သူရိယ နဲ့ ပတ်သက်ပြီး အမှန်တရားအတိုင်း ဖြေရှင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ဆုအိမ့်စံ

Posted on

အားကျစရာ Idol Couple လို့ ပရိသတ်တွေ က သတ်မှတ်ခြင်း ခံရတဲ့ထိ လိုက်ဖက် ညီလွန်းတဲ့ မင်းသား သူရိယ နဲ့ ဆုအိမ်စံတို့ စုံတွဲေ လးဟာ လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်ရဲ့ ၊ဖေဖော်ဝါရီလ(၁၄) ရက်နေ့မှာတင် နှစ်ဖက်သော မိဘများနဲ့ အတူ စေ့စပ်ခဲ့ပြီး မင်္ဂလာ ပွဲကိုလည်း (၂၀၁၉)နှစ်လယ် ပိုင်းလောက်မှာ ကျင်းပဖို့ အစီအစဉ်ရှိခဲ့တာပဲဖြစ်ပါတယ်။ သူ တို့ ချစ်သူ(၂)ဦးဟာ “Thu Riya & Hsu Eaint San”Pageလေး ကိုလည်း တည်ထောင်ထားပြီး သူတို့ နှစ်ဦး တွဲဖက် လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုတွေ ကို ပရိသတ်တွေ အတွက် ဖော်ပြပေးခဲ့ပါသေးတယ်။

ချစ်သူ သက်တမ်း (၂)နှစ်ကျော်ကျော် အထိ လက်တွဲလာတဲ့သူတို့ စုံ တွဲလေးဟာ မကြာသေးမီအ ချိန်က စိတ်သဘောထားချင်း မတိုက်ဆို င်တော့တာကြောင့် ဆုဆု နဲ့ လမ်းခွဲလိုက်ပြီလို့ သူရိယဘက်ကဖြေကြားခဲ့ပြီး ဒီလို ဖြေကြားတဲ့ အပေါ် ဆုအိမ်စံကတော့ သူရိယဘက်က တစ်ဖက်သတ်ေ ကြညာချက်ဖြစ်ကြောင်း၊ သူမဘက် ကသစ္စာဖောက်ခဲ့ခြင်း တစ်စုံတရာ မရှိခဲ့သလို လက်ထပ်ဖို့ အတွက် အချိန်ဆွဲနေခဲ့တဲ့ သူရိယ ဟာ သူကိုယ်တိုင်ဘက်က စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရန် ဆိုလာခဲ့ခြင်းကြောင့် မိန်းကလေး တစ်ယောက်ရဲ့ နစ်နာမှုများအပေါ် သူမဘက်က ဥပဒေနဲ့ အညီ ဖြေရှင်းမှာဖြစ်တဲ့ အကြောင်းကို လည်း တုံပြန်ပြောကြားခဲ့ပါသေးတယ်။

ဒီလိုဖြစ်ပွားခဲ့ပြီးေ နာက်ပိုင်းမှာတော့ သရုပ်ဆောင် ဆုအိမ်စံဟာ ကျ န်းမာရေးကြောင့် ဆေးကုသမှုတွေရှိခဲ့တဲ့ အပြင် Facebook account ပါအဟက်ခံခဲ့ ရတာလည်း ပရိသတ်တွေသိ ရှိပြီးသားဖြစ်မှာပါ။ လတ်တလောမှာလည်း သူမတို့ နှစ်ဦးသား ချစ်သူဘဝ ကအတူတူ အသုံးပြုခဲ့တဲ့ “Thu Riya & Hsu Eaint San”Pageေ လးကနေ သူမကို Admin အဖြစ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြလာပါတယ်။ အခုလိုထုတ်ပယ်ခံရပြီးေ နာက်ပိုင်းမှာ Pageကနေ မဟုတ်မမှန်သ တင်းတွေထွက်ပေါ်လာခြင်း၊ Pageအားဖျက်သိမ်ြး ခင်းတို့ ဖြစ်ပေါ်လာပါက သူမစိတ်ဆန္ဒ မပါဝင်ကြောင်းနဲ့ အမှန်တရားအတိုင်း ဖြေရှင်းဆောင်ရွက်မှုများကို ဆက်လက်လု ပ်ဆောင်သွားမယ်ဆိုတဲ့ အကြောင်းကို လည်း ပြောကြားထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *