသူငယ်ချင်းတွေရော တွေ့ခဲ့သေးလား ”

” မတွေ့ပါဘူး ”

သတိမေ့နေတဲ့ (၁၅)ရက်မှာ ဘယ်နေရာတွေရောက်ခဲ့လဲဆိုတာ ကိုပြောပြခဲ့တဲ့ လူရွှင်တော်ကြီးဦးမန်းဝင်း

” တောကုလားကြီးရော တွေ့လား “( အဖေ့အစ်ကိုကြီးပါ )

” မတွေ့မိဘူး ”

” အဖေ့ကို ဘယ်သူလိုက်ပို့တာလဲ ”

” အဖေ့ဘာသာ ပြန်လာတာ ” လေသံထွက်ပြီး အားလုံးနီးပါး မှတ်မိပါတယ် အဖေဦးမန်းဝင်းကို ချစ်ကြသူအားလုံး အယောက်စီတိုင်း ကျန်းမာကြပါစေ။”ဆိုပြီး ဦးမန်းဝင်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။ Source:Man Win -Joker’s FB Page

Add a Comment

Your email address will not be published. Required fields are marked *