Rapper အဆိုတော်မလေး ရဲ့ တမူထူးခြားတဲ့ အမိုက်စား PRE WEDDING ပုံလေးတွေကို ထုတ်ပြလာတဲ့ မိစန္ဒီ
|ပရိသတ်ကြီးရေ Rapper အဆိုတော်မလေး ဖြစ်တဲ့ မိစန္ဒီရဲ့ မင်္ဂလာသတင်းလေး ကို ပရိသတ်တွေအားလုံးလည်းကြားသိပြီးသားဖြစ်မှာပါနော်။ ဒီနေ့ ဇူလိုင်လ (၃)ရက်နေ့ မှာတော့ မိစန္ဒီက သူ့ရဲ့လူမှု ကွန်ရက် စာမျက်နှာကနေ သူ့ရဲ့ သတို့သား လောင်းနဲ့ ရိုက်ကူးထားတဲ့ အမိုက်စား Pre Wedding ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။
ပုံလေေးတွ နဲ့အတူလ ည်း “အခိုင်အမာ ဆုံးဖြတ် ထားလိုက်ပြီ တစ်ဘဝလုံးသက်ဆုံးတိုင် အထိ။ အရင်ကလို shooting တွေ မဟုတ်ဘဲ..ဒါက မိစန္ဒီ ချစ်ရတဲ့ တကယ့် သတို့သား အစစ်နဲ့ ရိုက်ထားတာလေးတွေ အမှတ်တရ ဝေမျှခွင့်ပြုပါရှင်။
အရမ်းကြီး မိန်းကလေးလည်း မဆန်ချင်ဘူး.. rapper လို bling bling လေးတွေ လည်း ဝတ်ချင်တယ်.. အဆိုတော် ပုံစံ music theme လေးလည်း ဖြစ်ချင်တယ်ဆိုလို့ သမီး ဘာမှ လှည့် ကြည့်ပြီး၊ လုပ်စရာမလိုအောင် အားလုံး ready စဉ်းစား စီစဉ်ပေးပြီး
ချစ်ခြင်းမေတ္တာများဖြင့် ရိုက်ကူးပေး ကြတဲ့ ချစ်ရတဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်..I’m so blessed to have you all in my life ” ဆိုပြီးတော့လည်း ရေးသားဖော်ပြထားခဲ့ပါတယ်။
တကယ်ကို မြင်နေကျ ပုံစံတွေနဲ့ မတူဘဲ ကွဲထွက် နေတဲ့ အမိုက်စား Pre Wedding ပုံတွေကြောင့် မိစန္ဒီရဲ့ စိတ်ကူးကောင်းလေးကို ပရိသတ် တွေက သဘောကျ နေခဲ့ ကြရပါသေးတယ်။ ပရိသတ်ကြီးရေ Pre Wedding တောင်မှ အများနဲ့မတူ အောင် အိုင်ဒီယာအသစ်နဲ့ ရိုက်နိုင်တဲ့ မိန္ဒီရဲ့ မင်္ဂလာပွဲကြီးကိုတော့ မျှော်လင့်နေပါပြီနော်။ Source – Mi Sandi
Zawgyi Version