နေ့စဉ် ပေါင်မုန့်တွေအခိုးခံနေရပေမဲ့ အပြုံးမပျက်ကြံ့ကြံ့ခံ ရှေ့ဆက်နေတဲ့ မျက်မမြင်အဖွားအို

Posted on

လူတွေ ရဲ့ လောဘဇောတွေ က အဆုံး သတ်လို့ မရပါဘူး ။ သူတို့လိုချင်တာ ရဖို့ဆိုရင် မျက်မမြင်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အလကားရရင် အကုန် ကို ယူတာပါ။ အခုလည်း ထိုင်းနိုင်ငံက မျက်မမြင်အဖွားတစ်ယောက် ရဲ့ သနားစနာအဖြစ်က ပရိသတ်တွေ ကိုလည်း စိတ်မကောင်းဖြစ်စေမှာပါ။

ထို င်းနိုင်ငံမှာတော့ သူ့ကို အန်တီနစ် ( Aunt Nid ) လို့ ရပ်ကွက်ကလူတွေက သိကြပါတယ်။ မျက်စိလည်း မမြင်သလို အမေကလည်း ဆုံးသွားပြီးတဲ့နောက်မှာ တစ်ဦးတည်းပဲ ဘ၀ကို ဖြတ်သန်းနေသူပါ။ ဘ၀ရပ်တည်ရေးကလည်း လိုအပ်နေတဲ့အပေါ် နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်ပြီး၊ ပေါင်မုန့်ရောင်းဖို့ကို ဆုံးဖြတ်လိုက်ပါတယ်။

ကိုယ်တိုင်မလုပ်နိုင်တဲ့အတွက် ယူရောင်ပါတယ်။ တစ်ဖာကို ဘတ် (၅၀) အရင်းရှိပေမဲ့ အန်တီနစ်က အမြတ်အများကြီးမယူပါဘူး။ တစ်ဖာလုံးရောင်းရမှ သူ့အတွက် (၅)ဘတ်လောက်ပဲ ကျန်အောင် ရောင်းတာပါ။ ဒါပေမဲ့ နေ့တိုင်းအရင်းပြန်ရပြီး ပေါင်မုန့်စားရရင်ကို သူ့အတွက် မြတ်ခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်။ အကြောင်းက မျက်စိမမြင်လို့ပါ။

နံနက်ဆို (၇)နာရီလောက်ကတည်းက ဆိုင်ထွက်ပြီး ရောင်းရဖို့ အစောကြီးထ ဆိုင်ခင်းရချိန်မှာ ၀ယ်သူတွေက အားပေးကြပါတယ်။ တချို့က မှန်မှန်ကန်ကန်ပေးသွားသလို တချို့က ပိုက်ဆံအစားစက္ကူတွေညှပ်ပေးတာ၊ မပေးဘဲနှိုက်သွားတာ အပြည့်မေပေးတာတွေကို အစပိုင်းမှာ ကြုံခဲ့ရပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အပြုံမပျက်ခဲ့ပါဘူး။

သူမအကြောင်းကို သိသွားသူတွေက လာလာအားပေးကြသလို တမင်ကို ပိုက်ဆံပိုပေးသွားတဲ့ ၀ယ်သူတွေကြောင့် ရပ်တည်နိုင်ခဲ့ပါတယ်။ နေ့တိုင်းကြုံနေရပေမဲ့ ပေါင်မုန့်ကို အကုန်ရောင်းရပါတယ်။ သနားပြီး အားပေးကြတဲ့အတွက် (၃)နာရီနဲ့ (၄)နာရီလောက် ရောင်းတာနဲ့ ကုန်တယ်လို့ ဆိုပါတယ်။ ၀ယ်သူတွေက အစောကြီး နေထွက်ကာစအချိန်မှာ ခိုးသွားကြတာများတဲ့အတွက် ကူညီပေးမယ့်သူလည်း မရှိပါဘူး။

အသက် (၇၁)ရှိနေပြီဖြစ်တဲ့ အန်တီနစ်ကတော့ သူမအတွက် ဒါတွေဟာ မထူးဆန်းတော့ဘဲ နောက်နေ့ဆက်ရောင်းရဖို့နဲ့ ဘ၀ကိုဆက်ပြီးရပ်တည်နေနိုင်ရင် တော်ပါပြီလို့ ဆိုတတ်ပါတယ်။ ဒီအကြာင်းကို I AM EAT ဆိုတဲ့ ဖေ့ဘုတ်ပေ့ကနေ တင်ဆက်ထားတာကို ပရိသတ်တွေအတွက် ပြန်တင်ဆက်ပေးတာဖြစ်ပါတယ်။ ထိုင်းသွားဖြစ်လို့ တွေ့တဲ့အခါ ၀ယ်စားနိုင်အောင်လို့ပါ။ ဘန်ကောက်မှာ ရောင်းတယ်လို့ ဖော်ပြထားပေမဲ့ နေရာအတိအကျကိုတော့ မဖော်ပြထားပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *