စိတ်ကျန်းမာရေး ဆရာဝန် နဲ့ ပြသခဲ့ရတဲ့ အကြောင်း ရင်ဖွင့်လာတဲ့ အိစိကွေး

ကလေး သရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ အိစိကွေးကတော့ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြ င်မှုရရှိခဲ့သူတစ်ယောက်ပါ။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

အိစိကွေးကတော့ အခုဆိုရင် လူပျိုပေါက်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး သူ့ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူး နေလျက်ရှိ တာပဲဖြစ်ပါတယ်။ အသက်အရွယ်ရလာ တာနဲ့အမျှ စိတ်ပင်ပန်းမှု တွေများစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ အိစိကွေးဟာ

ဒီကနေ့မှာတော့ သူခံစားခဲ့ရတဲ့ စိတ်ကျန်းမာရေးအခြေ အနေအကြော င်းကို ရင်ဖွင့်လာခဲ့ပါတယ်။ “Mental Health နဲ့ ပတ်သက်ပြီး ကျွန်တော်ကြုံတွေ့ခဲ့တာကို Share ပေးချင်တယ်။ အဲ့တုန်းက ကျွန်တော် ရန်ကုန်နဲ့ဝေးနေခဲ့တာ လနဲ့ချီခဲ့တာပေါ့။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

ပုံမှန် ရန်ကုန်မှာဆို သိပ်မသိသာပေမယ့် ကိုယ့်နေရပ်မဟု တ်တဲ့နေရာမှာ တစ်ယောက်တည်းလာနေရတော့ Mental ပိုင်းမှာ သိသိသာသာ ဆိုးရွားလာတယ်။ ငယ်ငယ်တည်းက ခံစားခဲ့ရတဲ့ Trauma တွေ အရင်တည်းက မျိုသိပ်ထားတဲ့ အဆင်မပြေမှုတွေ , အားနည်းချက်ကြောင့် ရလာတဲ့ Trauma တွေ ,

ရောက်နေခဲ့တဲ့နေရာကို ရောက်ကတည်းကဖြစ်လာတဲ့ တစ်နေ့တာ အဆင်မပြေတာတွေ , လူမှုရေး အဆင်မပြေမှုတွေ , Homesick ဖြစ်တာရော , အထူးသဖြင့် Breakup effects တွေကြောင့် အခြေအနေတွေက ပိုဆိုးခဲ့တယ်။ နေ့တိုင်းနီးပါး စိတ်ဓာတ်တွေကျနေခဲ့တယ်။

သူများတွေအရှေ့မှာ ဟန်ဆောင်ပြီး ရယ်ရယ်မောမောနေပြီး ခံစားနေရတာတွေကို ဖုံးကွယ်ပြီး နေခဲ့တယ်။ ဘယ်သူမှ မသိအောင် ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ ကြိတ်ခံစားပြီး ပြိုလဲနေခဲ့တာ။ ”“ဘယ်လောက်လောက်ပဲ သူများရဲ့ စိတ်ဝင်စားမှုကို ခံရခံရ , အချစ်မခံရတဲ့ လူတစ်ယောက်လိုပဲ ခံစားခဲ့ရတယ်။ ဘယ်လောက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါစေဦး

စိုးရိမ်ပူပန်မှုတွေက အမြဲ ခေါင်းထဲရောက်လာတာမျိုး။ လူကြားထဲမှာ ရောက်နေပေ မယ့် ကိုယ်တစ်ယောက်တည်းလိုပဲ အထီးကျန်မှုတွေ ခံစားခဲ့ရတယ်။ ရှင်သန်နေရတဲ့ဘဝကြီးက ပျော်စရာမရှိတော့ တာမျိုးတွေ အရာရာကို စိတ်တိုင်းမကျ တာတွေ ဘာမှ မဟုတ်တဲ့ ကိစ္စသေးသေးလေးတွေမှာ အရမ်း Sensitive ဖြစ်လာတယ် ဒေါသတွေ ကြီးလာတယ်, ကြမ်းတမ်းလာတယ်။

ဒါတွေကို သတိထားမိတဲ့အချိန်မှာ ကိုယ်ပိုင် နည်းတွေ Google ခေါက်ပြီးရလာတဲ့ နည်းတွေနဲ့ပြင်ကြည့်တယ် ခဏလောက်အဆင်ပြေပေမယ့် ကြာကြာမခံ ပါဘူး”လို့ပြောပြလာ တာဖစ်ပါတယ်။ Credit;MyanmarCelebrity

Zawgyi Version

ကေလး သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူ အိစိေကြးကေတာ့ သူ႕ရဲ႕အႏုပညာသက္တမ္းတစ္ေလွ်ာက္မွာ ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့ၿပီး ေအာင္ျမ င္မႈရ႐ွိခဲ့သူတစ္ေယာက္ပါ။

