ထောင် ၁၀ နှစ်အထိကျခံရမည့် ပုဒ်မ၃၀၇ဖြင့် အမှုဖွင့်အရေးယူခံရသည့် သရုပ်ဆောင်လင်းလက်ဟိန်း၏ ဖြစ်ရပ်မှန်သတင်းက ဒီလိုပါ

Posted on

နံနက် (၅၃၀) အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး(၁၉၉)သတင်းဌာနမှ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ၊ရတနာပုံလမ်း၊တိုက်(၉)ရှေ့တွင် လူတစ်ဦး ဓါးကိုင်ရမ်းကားမူးယစ်သောင်းကျန်းနေကြောင်း သတင်းအရ သင်္ဃန်းကျွန်းမြို့မရဲစခန်း ဒုရဲမှူးတင်ဦး၏တာဝန်ပေးချက်အရ(၁၉၉)

သတင်းအတည်ပြု စုံစမ်းဖမ်းဆီးရန် အတွက် နယ်ထိန်း ရဲတပ်ကြပ် တေဇာဝင်းရဲတပ်သားကျော်ထက်လင်း ရဲတပ်သားကျော်စွာလင်း တို့အဖွဲ့သည် ဆယ်သိန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦး၊ ရာအိမ်မှူးဦးသိန်းဝင်းအဖွဲ့တို့နှင့်အတူ သွားရောက် ထိန်းသိမ်းဖမ်းဆီးရာ ဓါးကိုင်ရမ်းကားမူးယစ် သောင်းကျန်းနေသူအား ၎င်းရပ်ကွက် ရတနာပုံလမ်းမပေါ်တွင် ၎င်း၏ယာဘက်လက်ထဲ၌ အရှည်(၃)ပေခန့်

ဗျက်(၁)လက်မခန့် ဟင်ဂဟန်သံပြား(၁)ချောင်းအားလည်းကောင်း ဝဲဘက်လက်ထဲတွင် လက်ကိုင်အစိမ်းရောင်ကွင်းပါအရှည်(၈)လက်မခန့်ရှိ ကပ်ကြေးအားလည်းကောင်း ကိုင်ဆောင်ထားသည် ကိုတွေ့ရှိရသဖြင့် ကိုင်ဆောင်ထားသော လက်နက်များအား အောက်သို့ ချ၍ အသာတကြည် အဖမ်းခံရန် နယ်ထိန်း ရဲတပ်ကြပ် တေဇာဝင်းအဖွဲ့နှင့်ဆယ်သိန်းရပ်ကွက် အုပ်ချုပ်ရေးမှူး

ဦးဝင်းဇော်ဦး အဖွဲ့တို့မှ အကြိမ်ကြိမ်ပြောဆို သော်လည်း၎င်းမှ လက်မခံဘဲလက်ထဲတွင် အသင့်ကိုင်ဆောင်ထားသည့် သံချောင်းဖြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးအားရိုက်နှက်ခဲ့ရာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးတွင်ဝဲဘက်လက်ကောက်ဝတ် အနီးပွန်းပဲဒဏ်ရာရရှိခဲ့ပြီး ထပ်မံ၍ ရဲတပ်ကြပ်တေဇာဝင်းအား ကတ်ကြေးဖြင့် ပြေးထိုးစဉ် ရဲတပ်သား ကျော်ထက်လင်းမှအ သင့်ကိုင်ဆောင်ထားသော၁၂ဗို့ပန်အက်ရှင် သေနတ်ဖြင့် ၎င်း၏အောက်ပိုင်းအား

(၁)ချက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံမှာယာဘက်ပေါင်ရင်းတွင် ပေါက်ပြဲဒဏ်ရာ (၃)ချက်ထိမှန်ပြီး လဲကျစဉ်လုံးထွေးဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ ၎င်းမှာလင်လတ်ဟိန်း(ခ) သန်းထိုက်ဦး(၃၆)နှစ်(ဘ)ဦးလှိုင်မြင့် အနှပညာသရုပ်ဆောင်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူဖြစ်ကြောင်း သိရှိရပါသည်

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သရုပ်ဆောင် လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊(၃၆)နှစ် (သင်္ဃန်းကျွန်းမြို့နယ်၊ ရတာနာပုံလမ်း၊ဆယ်သိန်းရပ်ကွက်နေသူ)ကို သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။ ပုဒ်မ-၃၀၇ ဆိုသည်မှာပြုလုပ်မှု တစ်ခုခုကို ပြုရာတွင်သေခြင်းကိုဖြစ်စေခဲ့သော်(သို့)လူသတ်မှုမြောက်နိုင်မည့် ကြံရွယ်ချက်ဖြင့်လည်းကောင်း၊

ထိုကဲ့သို့သော(ပြုလုပ်မှုတခုခုကို ပြုရာတွင်သေခြင်းကိုဖြစ်စေခဲ့သော် လူသတ်မှုမြောက်နိုင်မည့်)ပတ်ဝန်းကျင်ကြောင်းခြင်းရာဖြင့်လည်းကောင်း၊မည်သူမဆို၊ ပြုလုပ်မှုတစ်ခုခုကိုပြုလျှင်၊ထိုသူကို (၁၀)နှစ်ထိထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟုပြဌန်းထားပါကြောင်းသိရပါသည်

NEWS REPORT-ပီတာနှင့်အဖွဲ့(SH သတင်းဌာန)သဃန်းကျွန်းမြို့နယ်ရုံးEDIT————U UTHET(SHသတင်းဌာန)”ရှုထောင့်”မှုခင်းနှင့်သတင်းစုံဂျာနယ်အမှန်တရား သတင်းဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *