သရုပ်ဆောင် သင်ဇာဝင့်ကျော် အပါအဝင် ၆ ဦး ကိစ္စ SSPP တာဝန်ယူ ဖြေရှင်းနေဟုဆို

စစ်ကောင်စီက ဖမ်းထားသော မော်ဒယ်သရုပ်ဆောင် သင်ဇာဝင့်ကျော် အပါအဝင် ၆ ဦးနှင့် ပတ်သက်၍ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA က တာဝန်ယူ ဖြေရှင်းနေကြောင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်း ဟန်က ဧရာဝတီကို ပြောသည်။

သင်ဇာဝင့်ကျော်သည် SSPP/ SSA ၏ ကမ်းလှမ်းချက်အရ ဇွန် ၃ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် အတွင်းရှိ ဟိုက်ပါရေတံခွန်နှင့် ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေး မှတ်တမ်းများကို သွားရောက် ရိုက်ကူးခဲ့ပြီး နောက် ၎င်းနှင့်အတူ အပေါင်းအပါ ၆ ဦးတို့ ရန်ကုန်မြို့သို့ ပြန်လာစဉ် ကျေးသီးနှင့် မိုင်းရယ်နယ်စပ်၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ခေါ်ယူစစ်ဆေး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

လက်ရှိတွင် ၎င်းတို့အား လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့က ဖိတ်တာဆိုတော့ ကျနော်တို့မှာ တာဝန်ရှိတယ်။ သူတို့တဖွဲ့လုံး လွတ်မြောက်ဖို့ အတွက် ကျနော်တို့ ကြိုးစားနေတယ်။ မိသားစုကလည်း စိတ်ပူနေမှာလေ။ ကျနော်တို့ ဖိတ်ကြားခဲ့တာ ဖြစ်တဲ့အတွက် ကျနော်တို့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ကြိုးစားဆောင်ရွက်နေတယ်။ ဒီနေ့ကတော့ အဖြေတခုခုတော့ ထွက်မယ် ထင်ပါတယ်။ ဘာကြောင့် ဖမ်းတာလဲ ဆိုတာတော့ တပ်မတော်ကိုပဲ မေးရမယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ပြောသည်။

မော်ဒယ်၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ သာသနာရေး၊ ပညာရေး၊ ကျန်း မာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော်မှ ကမ်းလှမ်းရိုက်ကူးနေခြင်း ဖြစ်ကြောင်းကိုလည်း SSPP/ SSA ဘက်မှ သင်ဇာဝင့်ကျော်၏ ဓာတ်ပုံများ လူမှုကွန်ရက်စာမျ က်နှာတွက် ပျံ့နှံ့ခဲ့စဉ်ကတည်းက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ဝမ်ဟိုင်းဒေ သ ဖွံ့ဖြိုးရေးမှတ်တမ်း ရိုက်ကူးနေသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော် / SSPP Info

“သရုပ်ဆောင်ဆိုတာမျိုးက ပိုက်ဆံပေးပြီးငှားရင် သွားကြမှာပဲ။ ကျနော်တို့ အပေးအယူ လုပ်ဖို့တော့ မရှိပါဘူး။ သူတို့ ဖမ်းထားတာ သူတို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့ ငှားတာဆိုတော့ ကျနော်တို့ ပိုက်ဆံပေးဖို့ တာဝန်ရှိတယ်။ ဖမ်းသွားတယ်ဆိုတာက ဘာအကြောင်းကြောင့် ဖမ်းသွားတယ်ဆိုတာ သူတို့နဲ့ သက်ဆိုင်တယ်။ အပေးအယူတော့ မရှိဘူး။ တဖွဲ့လုံးရဲ့ လုံခြုံရေးကို ကျနော်တို့က တာဝန်ယူရမှာ ဖြစ်တယ်” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့

SSPP သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးခဲ့သော်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်မူ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

SSPP သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေး နွေးပွဲသို့ တက်ရောက်ရန် စာရင်းပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ထဲတွင် ပါဝင်သော်လည်း စစ် ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခြင်း မရှိသေးကြောင်း သိရသည်။

