ခေတ်ကာလ အခြေအနေအရ တက်စီမောင်းနေရတဲ့ အတွေ့အကြုံ ကို ပြောပြခဲ့တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

ဇာတ်ပို့သရုပ်ဆောင် အောင်တိုး ကတော့ မြန်မာ့ရုပ်ရှင် နဲ့ ဗွီဒီယိုလောက မှာ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့တဲ့ လူကြမ်း သရုပ်ဆောင် တစ်ယောက်ပါ။ သူ့အနေနဲ့ နောက်ပိုင်း တချို့ ဇာတ်ကားတွေမှာ ဟာသ သရုပ်ဆောင်အနေနဲ့ ပါဝင် ရိုက်ကူးတာကို မြင်တွေ့ရပါသေးတယ်။

တက်စီမောင်းနေရတဲ့ အတွေ့အကြုံ ကို ပြောပြခဲ့တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

လူကြမ်း သရုပ်ဆောင် အနေနဲ့ ဝင်ငွေ နည်းပါးလွန်းတဲ့ သရုပ်ဆောင် အောင်တိုးက ဇာတ်ကား မရိုက်ရတဲ့အချိန်မှာ တက္ကစီလေးမောင်းဖြစ်နေတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အဲ့ဒီလို တက္ကစီမောင်းရင်း တခါတလေမှာ ပရိသတ်တွေ နဲ့ ဆုံတွေ့ရပုံကို အခုလိုမျိုး ဖွင့်ဟလာပါတယ်။

” ကျွန်တော်မောင်းတဲ့ အငှားကားပေါ် စီးတဲ့လူ ၁၀ ယောက်တက်ရင် ၃ ယောက်လောက် ကတော့မေးတယ်။ အဲ့ဒီ ၃ ယောက်လောက်ကတော့ ကောင်းတဲ့ စိတ်လေးနဲ့မေးတာ ပေါ့နော်။ ခေတ်မကောင်းလို့ လုပ်စားနေရတဲ့ အပေါ်မှာလည်း သူတို့က ကိုယ်ချင်းစာတယ်။ တချို့ကျတော့လည်း ကားပေါ်တက်လာပြီး နည်းနည်း စကားစပ်မိသွားတာနဲ့ နှိမ်ချင်တယ်။

တက်စီမောင်းနေရတဲ့ အတွေ့အကြုံ ကို ပြောပြခဲ့တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

သွားပြီနော် ၊ ခင်ဗျားတို့ ရုပ်ရှင်လောကကြီးက စုတ်ပြတ်သွားပြီ။ ငတ်ကုန်ပြီ ဆိုပြီးပြောတယ်။ အဲ့လိုကျတော့ ကျွန်တော်လည်း စိတ်မကောင်းဘူး။ တချို့ကလည်း သတ်သတ်ကြီး ကို နှိမ်ချင်တာပေါ့။ အဲ့လိုကျတော့ ဘာမှ မဖြေချင် ၊ မတုံ့ပြန်ချင်တော့ဘူး။ ရှင်းပြလို့လည်း သူတို့ နားမ လည်ဘူး။ တချို့ကျတော့ ဘဝမှာ လြူ ကမ်းသရုပ်ေ ဆာင်ကြီး မောင်းပို့တဲ့ ကားကို စီးဖူးသွားပြီလို့ ပြောပြီးဆင်း သွားကြတယ်။

တခါတလေ အဝေးပြေးကွင်း ကို အော်ဒါပါ သွားရင်း အဲ့ဒီကအပြန် အော်ဒါပြန်ရ လာပြီဆိုလည်း နယ်ကသူတွေက ကားပေါ်တက် စီးတဲ့အခါ ပျော်နေတာပဲ။ ရုပ်ရှင်ထဲက လူကြမ်းသရု ပ်ဆောင်ကြီးကို အပြင်မှာတွေ့ ရဖို့ ခက်ခဲရတဲ့အထဲ အခုတော့ သူမောင်းတဲ့ကားပါ စီးဖူးသွားပြီဆိုပြီး ပျော်နေကြ တာပေါ့လေ။ အဲ့ဒီလို လူတွေကျတော့ အရမ်းချစ်ဖို့ေ ကာင်းပါတယ်” ဆိုပြီး သရုပ်ဆောင် အောင်တိုးက အငှား ယာဉ်မောင်းဘဝမှာ လူအမျိုးမျိုး စိတ်အဖုံဖုံနဲ့ ကြုံတွေ့ ခဲ့ရပုံကို ပြောပြခဲ့တာပါ။

တက်စီမောင်းနေရတဲ့ အတွေ့အကြုံ ကို ပြောပြခဲ့တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

ဒါ့အပြင် ကိုဗစ်ကာလအပြီးမှာ ဇာတ်ကားအသစ်တွေရိုက်ပြီးလို့ ရုံပေါ်တင်တဲ့အခါ ပရိသတ်တွေအနေနဲ့ ဆက်လက်အားေ ပးစေချင် ပါတယ်လို့လည်း ပြောပြသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *