အခက်အခဲများကြားက မိန်းမနဲ့ ကလေးဖြစ်သူကို လွတ်မြောက်နယ်မြေကို ခေါ်နိုင်ခဲ့လို့ ပျော်ရွှင်နေတဲ့ လူရွှင်တော်ပိုးလေး
မြန်မာ့ဇာ တ်သဘင် လောကမှာ ဟား ၅ ကောင်အဖွဲ့ ဟာဆိုရင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဟား ၅ ကောင်အဖွဲ့ကို စိတ်တူကို ယ်တူ သူငယ်ချင်း လူရွှင်တော် ၅ ယောက်နဲ့ ဖွဲ့စည်းထား တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ဟား ၅ ကောင် အဖွဲ့ဝင်တွေ အားလုံးက လွတ်မြောက်နယ်မြေကို ရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ဟား ၅ ကောင် အဖွဲ့ထဲမှာ တိုင်းကျော်၊ တိုးကျော်၊ ပိုးလေး၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်ပြီး သူတို့အားလုံးဟာ ညီအစ်ကို အရင်းတွေလိုမျိုး တူညီတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေခဲ့ကြတာဖြစ်ပါတယ်။
ဟား ၅ ကောင်အဖွဲ့ဝင်တွေအားလုံးဟာ မိသားစုကိုပစ်ပြီး လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲ လှုပ်ရှားနေထိုင်ခဲ့ရပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ ပရိသတ်တွေ ပျော်ရွှင်အောင် ဟာသလေးတွေ ဖန်တီးပေးတတ်ကြပါသေးတယ်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ဟား ၅ ကောင်အဖွဲ့ထဲက လူရွှင်တော် ပိုးလေးဟာဆိုရင်လည်း မိန်းမနဲ့ကလေးနဲ့ ခွာခွဲနေခဲ့ရတာ ၂ နှစ်ကျော်တောင် ကြာသွားခဲ့ပြီပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ပိုးလေးက သူချစ်ပြီး တန်ဖိုးထားရတဲ့ မိန်းမနဲ့ ကလေးကို လွတ်မြောက်နယ်မြေကို ခေါ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းကို ဓာတ်ပုံလေးနဲ့တကွ တင်ပေးလာခဲ့ပါတယ်။
ချစ်ရတဲ့ မိသားစုလေးနဲ့ အတူတူ နေနိုင်သွားတော့မယ့် လူရွှင်တော် ပိုးလေးရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။ Credit;
Zawgyi Version