ချစ်ခင်ပွန်း ရွှေထူးအတွက် ကြည်ကြည်နူးနူးလေး မွေးနေ့ ဆုတောင်းပေးလိုက်တဲ့ ရွှေမှုံရတီ

Posted on

ပရိသတ်တွေ ရဲ့အချစ်ောတ် အနုပညာရှင် ဆယ်လီစုံတွဲတွေ ထဲမှာ အဆိုတော် သရုပ်ဆောင် မင်းသားချော ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီတို့ကတော့ အားကျစရာ စုံတွဲလေးပါပဲ..။

တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးမှုလေးတွေနဲ့ ရိုမန်တစ် ဆန်ကြတဲ့ သူတို့စုံတွဲလေးကတော့ ပရိသတ်တွေကို အမြဲအားကျကြည်နူးစေသလို အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်..။

ဇနီးချောလေးရွှေမှုံကတော့ ဒီကနေ့မှာ မွေးနေ့ကျရောက်လာတဲ့ ရင်နဲ့အမျှချစ်မြတ်နိုးရတဲ့ ချစ်ခင်ပွန်းရွှေထူးအတွက် ကြည်ကြည်နူးနူးလေး မွေးနေ့ဆုတောင်းစကားလေး ဆိုလိုက်ပါတယ်..။

သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ Happy Birthday Pa Pa လို့ ချစ်စနိုးလေးပြောပြီး ကြည်ကြည်နူးနူးလေး မွေးနေ့ဆုတောင်းပေးထားတာမို့ ပရိသတ်တွေကလည်း သူတို့စုံတွဲလေးအတွက် ဆုတောင်းစကားလေးတွေနဲ့ ကြည်နူးနေကြပါတယ်..။

ပရိသတ်တွေရဲ့ အသည်းကျော် သူတို့ဇနီးမောင်နှံလေးကတော့ မွေးနေ့အမှတ်တရအလှူလေးအဖြစ် လှည်ကူးမြို့နယ်၊ မရမ်းချောင်ကျေးရွာမှာရှိတဲ့ မေတ္တာပရဟိတဂေယာမှာ အလှူလေးတွေပြုလုပ်ကာ ကုသိုလ်ယူခဲ့ကြပါတယ်..။

ပရိသတ်တွေကလည်း သူတို့စုံတွဲလေးရဲ့ မွေးနေ့အလှူလေးကို ကြည်နူးပီတိလေးတွေနဲ့ ဆုတောင်းစကားလေးတွေ ပြောထားကြပြီး လိုက်ဖက်ညီလွန်းကြတဲ့ စုံတွဲလေးကိုလည်း ချစ်မဝဖြစ်နေကြမှာပါနော်..။

Source;myanmarload
Photo Credit – Htoo Khant’s Facebook ၊ Shwe Mhone Yati’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *