အမှိုက်ကောက် တဲ့ မိသားစု မှာ မွေးဖွားကြီးပြင်းလာခဲ့ပြီး ထိုင်းနိုင်ငံ ရဲ့ Miss Universe Thailand 2022 ဆုကိုရယူနိုင်ခဲ့တဲ့ မိန်းကလေး

ပြီးခဲ့တဲ့ စနေနေ့ ဇူလိုင်လ ၃၀ ရက်က ကျင်းပခဲ့တဲ့ Miss Universe Thailand 2022 အလှမယ်ပြိုင်ပွဲမှာ တစ်ချိ န်တုန်းက အမှိုက်ကောက်ခဲ့တဲ့ မိသားစုက ဆင်းသက် လာလို့ Miss Garbage လို့ ခေါ်ခံရတဲ့ မိန်းကလေးဟာ အလှမယ်ပြိုင်ပွဲရဲ့ အမြင့်ဆုံး သရဖူကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

National Thailand သတင်းရဲ့ ရေးသား ဖော်ပြချက်ထဲ Channel 8 မင်းသမီးလည်း ဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် အန်နာ ဆူအန်ဂန်း အင်းဆို သူဟာ Iconsiam Shopping Mall ရဲ့ True Icon Hall မှာ ကျင်းပခဲ့တဲ့ ထို င်းနိုင်ငံက အလှဆုံး အမျိုးသမီး အလှမယ်ပြိုင်ပွဲမှာ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအလှမ ယ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်သူ အလှမယ်မိန်းကလေးပေါင်း ၂၉ ဦးရှိပြီး အဲ့ဒီထဲကမှ ၁၈ ဦးကို ရွေးထုတ်ကာ နောက်ဆုံးအဆင့်မှာတော့ အလှမယ် ၅ ဦးထဲက Miss Universe Thailand 2022 သရဖူကို ပေးအပ်ချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံးအဆင့်မှာတော့ အလှမယ်မိန်းကလေး အန်နာဟာ ယှဉ်ပြိုင် ဘက်အလှမယ် တွေဖြစ်ကြတဲ့ နီကိုးလ် နီ လင်စ်နုခန်၊ ခန်ယက်လက် နော့ခူး၊ ဆူချာတာ ချန်စရီနဲ့ ရီနီတာ ဗီရိုနီကာ ပါဂါနိုတို့ကို အနိုင်ရခဲ့ပြီး သရဖူကို သိမ်း ပိုက်နိုင် ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

အလှမယ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်နဲ့ မေးခွန်းတွေ မေးတဲ့ အပိုင်းမှာတော့ ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ ဒုက္ခရောက်တဲ့ သူတွေကို စိတ်ဓာတ်မြှင့်တင်ပေးဖို့ သူမအနေနဲ့ ဘာလုပ်ပေးမလဲဆိုတဲ့ မေးခွန်းမှာတော့ Miss Universe Thailand 2022 သရဖူ ဆုရ မိန်းကလေး အန်နာက “ စိတ်ပျက်အားငယ်နေရတာ ရှင်တို့ တစ်ယောက်တည်းမဟုတ်ပါဘူး။

ကျွန်မလည်းပဲ စိတ်ဓာတ်တွေ ကျခဲ့ဖူးတယ်။ လိုက်လျောညီထွေဖြစ်အောင် ရှင်သန်နိုင်ဖို့ အခက်အခဲတွေကနေ သင်ယူရတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့နဲ့ ပြန်တိုက်ပွဲဝင်ဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်မတောင် လုပ်နိုင်တယ်ဆိုရင် ရှင်တို့လည်း လုပ်နိုင်ပါတယ်” လို့ ဖြေကြားပေးခဲ့ပါတယ်။

Miss Universe Thailand 2022 သရဖူ ဆုရ မိန်းကလေးရဲ့ အမည်မှာ အန်နာ ဖြစ်ပေမယ့် တခြားသော အလှမယ်တွေလိုမျိုး နိုင်ငံခြားသား မိဘတွေကနေ ဆင်းသက်လာတာမျိုး မဟုတ်ဘူးလို့လည်း သိရပါတယ်။ အစောပိုင်းတုန်းက Komchadluek Online အင်တာဗျူးတစ်ခုမှာ အလှမယ်မိန်းကလေး အန်နာက သူမအနေနဲ့ ( လု ခရမ်း) ထိုင်းတစ်ဝက် မဟုတ်တာကြောင့် သရဖူကို ဆွတ်ခူးနိုင်မှာ မဟုတ်ဘူးလို့ ယေဘုယျထင်ကြေး ပေးပြောဆိုခြင်းတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ “ အဲ့ဒီလို မှတ်ချက် တွေကို ကျွန်မမြင်ပါတယ်။

ကျွန်မတို့ရဲ့ အဖွဲ့သားတွေကလည်း ဒါတွေကိုပြတယ်။ ဒါပေမယ့် ကျွန်မ ဘာမှ မခံစားရပါဘူး။ လုပ်နိုင်သမျှ ကို အစွမ်းကုန်လုပ်တယ်။ Miss Universe Thailand ရွေးချယ်ဖို့ အတွက် ထိုင်းတစ်ဝက်ဖြစ်ခြင်း မဖြစ်ခြင်းက အဓိက စံနှုန်းမဟုတ်ဘူးလို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ Credit;Myanmar Platforms

Zawgyi Version

ၿပီးခဲ့တဲ့ စေနေန႔ ဇူလိုင္လ ၃၀ ရက္က က်င္းပခဲ့တဲ့ Miss Universe Thailand 2022 အလွမယ္ၿပိဳင္ပြဲမွာ တစ္ခ်ိ န္တုန္းက အမိႈက္ေကာက္ခဲ့တဲ့ မိသားစုက ဆင္းသက္ လာလို႔ Miss Garbage လို႔ ေခၚခံရတဲ့ မိန္းကေလးဟာ အလွမယ္ၿပိဳင္ပြဲရဲ႕ အျမင့္ဆုံး သရဖူကို ဆြတ္ခူးရ႐ွိခဲ့တယ္လို႔ သိရပါတယ္။

