ပွဲတက်ရောက်သူတွေအကုန် အံ့ဩမှင်သက်ခဲ့ရတဲ့ ဒီဇိုင်းဆန်းဆန်း ၀တ်စုံလေးနဲ့ ကမ္ဘာကျော် မင်းသမီး ဆောင်းဟေကို
|ပဲရစ်မြို့ ညစာစားပွဲရှိ ဆောင်းဟေကို ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ပုံရိပ်တွေ
ကမ္ဘာကျော် မင်းသမီး ဆောင်းဟေကို ဟာ တန်ဖိုးကြီး လက် ဝတ်ရတနာ အမှတ်တံဆိပ် Chaumet ရဲ့ ညစာစားပွဲကို Brand’s Ambassador တစ်ယောက် အဖြစ် တက်ရောက်ခဲ့ ပါတယ်။ အခြားသော နာမည်ကျော် ကြယ်ပွင့်များနဲ့ အမှတ်တံဆိပ်ရဲ့ အဆင့်မြင့် ရာထူးကြီး ပုဂ္ဂိုလ်တွေနဲ့အတူ တက်ရောက်ခဲ့တာပါ။
Song Hye Kyo နှင့် Chaumet တို့ရဲ့ ဆက် ဆံရေးဟာ တန်ဖိုးကြီးတဲ့ လက်ဝတ် ရတနာများနဲ့ ကိုရီးယားနတ်ဘုရားမရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးလို့ ပြောလို့ ရပါတယ်။ ပါတီပွဲမှာ ပေါ်လာတဲ့ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆောင်းဟေကိုဟာ ဒီဇိုင်းဆန်းဆန်း ၀တ်စုံနဲ့အတူ သူ့ရဲ့ အလှကို ပိုပြီး ပေါ်လွင်အောင် ၀တ်ဆင်ထား ပါတယ်။
အသားအရေ ဖြူဝင်းပြီး အမှတ်တံဆိပ်ရဲ့ ဇိမ်ခံလက်ဝတ် ရတနာ တွေနဲ့ ပေါင်းစပ်ထားတဲ့ ဆောင်းဟေကို ရဲ့အလှကို ပွဲတက်ရောက်သူတွေအကုန် အံ့ဩမှင်သ က်ခဲ့ရပါတယ်။ ဒါတင်မကဘဲ အမှတ်တံဆိပ်ရဲ့ အကြီးတန်းအရာရှိတွေက လည်း ဆောင်းဟေကို ကို ချစ်ခင်နှစ်သက်တဲ့ အပြုအမူတွေ ပြသခဲ့ပါသေးတယ်။
ဒါဟာ ကိုရီးယား တီဗီဘုရင်မနဲ့ တန်ဖိုးကြီး အမှတ်တံ ဆိပ်တို့ရဲ့ ဆက်ဆံရေး ဟာလည်း လေးလေးန က်နက်ရှိတယ် ဆိုတာကို ပြသနေပါတယ်။ မကြာမီကာ လအတွင်းမှာလည်း ဆောင်းဟေ ကိုဟာ Fendi ဖက်ရှင်ပွဲကို ကမ္ဘာလုံး ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆက်လက်ပါဝင်သွားမှာဖြစ်ပါတယ်။ Credit;
Zawgyi Version