အိစိေကြးကေတာ့ အခုဆိုရင္ လူပ်ိဳေပါက္အ႐ြယ္ကိုေရာက္႐ွိေနၿပီျဖစ္ၿပီး သူ႕ရဲ႕အသက္အ႐ြယ္နဲ႔ လိုက္ဖက္တဲ့ ဇာတ္ကားေတြကို ဆက္လက္႐ိုက္ကူး ေနလ်က္႐ွိ တာပဲျဖစ္ပါတယ္။ အသက္အ႐ြယ္ရလာ တာနဲ႔အမွ် စိတ္ပင္ပန္းမႈ ေတြမ်ားစြာနဲ႔ ရင္ဆိုင္ေက်ာ္ျဖတ္ေနရတဲ့ အိစိေကြးဟာ

ဒီကေန႔မွာေတာ့ သူခံစားခဲ့ရတဲ့ စိတ္က်န္းမာေရးအေျခ အေနအေၾကာ င္းကို ရင္ဖြင့္လာခဲ့ပါတယ္။ “Mental Health နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ၾကဳံေတြ႕ခဲ့တာကို Share ေပးခ်င္တယ္။ အဲ့တုန္းက ကြၽန္ေတာ္ ရန္ကုန္နဲ႔ေဝးေနခဲ့တာ လနဲ႔ခ်ီခဲ့တာေပါ့။

ပုံမွန္ ရန္ကုန္မွာဆို သိပ္မသိသာေပမယ့္ ကိုယ့္ေနရပ္မဟု တ္တဲ့ေနရာမွာ တစ္ေယာက္တည္းလာေနရေတာ့ Mental ပိုင္းမွာ သိသိသာသာ ဆိုး႐ြားလာတယ္။ ငယ္ငယ္တည္းက ခံစားခဲ့ရတဲ့ Trauma ေတြ အရင္တည္းက မ်ိဳသိပ္ထားတဲ့ အဆင္မေျပမႈေတြ , အားနည္းခ်က္ေၾကာင့္ ရလာတဲ့ Trauma ေတြ ,

ေရာက္ေနခဲ့တဲ့ေနရာကို ေရာက္ကတည္းကျဖစ္လာတဲ့ တစ္ေန႔တာ အဆင္မေျပတာေတြ , လူမႈေရး အဆင္မေျပမႈေတြ , Homesick ျဖစ္တာေရာ , အထူးသျဖင့္ Breakup effects ေတြေၾကာင့္ အေျခအေနေတြက ပိုဆိုးခဲ့တယ္။ ေန႔တိုင္းနီးပါး စိတ္ဓာတ္ေတြက်ေနခဲ့တယ္။

သူမ်ားေတြအေ႐ွ႕မွာ ဟန္ေဆာင္ၿပီး ရယ္ရယ္ေမာေမာေနၿပီး ခံစားေနရတာေတြကို ဖုံးကြယ္ၿပီး ေနခဲ့တယ္။ ဘယ္သူမွ မသိေအာင္ ကိုယ့္ဟာကိုယ္ တစ္ေယာက္ထဲ ႀကိတ္ခံစားၿပီး ၿပိဳလဲေနခဲ့တာ။ ”“ဘယ္ေလာက္ေလာက္ပဲ သူမ်ားရဲ႕ စိတ္ဝင္စားမႈကို ခံရခံရ , အခ်စ္မခံရတဲ့ လူတစ္ေယာက္လိုပဲ ခံစားခဲ့ရတယ္။ ဘယ္ေလာက္ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ႐ွိပါေစဦး

စိုးရိမ္ပူပန္မႈေတြက အၿမဲ ေခါင္းထဲေရာက္လာတာမ်ိဳး။ လူၾကားထဲမွာ ေရာက္ေနေပ မယ့္ ကိုယ္တစ္ေယာက္တည္းလိုပဲ အထီးက်န္မႈေတြ ခံစားခဲ့ရတယ္။ ႐ွင္သန္ေနရတဲ့ဘဝႀကီးက ေပ်ာ္စရာမ႐ွိေတာ့ တာမ်ိဳးေတြ အရာရာကို စိတ္တိုင္းမက် တာေတြ ဘာမွ မဟုတ္တဲ့ ကိစၥေသးေသးေလးေတြမွာ အရမ္း Sensitive ျဖစ္လာတယ္ ေဒါသေတြ ႀကီးလာတယ္, ၾကမ္းတမ္းလာတယ္။

ဒါေတြကို သတိထားမိတဲ့အခ်ိန္မွာ ကိုယ္ပိုင္ နည္းေတြ Google ေခါက္ၿပီးရလာတဲ့ နည္းေတြနဲ႔ျပင္ၾကည့္တယ္ ခဏေလာက္အဆင္ေျပေပမယ့္ ၾကာၾကာမခံ ပါဘူး”လို႔ေျပာျပလာ တာဖစ္ပါတယ္။ Credit;MyanmarCelebrity

Add a Comment

Your email address will not be published.