တစ်ခုပြီး တစ်ခုရရှိလာတဲ့ အောင်ပွဲတွေနဲ့အတူ လုပ်သင့်တဲ့အရာတွေကို ပရိတ်သတ်တွေ အတွက် မျှဝေလိုက်တဲ့ ကိုပေါက်
ပရိသတ်ကြီးရေ ရုပ်ရှင်ဇာ တ်ကားတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ နေရာတစ်နေရာရရှိထားတဲ့သူကတော့ ကိုပေါက် ပဲဖြစ်ပါတယ်။ သူကတော့ အကြမ်းအ နုကာ ရိုက်တာပေါင်းစုံ ကျရာဇာ တ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ဇာတ်ပို့သရုပ်ဆော င်အဖြစ် လူသိများတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးသရုပ်ဖော်တဲ့ ဒါရိုက်တာတစ်ဦးအနေနဲ့လဲ အနုပညာလောကမှာ နာမည်ကြီး ကျော်ကြား ခဲ့ပါတယ်။
ဒါရိုက်တာ ကိုပေါက် ဟာ ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ဒါရိုက်တာ ကိုပေါက် ဟာ ပြည်သူတွေသွေးမအေးသွားစေဖို့အတွက်လဲ အချိန်တိုင်းနှိုးဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။ ဒီနေ့မှာလဲ ပြည်သူတွေကို သွေးမကွဲ၊သွေးမအေးဖို့ လိုအပ်တဲ့အကြောင်းကို ” ကျနော်တို့ပြည်သူတွေကို စစ်အာဏာရှင်က လက်နက်ကိုင်လမ်းစဉ်ကိုကျင့်သုံးဖို့ တွန်းပို့ခဲ့တယ်။ အရင်က ပြည်သူ့တော်လှန်ရေးက ခုခံတော်လှန်စစ်ဖြစ်တယ်။
အခုတော့ ပြည်သူ့တော်လှန်ရေးက တိုက်စစ်ဆင်တော်လှန်ရေးကို အကောင်အထည်ဖော်ဆောင်နေပြီး အောင်ပွဲတွေလည်း တစ်ခုပြီးတစ်ခုရရှိလာပြီဖြစ်သည်။ အားလုံး ညီညွတ်ကြဖို့ပဲလိုပါတယ်။ သွေးကွဲဖို့ မစဉ်းစားနဲ့။ သွေးခွဲတာကိုလက်မခံနဲ့။ ကျနော်အဆင်ပြေပါတယ်။ ခင်ဗျားတို့ အဆင်မပြေမှာပဲစိုးတာ” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ တစ်ဆင့်ရေးသားထားတာကို တွေ့ရပါတယ်နော်။
ကဲ…ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ အောင် ပွဲတွေတစ်ခုပြီး တစ်ခုရလာပြီဖြစ်တာကြောင့် သွေးမကွဲပဲ ညီညွတ်ကြဖို့ ‌ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။ Credit
Zawgyi Version