ပရိသတ်တွေ သဘောကျနေကြ တဲ့ ကျော်ထွဋ်ဆွေ ပြောပြတဲ့ ယောက်ျားကောင်း တို့ရဲ့ အင်္ဂါရပ်တွေ

Posted on

အရမ်း ကို ဂေါ်လွန်းလို့ လူငယ် ပရိသတ်တွေ သဲသဲလှုပ် ချစ်ခင် အားပေးကြတဲ့ အဆိုတော် ကျော်ထွဋ်ဆွေ ကတော့ ပျော်ပျော်နေတတ်သူ တစ်ဦးမို့ မကြာခဏဆိုသလို ပရိသတ်တွေကို ပျော်အောင် စနောက်လေ့ရှိသူတစ်ဦးပါ။ ချစ်သူချောချောလေး ကို ပိုင်ဆိုင်ထားတဲ့ ကျော်ထွဋ်ဆွေ ကတော့ ဝါသနာချင်း တူတဲ့ ချစ်သူ နဲ့အတူ အနုပညာ အလုပ်တွေကို အတူလုပ်နေသူတစ်ဦး ဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ ကျော်ထွဋ်ဆွေက ယောက်ျားကောင်းတွေ မှာရှိတဲ့ အင်္ဂါရပ်တွေကို စစနောက်နောက်နဲ့ ထုတ်ပြောထားတာကြောင့် ပရိသတ်တွေ အားလုံးက သဘောကျနေကြတာပဲ ဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေ ကတော့ “ယောင်္ကျားကောင်းတို့၏ အင်္ဂါရပ်များ- အသားမဲ၊ သွားကြဲ၊ နားရွက်ကပ်၊ မျက်ခုံးမရှိ၊ နှဖူးအဆီပြန်၊ မျက်စိကျဉ်း၊ နှာခေါင်းပြား၊ နှုတ်ခမ်းထော်၊ ပါးဖေါင်း၊ သဘောကောင်း 🤣” ဆိုပြီး စစနောက်နောက် နဲ့ ပြောထားတာပါ။ ကျော်ထွဋ်ဆွေ ရဲ့အဖြေကိုတော့ ပရိသတ်တွေ အားလုံးက အရမ်းကို သဘောကျနေကြတာပဲ ဖြစ်ပါတယ်။

ချစ်သူ သက်တမ်း နှစ်ပေါငးများစွာကြာအောင် ခိုင်ခိုင်မြဲ လက်တွဲထားနိုင်တဲ့ ကျော်ထွဋ်ဆွေကတော့ အခုအချိန် အထိကို ချစ်ရသူလေးကို အရိပ် တကြည့်ကြည့်နဲ့ ကြည်နူးစရာ ဘဝခရီးကို ရှေ့ဆက်နေတာပဲဖြစ်ပါတယ်။< ​ကျော်​ထွဋ်​​ဆွေ နဲ့ နန်းသူဇာ တို့ ချစ်​သူနှစ်​ဦးက​တော့ တစ်​ဦးနဲ့တစ်​ဦး နားလည်​မှု​တွေများစွာ နဲ့ ​ရှေ့ဆက်​​နေကြတာ အခုဆိုရင်​ ချစ်​သူသက်​တမ်း ၉ နှစ်နီးပါး ရှိ​နေပြီပဲ ဖြစ်​ပါတယ်​။ သူတို့ချစ်​သူနှစ်​ဦးက​တော့ လတ်တ​လောမှာလည်း အနုပညာ အလုပ်​​တွေ ကိုယ်​စီလုပ်​ရင်း အနာဂါတ်​အတွက်​ ကြိုးစား​နေကြတာပါ။ ချစ်​ပရိသတ်​​တွေ ​လည်း ယောက်ျားကောင်းတွေ ရဲ့ အင်္ဂါရပ်တွေကို ထုတ်ပြောလာတဲ့ ကျော်ထွဋ်ဆွေ ရဲ့အဆိုကို လက်ခံရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

crd : momolay

Leave a Reply

Your email address will not be published. Required fields are marked *