ဘဝ မှာ သေမလိုဖြစ်တာမျိုး (၂)ခါ ကြုံဖူးကြောင်း ပရိတ်သတ်တွေကို ပြောပြခဲ့တဲ့ မင်းသမီးချော သက်မွန်မြင့်

ပရိတ်သတ်ကြီး ရေ၊အခုတ စ်ခါမှာဆိုရင်တော့ သရုပ်ဆောင်သက်မွန်မြင့်က ဘဝမှာအသက်ဘေးကလွတ်ပြီး သေမလိုဖြစ်တာ (၂)ခါကြုံဖူးကြောင်းအခုလို ရင်ဖွင့် ပြောပြလာခဲ့ ပါတယ်နော်။ သရုပ်ဆောင်သ က်မွန်မြင့်က ဘဝမှာ သေမလိုဖြစ်တာ ကြုံဖူးပြီ၊ သေဘေးကလွတ်ဖူးခဲ့ပြီ၊ ကလေးမွေးတုန်းက ၂ ယောက်လုံး pain ရပြီးမှ မွေးတာဆိုတော့ သေမလိုခံခဲ့ရတာပါပဲ၊

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

ဒါမယ့် စိတ်ရောလူရော ပြင်ဆင်ခဲ့ ပြီးသားဆိုတော့ ရင်ဆိုင်နိုင်တယ်၊ ရင်ဆိုင်တတ်တယ်၊ ကလေးကိုယ်ဝန်ထဲက ပြင်ဆင်လာတာလေနော်၊ ဒီတခါ ရုတ်တရက် ဖြစ်တာဆိုတော့ နာတာ ရော၊ လန့်တာရော၊ စိတ်တွေ မတည်ငြိမ်၊ ဘုရားစာတွေရွတ်တာတောင် ယောက်ယက် အနာကို မှတ်ရမလား၊ ကောင်းမှုလုပ်ခဲ့တာတွေ တွေးရမလား၊ ဘုရား စာဆိုရမလားနဲ့ ဗျာများတာ။

ပြီးမှ စိတ်ကိုငြိမ်အောင် ထိန်း သရဏဂုံတွေ ဆိုနေတော့တာ၊ ဒီချိန် သံယောဇဉ်တွေ အကုန်ဖြတ်ရတယ်၊ မဟုတ်ရင် စွဲမှာလေ၊ မဟုတ်တဲ့ ဘဝတော့ မရောက်ချင်ဘူး၊ အသေတတ်ရတယ်၊ အသေလေ့ကျင့်ရတယ်ဆိုတာ ဖတ်ဖူးတယ်၊ သေချာ မမှတ်မိတော့လို့၊ ခုတော့ လက်တွေ့ကြုံဖူးပြီ၊ တကယ် သေမလိုဖြစ်ရင် ဘယ်လိုတွေ ဖြစ်တ တ်လဲဆိုတာ သိသွားရတယ်၊ အများကြီး ကြိုးစား ပြင်ဆင်ရဦးမယ်။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

ရင်ဘတ် အောင့်တာ ညကတည်းကဖြစ်တာ ဒါမယ့် အဲ့လောက်ဆိုးမယ်မထင်လို့ အလှုပ်အရှား သတိထားတာလောက်ပဲနေခဲ့တာ၊ လေအောင့်တယ်ပဲ ထင်ခဲ့တာ၊ တညလုံး ပိုပိုဆိုးလာတာ မနက် ၆ နာရီကျတော့ ရှိသမျှ အားတွေစုပြီး ယောက်ျားကို အော်ခေါ် မခံနိုင်တော့ဘူး၊ သေသွားမှာစိုးလို့ မသေချင်သေးဘူးလေ၊ အဲ့ဒါနဲ့ ပင်လုံဆေး ရုံပြေး emergency ဝင်၊ ECG ရိုက်၊ အဲ့ချိန်မှာပဲ အဖျားက တက်ပြန်၊ ဆေးထိုးတော့ သက်သာပြီး အိပ်ပျော်သွားတယ်၊ ECG ရိုက်တာ ဘာမှ မဖြစ်ဘူးတဲ့၊ ဆင်တုပ်ကွေးဖြစ်မဖြစ် သွေးစစ်၊ မဟုတ်ဘူးဆိုမှ တော်သေးတယ်ပေါ့၊ ကလေးတွေက ကိုယ့်ကို အသေကပ်တာဆိုတော့ ကူးမှာစိုးလို့ ကြောက်နေရတာ။

သိပ်တော့မထူး၊ တုပ်ကွေးပါပဲ ခံလိုက်ရတာဆိုတာ ကလေးက အနားကပ်ချင်လို့ ငို၊ ချီဖို့နေနေသာသာ အသက်တောင် ဝဝ မရှုရဲ အလှုပ်အရှားဆင်ခြင်ရတယ်၊ ဟိုဘက်ဒီဘက်ကို မလှည့်နိုင်တော့တာ၊ ဘယ်ဘက်အောင့်တာ ဘယ်လက်ပါ မြှောက်မရတော့တာ၊ ကလေးငိုတာ ဒီတိုင်းကြည့်နေရတာပေါ့..

ကမာ္ဘပျက်တာပါပဲ၊ ရင်ဘတ် အရိုးနုရောင်တယ်ဆိုလား အရွတ်ရောင်တယ်ဆိုလား မှတ်မိဘူး၊ ခုထိ အသက်ရှုတာ ထိန်းရှုနေရတုန်း လှုပ်ရှားမှုမှန်သမျှ သတိကြီးကြီး ထားနေရတုန်း၊ တော်တော် နာတယ် တော်တော်ကြော က်သွားပါတယ်၊ မွေးနေ့လေးမှာ တရားစခန်းဝင် အလေ့အကျင့်ကလေး နီးနီးစပ်စပ်ရထားပေလို့ပဲ၊ မဟုတ်ရင် ဘာဖြစ်မယ်မသိ၊ တကယ်သေမယ်ဆိုရင်တောင် ကျွတ်မှာ မဟုတ်ဘူး၊ သမီးတွေ သားတွေ အဖေတွေအမေတွေစိတ်နဲ့ စွဲမှာပဲ။ Credit

Zawgyi Version






ကမ္ဘာပျက်တာပါပဲ၊ ရင်ဘတ် အရိုးနုရောင်တယ်ဆိုလား အရွတ်ရောင်တယ်ဆိုလား မှတ်မိဘူး၊ ခုထိ အသက်ရှုတာ ထိန်းရှုနေရတုန်း လှုပ်ရှားမှုမှန်သမျှ သတိကြီးကြီး ထားနေရတုန်း၊ တော်တော် နာတယ် တော်တော်ကြော က်သွားပါတယ်၊ မွေးနေ့လေးမှာ တရားစခန်းဝင် အလေ့အကျင့်ကလေး နီးနီးစပ်စပ်ရထားပေလို့ပဲ၊ မဟုတ်ရင် ဘာဖြစ်မယ်မသိ၊ တကယ်သေမယ်ဆိုရင်တောင် ကျွတ်မှာ မဟုတ်ဘူး၊ သမီးတွေ သားတွေ အဖေတွေအမေတွေစိတ်နဲ့ စွဲမှာပဲ။ Credit