John Wick Chapter 4 ရဲ့ ပထမဆုံး မြင်ကွင်း ပထမဆုံး Trailer က ဘာတွေ ဖော်ပြနေလဲ ….

“John Wick Chapter 4” ပထမဆုံးမြင် ကွင်းဟာ ထွက်ရှိလာခဲ့ပြီး ပရိသတ်အကြိုက်ဆုံး လူသတ်သ မားကတော့ စိတ်ဝိဉာဉ်ရှာဖွေမှုတွေကို ပြုလုပ်နေပုံပါပဲ။ ဒီဓာတ်ပုံ ကိုတော့ Lionsgate က မူပိုင်ခွင့်ရရှိထားပြီး Keanu Reeves ရဲ့ Wick ဇာတ်ကောင်ဟာ အောက်ကိုညှိုးငယ်စွာ စိုက်ကြည့်နေပါတော့တယ်။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

လူတွေကို လိုက်မသတ်ခင် ဒီလိုလုပ်နေ တာလားဆိုတာက တော့ မသိရပါဘူး။ ဒါမှမဟုတ် ရင်လည်း စိတ်ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်မျိုးနဲ့လည်း ဆင်တူနေ ပါသေးတယ်။ ဇာတ်ကောင်ကတော့ သူ့ဂန္တဝင်အမ ည်းရောင် ဝတ်စုံနဲ့ အမည်းရောင် လည်စည်းတို့ကို ဝတ်ဆင် ထားပါတယ်။ သူ့ဘေးပတ်ဝန်းကျင်က အရာတွေ ကိုကြည့်လိုက်ရင်တော့ သူဟာ လူအ များကိုးကွယ်၊ တန်ဖိုးထားတဲ့ နေရာတစ်နေရာကို ရောက်ရှိနေတဲ့ပုံပါပဲ။

ဒီနေရာဟာ ရိုက်ကွင်း အသစ်လား၊ ဇာတ်ကား ဟောင်းတွေမှာ ပါဝင်ခဲ့ပြီးသား ရိုက်ကွင်းလားဆိုတာကိုတော့ Trailer ကို ဆက်လက်စောင့်ကြည့်မှ သိနိုင်ပါ လိမ့်မယ်။ ဒီပုံဟာဆိုရင် “John Wick 2” poster တုန်းက သေနတ်တွေ အများကြီးနဲ့ ချိန်ထားတဲ့ပုံနဲ့စာရင်တော့ ကြမ်းတမ်းမှုကို သိပ်မဖော်ပြထားတဲ့ ဓာတ်ပုံလို့ဆိုရမှာပါ။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

ဒီပထမဆုံး မြင်ကွင်းက “John Wick Chapter 4” ဇာတ်ကြောင်းကို အများကြီးဖော်ပြထားခြင်းတော့ မရှိပါဘူး။ ဒါပေမယ့်လည်း အစောပိုင်း CinemaCon မှာ ဖော်ပြထားခဲ့တဲ့ ဗီဒီယိုကြောင့် ဇာတ်ကြောင်း အနည်းငယ်ကိုတော့ သိထားရပါတယ်။

သိထားရတာ တွေကတော့ ယခုထွက်ရှိမယ့် “John Wick” ဇာတ်ကားဆက်ဟာ East Coast ရိုက်ကွင်းတည်နေရာ အပြင်ဘက်မှာ ဇာတ်အိမ် တည်ရိုက်ကူးထားပြီး မြင်းတွေ သဲကန္တာရထဲမှာ ပြေးနေတာ၊ Wick ဟာ သဲကန္တာရနေရာမှာ လူဆိုးတွေကို သတ်ဖြတ်နေတဲ့ပုံရိပ်တွေ မြင်တွေ့ခဲ့ရပါသေးတယ်။

Reeves၊ Fishburne တို့နဲ့အတူ Ian McShane၊ Lance Reddick တို့လည်း ဒီဇာတ်ကားဆက်မှာ ပြန်လည်ပါဝင်လာကြမှာပါ။ Bill Skarsgard၊ Clancy Brown၊ Donnie Yen၊ Shamier Anderson၊ Hiroyuki Sanada၊ Scott Adkins နဲ့ Rina Sawayama လို သရုပ်ဆောင်အသစ်တွေကိုလည်း သရုပ်ဆောင် စာရင်းထဲ ထည့်သွင်းခဲ့ပါသေးတယ်။ ဒီသရုပ်ဆောင်သစ်တွေဟာ ဘယ်လိုဇာတ်ကောင်မျိုးတွေနဲ့ ပါဝင်လာမယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ကမ္ဘာ့ကပ်ရောဂါ အခြေအနေဆိုးကြောင့် ရိုက်ကူးမှုနဲ့ ရုံတင်ရက်ရွှေ့ဆိုင်းခဲ့ရတဲ့ “John Wick: Chapter 4” ကို ၂၀၂၃ မတ်လ (၂၄) ရက်နေ့မှာ ရုံတင်ထုတ်လွှင့်သွားမှာပါ။ Credit;

