နာမည်ကြီး ဂန္တဝင်တေး တစ်ပုဒ်ကို သီဆိုရင်း ခံစားချက်တွေပြင်းထန်လာကာ မျက်ရည်များကျလာရတဲ့ အထိ ကြေကွဲနေတဲ့ မာသာထူးဝါး ရဲ့ဗီဒီယိုလေး
|ကမာ္ဘကျော် ဂန္တဝင်တေး တစ်ပုဒ်ကိုသီဆိုရင်း ခံစားချက်တွေပြင်းထန်လာကာ မျက်ရည်များကျလာရတဲ့အထိ ကြေကွဲနေတဲ့ မာသာထူးဝါးရဲ့ဗီဒီယိုလေး
အရွယ်နဲ့ မလိုက်အောင် အနုပညာပါရမီကြီးမား လွန်းသူ အဆိုတော်မလေး မာသထူးဝါး ကတော့ မြန်မာပရိသတ်တွေကြားမှာ နာမည်ကျော်သူ တစ်ယောက် ဖြစ်သလို သူမလက်ရှိနေထိုင် နေတဲ့ တောင်ကိုရီး ယားနိုင်ငံ မှာလည်း အထိုက်အလျောက်အောင်မြင်သူ တစ်ယောက်ပဲဖြစ်ပါတယ်။
အသက် (၁၅) နှစ်အရွယ်သာရှိသေးတဲ့ မာသထူးဝါးဟာ ပြီးခဲ့တဲ့လမှာလည်း သူမရဲ့မိခင်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပြီး စိတ်ထိခိုက် ဝမ်းနည်းနေတာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူကို တမ်းတစိတ်နဲ့ ဖျော်ဖြေပွဲတွေကိုလည်း ကြိုးစားပြီးဖျော်ဖြေပေးနေတဲ့ မာသထူးဝါးဟာ မနေ့က ဇွန်လ (၂၅) ရက်နေ့မှာလည်း တောင်ကိုးရီးယားရဲ့ TV charnel KBS2 မှာ ဖျော်ဖြေပေးခွင့်ရခဲ့တာပဲဖြစ်ပါတယ်။
မာသထူးဝါးဟာ အင်္ဂလန် အဆိုတော် ပေါလ်ပို့စ်နဲ့ ကမာ္ဘကျော် ဂန္တဝင်တေး“Nella Fantasia” ကို ဖျော်ဖြေသီဆိုပေးခဲ့ တာပဲဖြစ်ပါတယ်။ မာသထူးဝါးက အင်္ဂလန်အဆိုတော် ပေါလ်ပို့စ်နဲ့ ဖျော်ဖြေတင်ဆက်နေရင်း ခံစားချက်တွေပြင်းထန် လာကာ မျက်ရည်တွေကျလာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် မာသထူးဝါးနဲ့ ပေါလ်ပို့စ်နဲ့ အတူတူ သီဆိုခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။
မာသထူးဝါးကတော့ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ ဖျော်ဖြေပွဲမှာပဲ မျက်ရည်တွေ ကျလာတဲ့ အထိ ခံစားချက်အပြည့်နဲ့ သီချင်းသီဆိုတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မာသထူးဝါးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့ဖြစ်သွားမယ် ဆိုတာ အသေအချာပါပဲ။
Source: Our Princess Marthahtoowah Fans Page ‘s fb
Zawgyi Version
ကမ္ဘာကျော် ဂန္တဝင်တေး တစ်ပုဒ်ကိုသီဆိုရင်း ခံစားချက်တွေပြင်းထန်လာကာ မျက်ရည်များကျလာရတဲ့အထိ ကြေကွဲနေတဲ့ မာသာထူးဝါးရဲ့ဗီဒီယိုလေး