2.1.2020 မှ 8.1.2020 အထိ ၇ ရက် သားသမီး တစ်ပတ်စ ဟောစာတမ်း တနင်္ဂနွေ ဒီလိုကာလမျိုးမှာတော့ငွေလဲရ၊ ငွေလဲကုန်မည်။ စိန်များ ဝယ်ယူမယ်ဆိုပါက စိတ်ချရတဲ့နေရာကဝယ်ယူပါ။ ဖခင်၏ အလုပ်ကူလုပ်ပေးရခြင်း သို့မဟုတ် အထက်လူကြီးအလုပ်တွေကို ကူညီဖြေရှင်းပေးရတတ်ပါတယ်။ စက်မှု၊ လျှပ်စစ်နှင့် စပ်သော လုပ်ငန်းများ အဆင်ပြေလာတတ်ပါတယ်။ ဆွေမျိုး၊ တပည့်များ၏ ကူညီမှုရမည်။