Zawgyi Version

“John Wick Chapter 4” ပထမဆုံးျမင္ ကြင္းဟာ ထြက္႐ွိလာခဲ့ၿပီး ပရိသတ္အႀကိဳက္ဆုံး လူသတ္သ မားကေတာ့ စိတ္ဝိဉာဥ္႐ွာေဖြမႈေတြကို ျပဳလုပ္ေနပုံပါပဲ။ ဒီဓာတ္ပုံ ကိုေတာ့ Lionsgate က မူပိုင္ခြင့္ရ႐ွိထားၿပီး Keanu Reeves ရဲ႕ Wick ဇာတ္ေကာင္ဟာ ေအာက္ကိုညိႇဳးငယ္စြာ စိုက္ၾကည့္ေနပါေတာ့တယ္။

လူေတြကို လိုက္မသတ္ခင္ ဒီလိုလုပ္ေန တာလားဆိုတာက ေတာ့ မသိရပါဘူး။ ဒါမွမဟုတ္ ရင္လည္း စိတ္ဆုံးျဖတ္ခ်က္ခ်လိုက္တဲ့ အခ်ိန္မ်ိဳးနဲ႔လည္း ဆင္တူေန ပါေသးတယ္။ ဇာတ္ေကာင္ကေတာ့ သူ႕ဂႏၲဝင္အမ ည္းေရာင္ ဝတ္စုံနဲ႔ အမည္းေရာင္ လည္စည္းတို႔ကို ဝတ္ဆင္ ထားပါတယ္။ သူ႕ေဘးပတ္ဝန္းက်င္က အရာေတြ ကိုၾကည့္လိုက္ရင္ေတာ့ သူဟာ လူအ မ်ားကိုးကြယ္၊ တန္ဖိုးထားတဲ့ ေနရာတစ္ေနရာကို ေရာက္႐ွိေနတဲ့ပုံပါပဲ။

ဒီေနရာဟာ ႐ိုက္ကြင္း အသစ္လား၊ ဇာတ္ကား ေဟာင္းေတြမွာ ပါဝင္ခဲ့ၿပီးသား ႐ိုက္ကြင္းလားဆိုတာကိုေတာ့ Trailer ကို ဆက္လက္ေစာင့္ၾကည့္မွ သိႏိုင္ပါ လိမ့္မယ္။ ဒီပုံဟာဆိုရင္ “John Wick 2” poster တုန္းက ေသနတ္ေတြ အမ်ားႀကီးနဲ႔ ခ်ိန္ထားတဲ့ပုံနဲ႔စာရင္ေတာ့ ၾကမ္းတမ္းမႈကို သိပ္မေဖာ္ျပထားတဲ့ ဓာတ္ပုံလို႔ဆိုရမွာပါ။

ဒီပထမဆုံး ျမင္ကြင္းက “John Wick Chapter 4” ဇာတ္ေၾကာင္းကို အမ်ားႀကီးေဖာ္ျပထားျခင္းေတာ့ မ႐ွိပါဘူး။ ဒါေပမယ့္လည္း အေစာပိုင္း CinemaCon မွာ ေဖာ္ျပထားခဲ့တဲ့ ဗီဒီယိုေၾကာင့္ ဇာတ္ေၾကာင္း အနည္းငယ္ကိုေတာ့ သိထားရပါတယ္။

သိထားရတာ ေတြကေတာ့ ယခုထြက္႐ွိမယ့္ “John Wick” ဇာတ္ကားဆက္ဟာ East Coast ႐ိုက္ကြင္းတည္ေနရာ အျပင္ဘက္မွာ ဇာတ္အိမ္ တည္႐ိုက္ကူးထားၿပီး ျမင္းေတြ သဲကႏၲာရထဲမွာ ေျပးေနတာ၊ Wick ဟာ သဲကႏၲာရေနရာမွာ လူဆိုးေတြကို သတ္ျဖတ္ေနတဲ့ပုံရိပ္ေတြ ျမင္ေတြ႕ခဲ့ရပါေသးတယ္။

Reeves၊ Fishburne တို႔နဲ႔အတူ Ian McShane၊ Lance Reddick တို႔လည္း ဒီဇာတ္ကားဆက္မွာ ျပန္လည္ပါဝင္လာၾကမွာပါ။ Bill Skarsgard၊ Clancy Brown၊ Donnie Yen၊ Shamier Anderson၊ Hiroyuki Sanada၊ Scott Adkins နဲ႔ Rina Sawayama လို သ႐ုပ္ေဆာင္အသစ္ေတြကိုလည္း သ႐ုပ္ေဆာင္ စာရင္းထဲ ထည့္သြင္းခဲ့ပါေသးတယ္။ ဒီသ႐ုပ္ေဆာင္သစ္ေတြဟာ ဘယ္လိုဇာတ္ေကာင္မ်ိဳးေတြနဲ႔ ပါဝင္လာမယ္ဆိုတာကိုေတာ့ မသိ႐ွိရေသးပါဘူး။

ကမ႓ာ့ကပ္ေရာဂါ အေျခအေနဆိုးေၾကာင့္ ႐ိုက္ကူးမႈနဲ႔ ႐ုံတင္ရက္ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ “John Wick: Chapter 4” ကို ၂၀၂၃ မတ္လ (၂၄) ရက္ေန႔မွာ ႐ုံတင္ထုတ္လႊင့္သြားမွာပါ။ Credit;

Add a Comment

Your email address will not be published.