ယခု လဆန်းပိုင်းအတွင်း မိုင်းရှူးနှင့် ကျေးသီးမြို့နယ်တို့တွင် စစ်ကောင်စီနှင့် SSPP တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး မိုင်းရှူးမြို့နယ်ရှိ SSPP စခန်း ၃ ခုကို ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး ရွှေ့ဆိုင်းပေးရန် စစ်ကောင်စီက အကြောင်းကြား ခဲ့သော်လည်း SSPP အနေဖြင့် ရွှေ့ပေးမည်မဟုတ်ဟု အကြောင်းပြန်ခဲ့သလို နှစ်ဖက်တပ်များကြား အင်အား တိုးချဲ့ခြင်း နှင့် ဇူလိုင်လဆန်းတွင် မိုးမိတ်မြို့နယ်အတွင်း SSPP နှင့် စစ်ကောင်စီကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ Source;ဧရာဝတီ

Zawgyi Version

စစ္ေကာင္စီက ဖမ္းထားေသာ ေမာ္ဒယ္သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ အပါအဝင္ ၆ ဦးႏွင့္ ပတ္သက္၍ ႐ွမ္းျပည္ တိုးတက္ေရးပါတီ၊ ႐ွမ္းျပည္တပ္မေတာ္ SSPP/ SSA က တာဝန္ယူ ေျဖ႐ွင္းေနေၾကာင္း ေျပာခြင့္ရ ဗိုလ္မႉး စိုင္းဖုန္း ဟန္က ဧရာဝတီကို ေျပာသည္။

သင္ဇာဝင့္ေက်ာ္သည္ SSPP/ SSA ၏ ကမ္းလွမ္းခ်က္အရ ဇြန္ ၃ ရက္တြင္ ႐ွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုင္း႐ွဴးၿမိဳ႕နယ္ အတြင္း႐ွိ ဟိုက္ပါေရတံခြန္ႏွင့္ ေက်းသီးၿမိဳ႕နယ္ ဝမ္ဟိုင္းေဒသဖြံ႕ၿဖိဳးေရး မွတ္တမ္းမ်ားကို သြားေရာက္ ႐ိုက္ကူးခဲ့ၿပီး ေနာက္ ၎ႏွင့္အတူ အေပါင္းအပါ ၆ ဦးတို႔ ရန္ကုန္ၿမိဳ႕သို႔ ျပန္လာစဥ္ ေက်းသီးႏွင့္ မိုင္းရယ္နယ္စပ္၌ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား၏ ေခၚယူစစ္ေဆး ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။

လက္႐ွိတြင္ ၎တို႔အား လား႐ိႈး အေ႐ွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ (ရမခ) တြင္ ထိန္းသိမ္းထားေၾကာင္း သိရသည္။

ဗိုလ္မႉးစိုင္းဖုန္းဟန္က “က်ေနာ္တို႔က ဖိတ္တာဆိုေတာ့ က်ေနာ္တို႔မွာ တာဝန္႐ွိတယ္။ သူတို႔တဖြဲ႕လုံး လြတ္ေျမာက္ဖို႔ အတြက္ က်ေနာ္တို႔ ႀကိဳးစားေနတယ္။ မိသားစုကလည္း စိတ္ပူေနမွာေလ။ က်ေနာ္တို႔ ဖိတ္ၾကားခဲ့တာ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္နဲ႔ ႀကိဳးစားေဆာင္႐ြက္ေနတယ္။ ဒီေန႔ကေတာ့ အေျဖတခုခုေတာ့ ထြက္မယ္ ထင္ပါတယ္။ ဘာေၾကာင့္ ဖမ္းတာလဲ ဆိုတာေတာ့ တပ္မေတာ္ကိုပဲ ေမးရမယ္ဆိုတာကို ေျပာခ်င္ပါတယ္” ဟု ေျပာသည္။

