အဆိုတော် ဝေလ နဲ့ တရားဝင် ကွာရှင်းပြတ်ဆဲလိုက်ပြီဖြစ်ကြောင်း အသိပေးလာ ခဲ့တဲ့ ဇနီးဖြစ်သူ မသရဖီမျိုးမင်း
|အဆိုတော် ဝေလ ရဲ့ သီချင်း တွေကတော့ လူကြီး၊ လူငယ် မရွေးကြိုက်နှစ်သက်မှုရရှိပြီး အောင်မြင်မှုရရှိထားတယ်လို့ ဆိုနိုင်ပါတယ်။ ဝေလဟာ အနေအ ထိုင်အေး ဆေးသူတစ်ယော က်ဖြစ်ပြီး သူ့ရဲ့ကိုယ်ရေး ကိုယ်တာ ကိစ္စတွေနဲ့ ပတ် သက်ပြီး ပရိသတ်ကို ချပြခြင်းမရှိသူတစ် ယောက် ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဝေလရဲ့ဇနီး မသရဖီမျိုးမင်းဟာ သူနဲ့ အဆိုတော်ဝေလ တို့ ကွာရှင်းပြတ်ဆဲပြီးခဲ့ပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးလာခဲ့ပါတယ်။ မသရဖီမျိုးမင်းက “အကြင်လင်မယား အဖြစ်မှ ကွာရှင်းပြတ်ဆဲပြီးစီးကြောင်း အများသိစေရန်ကြေညာခြင်း –
ဦးဝေဖြိုးအောင် (ခ)ဝေလ(အဆိုတော်) ၁၂/ဒဂရ(နိုင်) ၀၀၃၀၇၁ နှင့် ကျွန်မဒေါ်သရဖီမျိုးမင်း (၁၂/ဒဂမ(နိုင်) ၀၁၂၆၅၃ တို့သည်( ၃၀. ၇ . ၂၀၂၀)ရက်နေ့တွင်ကမာရွတ်မြို့နယ်တရားရုံး၊တရားသူကြီးရှေ့မှောက်တွင်နှစ်ဦးသဘောတူ အကြင် လင် ယားအဖြစ်တရားဝင်ကွာရှင်းပြတ်စဲပြီးဖြစ်ပါသဖြင့်
တစ်ဦးနှင့်တစ်ဦးမည်သို့မျှသက်ဆိုင်ခြင်း မရှိတော့ပါကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။ စုံစမ်းမေးမြန်းခြင်း သည်းခံပါ။ ဒေါ်သ ရဖီမျိုးမင်း” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးခဲ့ပါတယ်။
ဝေလတို့ ဇနီးမောင်နှံဟာ အိမ်ထော င်သက် ဆယ်စုနှစ်တိုင် အတူတူပေါင်းဖက်ခဲ့ ကြတာဖြစ်ပြီး သားလေးတစ်ယော က်ကိုလည်း ပိုင်ဆိုင်ထားကြတာ ပဲဖြစ်ပါတယ်။ ဝေလတို့ဇနီးမောင်နှံ ကတော့ ဘာအကြောင်းကိစ္စကြော င့် ကွာရှင်းရ လဲဆိုတာကိုတော့ ပြောပြထားခြင်းမရှိပါဘူး။ Credit
Zawgyi Version