မကြာခင်မှာ ပရိသတ်ရှေ့ ပြန်လည် ဖျော်ဖြေဖို့ပြင်ဆင်နေပီ ဆိုတဲ့ Justin Bieber
Justin Bieber အနေနဲ့ ကျန်းမာရေး ဆိုင်ရာ အခက်အခဲနဲ့ ကြုံတွေခဲ့ရပြီးနောက် အခုအချိန်မှာတော့ သူ့ရဲ့ Justice World Tour ကို ပြန်လည်စတင် ခဲ့ပါတယ်။ အိန္ဒိယမှာ ဖျော်ဖြေဖို့ လုပ်ဆော င်နေတာပါ။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
Justin Bieber ဟာ မျက်နှာတ စ်ခြမ်း အကြောသေ သွားခဲ့တဲ့ ဝေဒနာ ခံစားခဲ့ရတာကြောင့် ဒီဖျော်ဖြေမှုခရီးစဉ်ကို ခဏတာနောက်ဆုတ်ထားခဲ့တာဖြစ်ပြီး အခုတော့ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။
“Baby” နဲ့ “Let Me Love You” အဆိုတော် Justin Bieber ဟာ Ramsay Hunt Syndrome ဝေဒနာခံစားခဲ့ရပြီး မျက်နှာအကြောဆွဲသွားသူဖြစ်ပါတယ်။ ဒါ့ကြောင့် အိန္ဒိယမှာ ဖျော်ဖြေ ပွဲလုပ်နိုင်ဖို့ အခြေအနေဟာ မသေမချာဖြစ်သွားခဲ့ရပါတယ်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
Bieber အနေနဲ့ ဇွန်လမှာ ဒီဝေဒနာကို ခံစားခဲ့ရပြီး ပရိသတ်တွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ဖျော်ဖြေရေးခရီးစဉ်ကို ခဏတာနောက်ဆုတ် ထားကြော င်းအပါအဝင်၊ ပရိ သတ်တွေကို တောင်းပန်ကြောင်း ဗီဒီယိုကနေတစ်ဆင့် ပြောကြားခဲ့တာပါ။ အခုအချိန်မှာတော့ New Delhi ရှိုးကို အောက်တိုဘာ (၁၈) ရက်နေ့မှာ ဖျော်ဖြေသွားဖို့ စီစဉ်ထားပါတယ်။
Justin အနေနဲ့ ‘Justice World Tour’ ကို Italy မြို့ Lucca Summer Festival၊ ဇူလိုင်လ (၃၁) ရက်နေ့အချိန်မှာ ပြန်လည်စတင်မှာဖြစ်ပြီး India နဲ့ Asia၊ South America၊ South Africa၊ The Middle East၊ Australia နဲ့ New Zealand ခရီးစဉ်တွေကိုလည်း ဆက်လက်ဖျော်ဖြေသွား မှာဖြစ်ပါ တယ်။
လက်ရှိအချိန်ထိ လက်မှတ်ပေါင်း 1.3 million ကျော်ရောင်းချထားနိုင်တဲ့ Justice World Tour ဟာ နိုင်ငံပေါင်း (၃၀) ကျော်မှာ ရှိုးပွဲပေါင်း (၁၂၅) ပွဲပြုလုပ်သွားဖို့ စီစဉ်ထားတာဖြစ်ပြီး ၂၀၂၂ မတ်လကနေ ၂၀၂၃ မတ်လအထိ တစ်နှစ်တာကျင်းပ၊ ဖျော်ဖြေသွားဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကတော့ Justin ဟာ ဒါရိုက်တာ Cole Bennett နဲ့တွဲဖက်ပြီး သူ့ Single သီချင်းနဲ့ဗီဒီယိုကို ရိုက်ကူးထားခဲ့ပါတယ်။
Justin Bieber ရဲ့ Delhi concert အတွက် လက်မှတ်ကြေးကတော့ Rs 4,000 ဖြစ်ပြီး BookMyShow India မှာ Booking လုပ်လို့ရနိုင်ပါတယ်။ Credit;
Zawgyi Version
Add a Comment
Your email address will not be published.