ေမာ္ဒယ္၊ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္သည္ ႏိုင္ငံေရး ရည္႐ြယ္ခ်က္ျဖင့္ မဟုတ္ဘဲ သာသနာေရး၊ ပညာေရး၊ က်န္း မာေရး၊ လမ္းပန္းဆက္သြယ္ေရး စသည့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ႐ိုက္ကူးရန္အတြက္ ႐ွမ္းျပည္တိုးတက္ေရး ပါတီ၊ ႐ွမ္းျပည္တပ္မေတာ္မွ ကမ္းလွမ္း႐ိုက္ကူးေနျခင္း ျဖစ္ေၾကာင္းကိုလည္း SSPP/ SSA ဘက္မွ သင္ဇာဝင့္ေက်ာ္၏ ဓာတ္ပုံမ်ား လူမႈကြန္ရက္စာမ် က္ႏွာတြက္ ပ်ံ႕ႏွံ႔ခဲ့စဥ္ကတည္းက သတင္းထုတ္ျပန္ခဲ့ၿပီး ျဖစ္သည္။ ဝမ္ဟိုင္းေဒ သ ဖြံ႕ၿဖိဳးေရးမွတ္တမ္း ႐ိုက္ကူးေနသည့္ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ / SSPP Info

“သ႐ုပ္ေဆာင္ဆိုတာမ်ိဳးက ပိုက္ဆံေပးၿပီးငွားရင္ သြားၾကမွာပဲ။ က်ေနာ္တို႔ အေပးအယူ လုပ္ဖို႔ေတာ့ မ႐ွိပါဘူး။ သူတို႔ ဖမ္းထားတာ သူတို႔မွာ တာဝန္႐ွိပါတယ္။ က်ေနာ္တို႔ ငွားတာဆိုေတာ့ က်ေနာ္တို႔ ပိုက္ဆံေပးဖို႔ တာဝန္႐ွိတယ္။ ဖမ္းသြားတယ္ဆိုတာက ဘာအေၾကာင္းေၾကာင့္ ဖမ္းသြားတယ္ဆိုတာ သူတို႔နဲ႔ သက္ဆိုင္တယ္။ အေပးအယူေတာ့ မ႐ွိဘူး။ တဖြဲ႕လုံးရဲ႕ လုံျခဳံေရးကို က်ေနာ္တို႔က တာဝန္ယူရမွာ ျဖစ္တယ္” ဟု ဗိုလ္မႉးစိုင္းဖုန္းဟန္က ေျပာသည္။

SSPP သည္ ၁၉၈၉ ခုႏွစ္တြင္ စစ္အစိုးရႏွင့္ အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ လက္မွတ္ထိုးခဲ့ေသာ္လည္း တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) တြင္မူ လက္မွတ္ေရးထိုးျခင္း မ႐ွိေသးေပ။

SSPP သည္ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ ဖိတ္ေခၚထားသည့္ ၿငိမ္းခ်မ္းေရး ေဆြး ေႏြးပြဲသို႔ တက္ေရာက္ရန္ စာရင္းေပးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၁ ဖြဲ႕ထဲတြင္ ပါဝင္ေသာ္လည္း စစ္ ေကာင္စီႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း မ႐ွိေသးေၾကာင္း သိရသည္။

ယခု လဆန္းပိုင္းအတြင္း မိုင္း႐ွဴးႏွင့္ ေက်းသီးၿမိဳ႕နယ္တို႔တြင္ စစ္ေကာင္စီႏွင့္ SSPP တို႔ၾကား စစ္ေရးတင္းမာလ်က္႐ွိၿပီး မိုင္း႐ွဴးၿမိဳ႕နယ္႐ွိ SSPP စခန္း ၃ ခုကို ဇြန္ ၃၀ ရက္ ေနာက္ဆုံးထားၿပီး ေ႐ႊ႕ဆိုင္းေပးရန္ စစ္ေကာင္စီက အေၾကာင္းၾကား ခဲ့ေသာ္လည္း SSPP အေနျဖင့္ ေ႐ႊ႕ေပးမည္မဟုတ္ဟု အေၾကာင္းျပန္ခဲ့သလို ႏွစ္ဖက္တပ္မ်ားၾကား အင္အား တိုးခ်ဲ႕ျခင္း ႏွင့္ ဇူလိုင္လဆန္းတြင္ မိုးမိတ္ၿမိဳ႕နယ္အတြင္း SSPP ႏွင့္ စစ္ေကာင္စီၾကား တိုက္ပြဲ ျဖစ္ပြားခဲ့ေသးေၾကာင္း သိရသည္။ Source;ဧရာဝတီ

Add a Comment

Your email address will not be published.