ငယ်စဉ်ကတည်းက လုပ်ခဲ့တဲ့ အနုပညာမှာတင် မဟုတ်ပဲ ထူးချွန်တဲ့ နောက်ထပ် အရာတစ်ခုကို ချပြလာတဲ့ သရုပ်ဆောင် အိစိကွေး
အနုပညာ အလုပ်တွေမှာ သာမက ပညာရေးဘက် မှာလည်း ထူးချွန်ထက်မြက်တဲ့ သူတစ်ယောက်ဖြစ်ကြောင်းကို ပုံရိပ်တွေနဲ့ အတူသက်သေပြလိုက်တဲ့ သရုပ်ဆောင်အိစိကွေး
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ကလေးသရုပ် ဆောင် တစ်ယောက် အဖြစ် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့သူ အိစိကွေး ကတော့ သူ့ရဲ့အနုပညာ သက်တမ်း တစ်လျှောက်မှာ ဇာတ်ကား ပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သူ တစ်ယော က်ပါ။
အိစိကွေး ကတော့ အခုဆိုရင် လူပျိုပေါက်အရွယ် ကိုရောက်ရှိနေပြီဖြစ်ပြီး သူ့ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးနေလျက် ရှိတာပဲဖြစ်ပါတယ်။ လတ်တလော ထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာလည်း ဆယ်ကျော်သက်ကျောင်းသား တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထား တာကို တွေ့ရပါတယ်။
နောက်ဆုံးရ သတင်းထူးတွေ သိဖို့ Model Channel လေးကို Join ထားစို့
ငယ်ရွယ်သူ တစ်ယောက်ပီပီ ဝါသနာပါရာ အလုပ်တွေ ကို လုပ်ကိုင်နေရသလို တစ်ဖက်မှာလည်း ကျောင်းပညာရေးနဲ့ ပတ်သက်ပြီး လစ်ဟင်းမှုမရှိစေတဲ့ အိစိကွေးဟာ ဒီကနေ့မှာတော့ သူ့ဘဝရဲ့အော င်မြင်မှုတစ်ခုကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတယ်။ အိစိကွေးက Strategy First University မှာ ပညာရပ်တစ် ခုကို ဆုံးခန်းတိုင်သင်ယူနိုင်ခဲ့ပြီး ဘွဲ့တစ်ခုလည်း ရရှိခဲ့ပြီဖြစ်ကြောင်းကို သူ့ရဲ့ဖေ့စ်ဘု တ်စာမျက်နှာမှာ အသိပေးလာ ခဲ့တာပဲဖြစ်ပါတယ်။
အိစိကွေး ကတော့ ငယ်ရွယ်သူလေး တစ်ယောက်ပီပီ သူလုပ်စရာရှိတဲ့အလုပ်တွေကို လုပ်ကိုင်သွားခဲ့ တာပဲဖြစ်ပါတယ်။ ဒါပေမယ့် အိစိကွေးက အစိုးရတက္ကသို လ်ကိုတော့ တက်ရောက်ခြင်း မရှိသေးပဲ CDM ပြုလုပ်ထားဆဲဖြစ်တာကိုတော့ တွေ့ရပါတယ်နော်။ Source: Eisi Kway ‘s fb
Zawgyi Version
Add a Comment
Your email address will not be published.