တချိန်တုန်းက ဇေယျာသော် ပေးထားခဲ့ဖူးတဲ့ အရုပ်ဟောင်းလေးကို ထုတ်ကြည့်ရင်း ဝမ်းနည်း စိတ်မကောင်းဖြစ်နေတဲ့ ငယ်ငယ်
ဇေယျာသော် ပေးထားခဲ့ဖူးတဲ့ အရုပ်ဟောင်းလေးကို ထုတ်ကြည့်ရင်း ဝမ်းနည်း စိတ်မကောင်းဖြစ်နေတဲ့ ငယ်ငယ်
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
တချိန်က လူငယ်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ACID အဖွဲ့နဲ့ ငယ်ငယ်၊ R ဇာနည်၊ ယုဇန၊ ဖြိုးကြီးတို့ကို ပရိသတ်ကြီး မှတ်မိကြဦးမယ်ထင်ပါတယ်။ ACID အဖွဲ့ရဲ့ အဆိုတော် ဇေယျာသော်ကတော့ ပြီးခဲ့တဲ့စနေနေ့ကပဲ မတရားပြစ်ဒဏ်ပေးမှုနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။
ဇေယျာသော် ကွယ်လွန်သွားတဲ့အတွက် အနုပညာအသိုင်းအဝိုင်းက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ် နေကြတာပဲဖြစ်ပါတယ်။ ငယ်ငယ်ကလည်း တချိန်က အတူတူသီချင်းတွေဆို အတူတူခရီးတွေ သွားခဲ့ဖူးတဲ့ သူငယ်ချင်း ဇေယျာသော်ကို သတိရနေတာပဲဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ငယ်ငယ်က အရင်က ဇေယျာသော် လက်ဆောင်ပေးထားခဲ့ဖူးတဲ့ အရုပ်ဟောင်းလေးကို တင်ရင်း ဘဝချင်းခြားသွားခဲ့ပြီဖြစ်တဲ့ သူငယ်ချင်းကို သတိရတမ်းတ နေခဲ့တာပဲဖြစ်ပါတယ်။ ဇေယျာသော်နဲ့ ငယ်ငယ်တို့ဟာ ACID အဖွဲ့နဲ့ သီချင်းတွေအတူတူ သီဆိုဖူးခဲ့ကြ တာဖြစ်ပြီး “ရွာသာရွာပါမိုး” သီချင်းမှာလည်း အတူတူသရုပ် ဆောင်ဖူးခဲ့ကြ တာပဲဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ငယ်ငယ်ရဲ့ ဓာတ်ပုံလေးကိုမြင်ပြီး ငယ်ငယ်နဲ့ထပ်တူစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။ Credit;
Zawgyi Version
Add a Comment
Your email address will not be published.