တစ်နိုင်ငံလုံးက ပရိသတ်​​တွေ မျှော်လင့်စောင့်​စား​နေကြတဲ့ “Now and Ever” ရုပ်​ရှင်​ နမူနာဗီဒီယိုအတို ထွက်​ရှိလာ …

Posted on

အနုပညာ ကို ​စိတ်​​ရောကိုယ်​ပါနှစ်​ပြီး အ​ကောင်းဆုံး ပုံ​ဖော်​​လေ့ရှိတဲ့ ဒါရိုက်​တာ ခရစ္စတီးနားခီနဲ့ သရုပ်​​ဆောင်​ ဇဏ်​ခီတို့ ဇနီး​မောင်​နှံက​တော့ ထူးခြားတဲ့ အနုပညာစွမ်းရည်​​ကြောင့်​ အချိန်​တိုအတွင်း ပရိသတ်​​တွေရဲ့ လက်​ခံအား​ပေးမှုကို အပြည့်​အဝ ရရှိထားတာပဲ ဖြစ်​ပါတယ်​။

လတ်​တ​လောမှာ​တော့ ခရစ္စတီးနားခီက ဇဏ်​ခီ၊ ပိုင်​ဖြိုးသုတို့ အဓိကသရုပ်​​ဆောင်​ထားတဲ့ “ထာဝရ​နှောင်​ကြိုး” ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ နမူနာ ဗီဒီယို အတိုကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးလိုက်​တာ ​တွေ့ရပါတယ်​။ ခီ​မောင်​နှံရဲ့ အမာခံ ပရိသတ်​​တွေက​တော့ ခီ​မောင်​နှံရဲ့ တတိယ​မြောက်​ရုပ်​ရှင်​ကို နမူနာဗီဒီယိုအတို​လေးနဲ့တင်​ အရမ်း​ကြွေ​နေကြတာပါ​နော်​။ ချစ်​ပရိသတ်​​တွေ​အတွက်​ နမူနာဗီဒီယိုအတိုနဲ့တင်​ အရမ်းမိုက်​​နေတဲ့ “Now and Ever ” ရုပ်​ရှင်​ရဲ့ အမိုက်​စားတင်​ဆက်​မှု​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ခရစ္စတီးနားခီက​တော့ “NOW & EVER TEASER” ဆိုပြီး သူမရဲ့ တတိယ​မြောက်​ရုပ်​ရှင်​ကို အမြည်း​လေးပြသခဲ့တာပါ။

ဒါရိုက်​တာ ခရစ္စတီးနားခီရဲ့ တတိယ​မြောက်​ရုပ်​ရှင်​ဖြစ်​တဲ့အပြင်​ မင်းသမီးကလည်း အရမ်းကို သရုပ်​​ဆောင်​​ကောင်းတဲ့ ပိုင်​ဖြိုးသု​လေးမို့ ပိုပြီး စိတ်​ဝင်​စားစရာ ​ကောင်း​နေတာပါ။ “Now and Ever” ရုပ်​ရှင်​ကို​တော့ ဒါရိုက်​တာ ခရစ္စတီးနားခီရဲ့ ​မွေး​လဖြစ်​တဲ့ ​အောက်​တိုဘာလ ထဲမှာ ပြသဖို့ ကြိုးစား​နေတယ်​လို့လည်း သိရပါတယ်​။ ချစ်​ပရိသတ်​​တွေ​လည်း ရုံတင်​ဖို့ သိပ်​မလို​တော့တဲ့ “ထာဝရ​နှောင်​ကြိုး” ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ နမူနာ ဗီဒီယိုကို သ​ဘောကျရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Credit;Now And Ever’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *