တရားလက်လွတ် ဖြစ်ချင်တိုင်းဖြစ်နေတဲ့ မြန်မာနိုင်ငံ အရေး ကို တစ်ကမ္ဘာလုံး က သတိမထားမိမချင်း ကြေညာပေးနေတဲ့ အဆိုတော်မလေး Dua Lipa
|အသံပါဝါ ကောင်းကောင်း နဲ့ လူကြီးလူငယ် ပရိသတ်မရွေး ကြိုက်နှစ်သက်စေမယ့် သီချင်းအမျိုးအစားတွေကို အလန်းစား ဖန်တီး တင်ဆက် ဖျော်ဖြေလေ့ရှိတဲ့ ကမ္ဘာကျော် အဆိုတော် မလေး လို့ ဆိုလာရရင် Dua Lipa ကိုပဲ ဖော်ပြရမှာပါ။
အဆိုတော် မလေး Dua Lipa ဟာ မြန်မာနိုင်ငံကို တစ်ခါမှမလာရောက်ဖူး ၊ မကြားဖူးပေမယ့် အခုချိန်မှာတော့ သူမအနေနဲ့ သတိထားမိနေပြီဖြစ်ပါတယ်။ ဘာ ကြောင့် သတိထားမိလဲဆိုရင်တော့
သူမ တည်ထောင်ထားတဲ့ Service 95 ဆိုတဲ့ အပတ်စဉ်ထုတ် မဂ္ဂဇင်း မှာ မြန်မာနိုင်ငံသူတစ်ဦးက မြန်မာနိုင်ငံအကြောင်းရေးသားဖော်ပြထားတဲ့ ဆောင်းပါးတစ်ခုကို ဖတ်မိလိုက်တာကြောင့်ဖြစ်ပါတယ်။
အဆိုပါ ဆောင်းပါး ကို မနက်ဖန် ဇူလိုင်(၂၃)ရက်နေ့ မှာ စတင်ဖတ်ရှုလို့ရမယ်ဖြစ်ကြောင်း သိရပြီး Dua Lipa က မြန်မာနိုင်ငံအရေးကို ဂရုစိုက်ပေးကြဖို့ သူမရဲ့ နိုင်ငံတကာက ပရိသတ်တွေကို ကြေညာခဲ့ပါတယ်။
ဒါတင်သာမက အခု သူမရဲ့ Instagram Story မှာပါ အဆိုပါဆောင်းပါးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အရေးကို အားလုံးသတိထားမိကြစေရန် ထပ်မံတင် လာခဲ့ပါတယ်။ အရမ်းကို ချစ်ဖို့ ကောင်းတဲ့ Dua Lipa လေးကို ဆက်လက်အားပေးကြရအောင်နော်။ Credit;
Zawgyi Version