အားပေးနေတဲ့ ပရိတ်သတ်တွေ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရတဲ့ အဓိကအကြောင်းအရင်း

ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါ မှာဆိုရင်တော့သ ရုပ်ဆောင်သင်ဇာ ၀င့်ကျော် ဖမ်းဆီးထိန်းသိမ်း ခြင်းခံလိုက်ရတဲ့ အဓိကအကြော င်းအရင်းကို အခုလိုပြော ပြပေး သွားမှာပဲဖြစ်ပါ တယ်နော်။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

ဖမ်းဆီးခံရ တယ်ဆိုပြီး သတင်း ထွက်နေတဲ့ မော်ဒယ်သရု ပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မိသားစု အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့ သင်ဇာဝင့် ကျော်နဲ့ရင်းနှီးတဲ့ အမည်မဖော်လို သူ မိတ်ဆွေတစ် ဦးက RFA ကို အတည်ပြုပြောပါတ ယ်၊သင်ဇာဝင့်ကျော် အဖမ်းခံရတ ယ် ဆိုတဲ့သတင်းတွေ လူမှုကွန်ယက်စာမျက် နှာတွေပေါ်မှာ ထွက်ပေါ်လာတာကြောင့် မိသားစု ကလည်း စိတ်ပူနေတယ်လို့ သူကဆိုပါတယ်။

ရှမ်းပြည်နယ် လားရှိုးမြို့ကို အလုပ်ကိစ္စနဲ့ သွားရင်း ဒီကနေ့မ နက်ပိုင်းကစလို့ အဆက်အသွယ် ပြတ်တောက်သွားတာလို့ ဆိုပါတယ်၊ သူ့ကို ဖမ်းဆီးထားတာ ဟုတ်မဟုတ်ဆိုတာကို မိသားစုက မသိသေးသလို အာဏာပိုင်တွေဘက်ကလည်း ဆက်သွယ်ပြောဆိုလာတာ မရှိဘူးလို့ သင်ဇာဝင့်ကျော်ရဲ့မိတ်ဆွေက ပြောပါတယ်။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

သင်ဇာဝင့် ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၄) ရက်နေ့က ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသမှာ ပြုလုပ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုရဲ့ သမီး မင်္ဂလာပွဲကို ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း SSA စစ်ဝတ်စုံဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

အဲဒီကအပြန် စစ်ကောင်စီ စစ်ဆေး ရေးဂိတ်တစ်ခုမှာ ဖမ်းဆီးစစ်ဆေးခံ ရတာလို့ ရှမ်းပြည်အခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်၊ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချ န်နယ်တွေမှာ သင်ဇာဝင့်ကျော်ဟာ တရားမဝင် လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ ချိတ်ဆက်ခဲ့တာကြောင့် ဖမ်းဆီးအရေး ယူသင့်ကြောင်း ဖော်ပြချက်တွေ ထွက်လာ ပြီးနောက် သူဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာပါ။

SSPP/SSA ရဲ့ စာမျက်နှာမှာ တော့ သင်ဇာဝင့်ကျော်ဟာ ရှမ်းပြ ည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးဖို့ SSPP က ဖိတ်ကြားခဲ့တာလို့ ဖော်ပြထားပါတယ်၊ သင်ဇာဝင့်ကျော် အဖမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ SSPP ကို RFA ကမေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

SSPP/SSA ဟာ လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရှမ်းလက်နက်ကို င်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲတ က်ရောက်ဖို့ ဖိတ်ကြားခံရပေမယ့် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ် ကြီးများအ တွက်ပြန်လ ည်ဖော်ပြပေးလို က်ပါတယ်နော်။ Credit;

Zawgyi Version








Add a Comment

Your email address will not be published.