သင်းသင်း ကို ကျေအေးပေးဖို့ ညှိတာမျိုး ရှိရင် သက်သေပြပါဆိုတဲ့ ဝေဠုကျော်

Posted on

ပရိသတ်ကြီး အားလုံး သိပြီးဖြစ်တဲ့ အတိုင်း အလှမယ် သင်းသင်းဟာ မင်းသား ဝေဠုကျော်ကို ကာမ လိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့ပြီး လက်ရှိ မှာတော့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။ အလှမယ် သင်းသင်းက ရုံးချိန်းတွေ ပျက်ကွက်မှုနဲ့ ဝေဠုကျော်ကို မကျေနပ်ကြောင်း မီဒီယာတွေ ကိုပြောခဲ့ပေမယ့် ဝေဠုကျော် ဘက်ကတော့ ကျန်းမာရေး အခြေနေအရ မလို့တရားရုံးကို ခွင့်တိုင်ကြားခဲ့တာလို့ဆိုပါတယ် ။ အမှုက အခုချိန်ထိ မပြီးပြတ်သေးလို့ ဘာဆက်ဖြစ်မလဲ လို့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။

ယနေ့ စက်တင်ဘာ လ (၁၉) ရက်နေ့ ရုံးချိန်းမှာတော့ ဝေဠုကျော် တို့ဘက်က တင်ပြတဲ့ သက်သေတွေ ကို တရားရုံးက ပယ်ချခဲ့တယ်လို့ သိရပါတယ် ။ အဲ့ဒါအပြင် ရုံးချိန်း ပျက်ကွက်မှုဟာ ကျန်းမာရေးအခြေနေအရ အစာအိမ်မှာ virus ဝင်တာဖြစ်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ် ။ သင်းသင်းကိုသွားရောက် ညှိနှိုင်းတယ်ဆိုတဲ့ ကိစ္စကလည်း လုံးဝ မဟုတ်မမှန်ကြောင်းနဲ့ သွားညှိနှိုင်းတဲ့ သက်သေရှိရင် ယူလာပြပါလို့ ဝေဠုကျော်က မီဒီယာတွေရှေ့မှာ အတိအလင်း ကြေညာခဲ့ပါတယ် ။ သင်းသင်းကို တောင်းပန်ဖို့ အစီစဉ်လဲ လုံးဝ မရှိပါဘူးလို့ ပရိသတ်တွေ ကို အသိပေးခဲ့ပါတယ် ။

ဒီအမှု မှာ ဘာတွေဆက်ဖြစ် မလည်းလို့ ပရိသတ်တွေက လည်း စိတ်ဝင်တစား ဖြစ်နေကြတာပါ ။ တောင်းပန် ညှိနှိုင်းဖို့ အစီစဉ်မရှိသလို တရားဥပဒေက ဆုံးဖြတ်ပေးတဲ့ အတိုင်းလ က်ခံမှာပါဆိုတဲ့ ဝေဠုကျော်ကတော့ ကျန်းမာရေး အရ ဆေးကုသမှု ဆက်လက်ခံယူမှာ ဖြစ်ပြီး အမှုကိုဆက်လက်ရင်ဆိုင်သွားမယ်လို့ သိရပါတယ် ။

Source- Sunday
Molly

Leave a Reply

Your email address will not be published. Required fields are marked *