၂၂ နှစ်ကြာ အကြောသေနေတဲ့ ခင်ပွန်းဖြစ်သူကို ဆက်လက်ပြုစုနိုင်ဖို့ နောက်ယောင်္ကျားပါယူခဲ့တဲ့ အမျိုးသမီး

တစ်ချို့သော သူတွေ ကတော့ ကိုယ့်ရဲ့ လက်တွဲဖော်က နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မကျန်းမမာ ၊ မသန်မစွမ်းဖြစ် လာခဲ့ရင် ကြာလာတော့ ငြိုငြင် တတ်ကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသမီး ကတော့ သူမရဲ့ခင်ပွန်ကို လုံးဝမငြိုငြင်ပဲ အချစ်စစ် ရဲ့ သစ္စာတရားကို ဖော်ပြလိုက်တာပါပဲ ။ Jia အမည်ရှိတဲ့ တရုတ်နိုင်ငံ က အမျိုးသမီးဟာ အမြင့်ပေ 40-50m ရှိတဲ့ တောင်စောင်းပေါ်ကနေ ပြုတ်ကျပြီး အကြောသေသွားခဲ့တဲ့ သူမရဲ့ခင်ပွန်းဟောင်းကို နှစ်ပေါင်း 20 ကျော်အထိ ပြုစုစောင့်ရှောက်ပေး ခဲ့ပါတယ် ။ အဆိုပါ မတော်တဆမှုကြောင့် သူမရဲ့ခင်ပွန်းဟောင်းဟာ ကိုယ်လက်လှုပ်ရှားလို့ မရတော့ပဲ ဦးနှောက်တွင်လည်း ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ပါတယ် ။

၂၂ နှစ်ကြာ အကြောသေနေတဲ့ ခင်ပွန်းဖြစ်သူကို ဆက်လက်ပြုစုနိုင်ဖို့ နောက်ယောင်္ကျားပါယူခဲ့တဲ့ အမျိုးသမီး

ထို့ကြောင့် Jia ဟာ သူမရဲ့ခင်ပွန်း နှင့် ကလေးငယ်တို့ကို ပြုစုစောင့်ရှောက်ဖို့ အတွက် လက်မလျော့ဘဲ သည်းခံကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ခင်ပွန်းသည်ကို အချိန်ပြည့်စောင့်ရှောက်ပေးခဲ့ရလို့ သူမဟာ အလုပ်တွေ မလုပ်နိုင်ပဲဖြစ်နေရတဲ့ အပြင် ၊ မိသားစု အတွက် ဝင်ငွေတွေ မရှိဘဲဖြစ်လာခဲ့ရပါတယ် ။ ငွေရေးကြေးရေး အခက်အခဲတွေ အတော်လေး ရင်ဆိုင်လာခဲ့ရချိန်မှာတော့ Jia ဟာ သူမရဲ့ခင်ပွန်း နဲ့ ကွာရှင်ပစ်လိုက်ပြီး အကြောသေနေခဲ့တဲ့ ခင်ပွန်းကို ဆက်လက်ပြီးပြုစု ကုသပေးနိုင်ဖို့ နောက်ယောင်္ကျားယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။

၂၂ နှစ်ကြာ အကြောသေနေတဲ့ ခင်ပွန်းဖြစ်သူကို ဆက်လက်ပြုစုနိုင်ဖို့ နောက်ယောင်္ကျားပါယူခဲ့တဲ့ အမျိုးသမီး

သူမ ခင်ပွန်းဟောင်းရဲ့ မိသားစုဝင်များ ကလည်း သူမရဲ့အခြေအနေကို လက်ခံနားလည်ပေးခဲ့ ကြပေမဲ့လည်း အစပိုင်းမှာတော့ Jia ဟာ သူမကဲ့သို့သော အခြေအနေမျိုးနဲ့ အမျိုးသမီးကို နားလည်လက်ခံနိုင်ပေမဲ့ ယောင်္ကျားမျိုး မရှိနိုင်ဘူးလို့ ထင်နေခဲ့ပေမဲ့လည်း အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ သူမရဲ့အခြေအနေကို နားလည်လက်ခံနိုင်ပေးတဲ့ စိတ်သဘောထားပြည့်ဝတဲ့ ယောင်္ကျားမျိုးနဲ့ တွေ့ဆုံခဲ့ရပါတယ် ။

၂၂ နှစ်ကြာ အကြောသေနေတဲ့ ခင်ပွန်းဖြစ်သူကို ဆက်လက်ပြုစုနိုင်ဖို့ နောက်ယောင်္ကျားပါယူခဲ့တဲ့ အမျိုးသမီး

သူမရဲ့ နောက်ယောင်္ကျားဟာ သူမကို နားလည်လက်ခံပေးရုံ တင်မက ၊ သူမခင်ပွန်းဟောင်းကိုပါ ပြုစုစောင့်ရှောက်ပေးတဲ့ တာဝန်မျိုး အလှည့်ကျလုပ်ဆောင်ပေးတဲ့ အပြင် ၊ သူမတို့ မိသားစုကိုလည်း ငွေရေးကြေးရေး ထောက်ပံ့ပေးခဲ့ပါတယ် ။ Jia ဟာ သူမဘယ်လောက်ပဲ အခက်အခဲမျိုးတွေ နဲ့ ကြုံရပါစေ အားပေးမှု နဲ့ အချစ်စစ်သာ သူမရဲ့ဘဝမှာရှိနေရင် သူမအရာ အားလုံးဖြတ်ကျော်နိုင်တယ် ဆိုပြီးတော့ ဖြေကြားခဲ့ပါတယ် ။

၂၂ နှစ်ကြာ အကြောသေနေတဲ့ ခင်ပွန်းဖြစ်သူကို ဆက်လက်ပြုစုနိုင်ဖို့ နောက်ယောင်္ကျားပါယူခဲ့တဲ့ အမျိုးသမီး

Jasmine (Mckzone Daily)

Source: worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *