မိန်းကလေးတိုင်း စိတ်ကူးယဉ်ခဲ့ကြသလို စိတ်တိုင်းကျဖန်တီးခွင့် ရခဲ့တဲ့ သူမ ရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေကို ချပြလိုက်တဲ့ သရုပ်ဆောင် စုလင်းရှိန်
တစ်သက်မှာ တစ်ခါသာကျင်းပခွင့် ရတဲ့ သူမရဲ့မင်္ဂလာပွဲလေးကို စိတ်ကူးထဲက အတိုင်း တစ်ထပ်တည်း ကျအောင် စိတ်တိုင်းကျ ဖန်တီးကျင်းပခဲ့တဲ့ စုလင်းရှိန်
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
“မာယာလှည့်ကွက်”၊ “စေတလုံးမောင်ဘုန်း” စတဲ့ ဇာတ်လမ်းတွဲတွေထဲက သရုပ်ဆောင် စုလင်းရှိန် ကို ပရိသတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ။ စုလင်းရှိ န်ဟာ နာမည်ရစပြုနေတဲ့ အချိန်မှာပဲ နိုင်ငံရေးပြဿနာတွေကြောင့်
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
သူမဟာ လအတော်ကြာ ပရိသတ်တွေရှေ့ကနေ ပျောက်ကွယ် သွားခဲ့ပြီး”စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲပြသချိန်မှာ လူမှုကွန်ယက် စာမျက်နှာကို ပြန်လည်အသုံးပြုခဲ့တာဖြစ်ပါတယ်။
ချစ်သူရဲ့ လက်ထပ်ခွင့်ကို ရရှိခဲ့ပြီးနောက် မင်္ဂလာပွဲကျင်းပခဲ့ပြီဖြစ်တဲ့ စုလင်းရှိန်ဟာ ဒီကနေ့မှာတော့ သူမရဲ့ မင်္ဂလာပွဲက ဓာတ်ပုံတွေကို ပရိသတ်တွေ ဆီချပြလာပါတယ်။ စုလင်းရှိန်က Stitch ကာတွန်းရုပ်ကြိုက်သူပီပီ သူမရဲ့တစ်သက်မှာတစ်ခါပဲရှိတဲ့ မင်္ဂလာပွဲကို သူမကြိုက်တဲ့ Stitch ရုပ်လေးတွေနဲ့ ဖန်တီးခဲ့ပြီး သူမရဲ့စိတ်ကူးနဲ့တစ်ထပ်တည်းကျခဲ့တယ်လို့ဆိုပါတယ်။
စုလင်းရှိန် ကတော့ ကာတွန်းရုပ်ကြိုက်သူပီပီ တစ်သက်မှာ တစ်ခါကျင်းပရတဲ့ မင်္ဂလာပွဲကို သူမစိတ်ကြိုက်ဖန်တီးခွင့်ရခဲ့သလို သူမရဲ့ခင်ပွန်းကလည်း သူမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တာပဲဖြစ်ပါတယ်။ စုလင်းရှိန်ရဲ့ မင်္ဂလာပွဲကတော့ ဂုဏ်ရှိသူ ပိုက်ဆံတတ်နိုင်သူပီပီ ခမ်းနားလှပနေတာ ပရိသတ်ကြီးမျက်မြင်ပါပဲ။Source: Su Lin Shein ‘s fb
Zawgyi Version
Add a Comment
Your email address will not be published.