မင်းသားချောလေး စွမ်းဇာနည် အနုပညာလောက မှ တိမ်မြုပ်နေရတဲ့ အဓိက အကြောင်းအရင်း

Posted on

ပရိသတ်ကြီး ရေ အကြင်နာမင်းသားချောလေးစွမ်းကတော့ တတ်ကျွမ်းထားတဲ့ သဘင်ပညာ၊သရုပ်ဆောင်ပညာ၊အဆိုပညာတွေနဲ့မိဘပြည်သူတွေရဲ့ အသည်းကို သိမ်းပိုက်နိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကိုတောင်ရောက် ရှိတော့မှာဖြစ်ပါတယ် ။
နှစ်ပေါင်းများစွာ ပရိသတ်တွေက ယုယုယယအားပေးချစ်ခင်ခံရတဲ့ စွမ်းတစ်ယောက် လက်ရှိမှာသဝန်တိုတတ်တဲ့ချစ်သူတစ်ဦးကို ရရှိထားတယ်လို့လည်းသိရပါတယ် ။

ဇာတ်သဘင်လောက မှာ ပရိသတ်တွေကြဲတဲ့ ချီးမြှင့်တဲ့ ချိုချဉ်၊ အချဉ်ထုတ် ကအစ တခြားစားကောင်းသောက်ဖွယ်တွေကို မင်းသားတွေက ပရိသတ်တွေ စိတ်ကျေနပ်သွားအောင်စားပြရတာမျိုးတွေ ရှိပေမယ့်လက်ရှိစွမ်းရဲ့ချစ်သူက သ၀န်တိုတတ်ကြောင်း၊ ဒ့ါအပြင်ပရိသတ်တွေကျွေးတဲ့ မုန့်တွေကို မစားခိုင်းကြောင်းသိရပါတယ် ။ ဒီလိုကိစ္စရပ်တွေကြောင့် အမာခံ ပရိသတ်တော်တော်များများ ဒေါသတွေထွက်နေကြရကြောင်းနဲ့ ဒီပုံစံအတိုင်းဆက်သွားမယ်ဆို ရေရှည်မှာ စွမ်းရဲ့အောင်မြင်မှုကို ထိခိုက်နိုင်တယ်လို့လည်း ပရိသတ်အများစုက သုံးသပ်နေကြပါတယ် ။

ယခင်ကစွမ်းရဲ့ အချစ်ဦးဖြစ်တဲ့ ဇွန်ဇွန်ဟာ အင်မတန်သဘော ထားကြီးပေးခဲ့တာ ၊ပရိသတ်တွေကို လေးလေးစားစား ဆက်ဆံပေးခဲ့တာတွေကြောင့် ပရိသတ်တွေကတော့ ဇွန်ပွင့်နဲ့ပြန်လည်အဆင်ပြေသွားနိုင်ဖို့လည်း မျှော်လင့်နေကြပါသေးတယ် ။ ပရိသတ်ကြီးရော စွမ်းတစ်ယောက် ချစ်သူအတွက်အောင်မြင်မှုကို လက်လွှတ်ရတော့မှာလားဆိုတာ မှတ်ချက်ကနေ သုံးသပ်ပေးခဲ့ကြပါဦး ။

Leave a Reply

Your email address will not be published. Required fields are marked *