National Thailand သတင္းရဲ႕ ေရးသား ေဖာ္ျပခ်က္ထဲ Channel 8 မင္းသမီးလည္း ျဖစ္တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ အန္နာ ဆူအန္ဂန္း အင္းဆို သူဟာ Iconsiam Shopping Mall ရဲ႕ True Icon Hall မွာ က်င္းပခဲ့တဲ့ ထို င္းႏိုင္ငံက အလွဆုံး အမ်ိဳးသမီး အလွမယ္ၿပိဳင္ပြဲမွာ အႏိုင္ရ႐ွိသြားခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီအလွမ ယ္ၿပိဳင္ပြဲကို ဝင္ေရာက္ ယွဥ္ၿပိဳင္သူ အလွမယ္မိန္းကေလးေပါင္း ၂၉ ဦး႐ွိၿပီး အဲ့ဒီထဲကမွ ၁၈ ဦးကို ေ႐ြးထုတ္ကာ ေနာက္ဆုံးအဆင့္မွာေတာ့ အလွမယ္ ၅ ဦးထဲက Miss Universe Thailand 2022 သရဖူကို ေပးအပ္ခ်ီးျမႇင့္တာျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ဆုံးအဆင့္မွာေတာ့ အလွမယ္မိန္းကေလး အန္နာဟာ ယွဥ္ၿပိဳင္ ဘက္အလွမယ္ ေတြျဖစ္ၾကတဲ့ နီကိုးလ္ နီ လင္စ္ႏုခန္၊ ခန္ယက္လက္ ေနာ့ခူး၊ ဆူခ်ာတာ ခ်န္စရီနဲ႔ ရီနီတာ ဗီ႐ိုနီကာ ပါဂါႏိုတို႔ကို အႏိုင္ရခဲ့ၿပီး သရဖူကို သိမ္း ပိုက္ႏိုင္ ခဲ့တာျဖစ္ပါတယ္။

အလွမယ္ၿပိဳင္ပြဲရဲ႕ ေနာက္ဆုံးအဆင့္နဲ႔ ေမးခြန္းေတြ ေမးတဲ့ အပိုင္းမွာေတာ့ ကမ႓ာတစ္ဝန္းမွာ႐ွိေနတဲ့ ဒုကၡေရာက္တဲ့ သူေတြကို စိတ္ဓာတ္ျမႇင့္တင္ေပးဖို႔ သူမအေနနဲ႔ ဘာလုပ္ေပးမလဲဆိုတဲ့ ေမးခြန္းမွာေတာ့ Miss Universe Thailand 2022 သရဖူ ဆုရ မိန္းကေလး အန္နာက “ စိတ္ပ်က္အားငယ္ေနရတာ ႐ွင္တို႔ တစ္ေယာက္တည္းမဟုတ္ပါဘူး။

ကြၽန္မလည္းပဲ စိတ္ဓာတ္ေတြ က်ခဲ့ဖူးတယ္။ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ႐ွင္သန္ႏိုင္ဖို႔ အခက္အခဲေတြကေန သင္ယူရတယ္။ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ႐ွိဖို႔နဲ႔ ျပန္တိုက္ပြဲဝင္ဖို႔ ေတာင္းဆိုခ်င္ပါတယ္။ ကြၽန္မေတာင္ လုပ္ႏိုင္တယ္ဆိုရင္ ႐ွင္တို႔လည္း လုပ္ႏိုင္ပါတယ္” လို႔ ေျဖၾကားေပးခဲ့ပါတယ္။

Miss Universe Thailand 2022 သရဖူ ဆုရ မိန္းကေလးရဲ႕ အမည္မွာ အန္နာ ျဖစ္ေပမယ့္ တျခားေသာ အလွမယ္ေတြလိုမ်ိဳး ႏိုင္ငံျခားသား မိဘေတြကေန ဆင္းသက္လာတာမ်ိဳး မဟုတ္ဘူးလို႔လည္း သိရပါတယ္။ အေစာပိုင္းတုန္းက Komchadluek Online အင္တာဗ်ဴးတစ္ခုမွာ အလွမယ္မိန္းကေလး အန္နာက သူမအေနနဲ႔ ( လု ခရမ္း) ထိုင္းတစ္ဝက္ မဟုတ္တာေၾကာင့္ သရဖူကို ဆြတ္ခူးႏိုင္မွာ မဟုတ္ဘူးလို႔ ေယဘုယ်ထင္ေၾကး ေပးေျပာဆိုျခင္းေတြ႐ွိခဲ့တယ္လို႔ ဆိုပါတယ္။ “ အဲ့ဒီလို မွတ္ခ်က္ ေတြကို ကြၽန္မျမင္ပါတယ္။

ကြၽန္မတို႔ရဲ႕ အဖြဲ႕သားေတြကလည္း ဒါေတြကိုျပတယ္။ ဒါေပမယ့္ ကြၽန္မ ဘာမွ မခံစားရပါဘူး။ လုပ္ႏိုင္သမွ် ကို အစြမ္းကုန္လုပ္တယ္။ Miss Universe Thailand ေ႐ြးခ်ယ္ဖို႔ အတြက္ ထိုင္းတစ္ဝက္ျဖစ္ျခင္း မျဖစ္ျခင္းက အဓိက စံႏႈန္းမဟုတ္ဘူးလို႔ ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ Credit;Myanmar Platforms