နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူ ရဲ့ နေအိမ်ချိပ်ပိတ်ခံရ

နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူပိုင်ဆိုင်တဲ့ ရန်ကုန် မရမ်းကုန်းမြို့နယ်က နေအိမ်ကို စစ်ကောင်စီတပ်သားတွေ မနေ့ညပိုင်းက လာရောက် ချိပ်ပိတ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူက RFA ကိုပြောပါတယ်။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

ပြီးခဲ့တဲ့ တစ်လလော က်ကတည်းက စစ်ကောင်စီရဲ့ စုံစမ်းထောက်လှမ်းရေး အဖွဲ့တွေ အိမ်နားမှာ လာစောင့်ကြပ်၊ ရှာဖွေတာတွေ ရှိနေပြီးနောက် အခုလို ချိတ်ပိတ်သွားတာလို့ ဆိုပါတယ်။

ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့ဟာ ဖမ်းဝရမ်း ထုတ်ခံထားရပြီး တရားရုံးလာဖို့ ပျက်ကွက်တာကြောင့် နေအိမ်ကို ချိပ်ပိတ်ကြောင်း Myanmar Now သတင်းဌာန က ရရှိတဲ့ တရားရုံးအမိန့်စာမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

ဩဂုတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး တရားရုံးကို လာရောက်ရှင်းလင်းဖို့လည်း ဆင့်ခေါ်ထားပါတယ်။

ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက် တို့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅ နဲ့ တရားစွဲခံထားရတာပါ။ CDM ပါတဲ့သူတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် သူတို့နှစ်ဦးဟာ လွတ်မြောက်နယ်မြေတစ်နေရာကို ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။ Source;RFA

Zawgyi Version

နာေရးကူညီမႈ အသင္း ဥကၠ႒ ဦးေက်ာ္သူပိုင္ဆိုင္တဲ့ ရန္ကုန္ မရမ္းကုန္းၿမိဳ႕နယ္က ေနအိမ္ကို စစ္ေကာင္စီတပ္သားေတြ မေန႔ညပိုင္းက လာေရာက္ ခ်ိပ္ပိတ္သြားတယ္လို႔ မိသားစုနဲ႔ နီးစပ္သူက RFA ကိုေျပာပါတယ္။

ၿပီးခဲ့တဲ့ တစ္လေလာ က္ကတည္းက စစ္ေကာင္စီရဲ႕ စုံစမ္းေထာက္လွမ္းေရး အဖြဲ႕ေတြ အိမ္နားမွာ လာေစာင့္ၾကပ္၊ ႐ွာေဖြတာေတြ ႐ွိေနၿပီးေနာက္ အခုလို ခ်ိတ္ပိတ္သြားတာလို႔ ဆိုပါတယ္။

ဦးေက်ာ္သူနဲ႔ ဇနီးျဖစ္သူ ေဒၚေ႐ႊဇီးကြက္တို႔ဟာ ဖမ္းဝရမ္း ထုတ္ခံထားရၿပီး တရား႐ုံးလာဖို႔ ပ်က္ကြက္တာေၾကာင့္ ေနအိမ္ကို ခ်ိပ္ပိတ္ေၾကာင္း Myanmar Now သတင္းဌာန က ရ႐ွိတဲ့ တရား႐ုံးအမိန္႔စာမွာ ေဖာ္ျပထားပါတယ္။

ဩဂုတ္လ ၂၅ ရက္ေန႔ ေနာက္ဆုံးထားၿပီး တရား႐ုံးကို လာေရာက္႐ွင္းလင္းဖို႔လည္း ဆင့္ေခၚထားပါတယ္။

ဦးေက်ာ္သူနဲ႔ ေဒၚေ႐ႊဇီးကြက္ တို႔ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅ဝ၅ နဲ႔ တရားစြဲခံထားရတာပါ။ CDM ပါတဲ့သူေတြကို ေထာက္ပံ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စစ္ေကာင္စီက လိုက္လံဖမ္းဆီးေနတာေၾကာင့္ သူတို႔ႏွစ္ဦးဟာ လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ထြက္ေျပးတိမ္းေ႐ွာင္ေနတာ ျဖစ္ပါတယ္။ Source;RFA